သင့်အရောင်းသမားတွေကို ဘယ်လိုဆု အမျိုးအစားတွေ ဖန်တီးပေးလို့ရမလဲ။
December 30, 2021 2022-02-10 15:08သင့်အရောင်းသမားတွေကို ဘယ်လိုဆု အမျိုးအစားတွေ ဖန်တီးပေးလို့ရမလဲ။

သင့်အရောင်းသမားတွေကို ဘယ်လိုဆု အမျိုးအစားတွေ ဖန်တီးပေးလို့ရမလဲ။
အရောင်းမန်နေဂျာတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ ရောင်းအားတွေ တက်လာဖို့အတွက် consumer promotion (စားသုံးသူကို ပေးတဲ့ ပရိုမိုးရှင်း) တွေ၊ trade promotion (တစ်ဆင့်ဝယ်ယူပြီး ပြန်လည်ရောင်းချတဲ့ B2B ဝယ်သူတွေကို ပေးတဲ့ ပရိုမိုးရှင်း) တွေ လုပ်ဖို့ လိုသလို salesforce promotion (ရောင်းပေးတဲ့ အရောင်သမား တွေကိုပေးတဲ့ ပရိုမိုးရှင်း) ဆိုတာကို လည်း မဖြစ်မနေ လုပ်သင့်ပါတယ်။
သင့်အရောင်းသမားတွေက စိတ်ဓာတ် တက်ကြွမှု အပြည့်နဲ့ ကြိုးစားရောင်းကြမှ သာလျှင် အောင်မြင်တဲ့ အရောင်းတွေ ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ
Motivation – effort – Performance – Reward – Motivation
သင့်အရောင်းသမားတွေ အလုပ်အပေါ်မှာ motivation ဖြစ်နေမှ အားစိုက်ထုတ်မှု (effort) ရှိလာမှာပါ။ effort ရှိမှ အရောင်းတွေပိုတိုးလာခြင်း ဆိုတဲ့ performance တွေ ကောင်းလာမယ်။ အရောင်းတွေ တက်လာတော့ ဆုပေးတာ၊ commission ရတာစတဲ့ rewards တွေရမယ်။ ဒီလို တွေရတော့ အလုပ်လုပ်ရတာ တက်တက်ကြွကြွ (motive) ဖြစ်မယ်။ စက်ဝိုင်းလို သံသရာလည်နေတာပါပဲ။ ဒါကြောင့် စီမံခန့်ခွဲနေရသူ တစ်ယောက်အနေနဲ့ သင့်တော်တဲ့ reward plan တွေ Motivation techniques တွေကို သင်လုပ်ထားရဲ့လား၊လုပ်ဖို့လိုနေပြီလား ဆန်းစစ်ဖို့လိုပါတယ်။
ဒီတော့ motivation အတွက် ဆုပေးတဲ့ စနစ်လုပ်ဖို့ စဉ်းစားပြီဆိုရင် ဘယ်လိုမျိုး title တွေ သုံးပြီး ဆုတွေ စီစဉ်ပေးလို့ရလည်း ဆိုတာကို လေ့လာကြည့်ရအောင်။ ဆုရလို့ ပျော်ရတဲ့ အပြင် title မိုက်မိုက်တွေ နဲ့ ရတော့ ပိုပြီး ရင်ခုန်ရတာပေါ့။
၁) ရောင်းအား (sales volumes) အများဆုံးရောင်းနိုင်တဲ့ သူအတွက်
– Exceptional Salesmanship (အတော်ဆုံးအရောင်းသမား)
– Best Performer (စွမ်းဆောင်ရည် အမြင့်ဆုံးအရောင်းမသား)
– Gold Sales Attainment (ရောင်းအား အမြင့်ဆုံးရောင်းနိုင်သူဆု)
– Salesperson of the year
– Star player of the year
၂) ဝယ်သူတွေ စိတ်ကျေနပ်မှုရပြီး complaint (အဆင်မပြေမှု) မရှိအောင် ဝန်ဆောင်မှု ပေးနိုင်တဲ့ အရောင်းသမားတွေ အတွက်
– Hyper Helper
– Extraordinary Service
– Above & Beyond Award
– Winner of Hearts
-The Distributor of Smiles
– Customer Service Professional of the Year
၃) အရောင်းသမားအနေနဲ့ revenue (အရောင်းရငွေ) တော့ မများပေမယ့် ဝယ်သူ ၁၀ ယောက်မှာ ၈ ယောက်ထိ အရောင်းဖြစ်အောင် ရောင်းနိုင်တဲ့ သူမျိုး (conversion rate အရမ်းကောင်းတဲ့ သူမျိုး) ဆိုရင် ဒီ title မျိုးတွေနဲ့ ပေးလို့ရပါတယ်။
– Key Contributor
– Team Player Award
– Star Player of the Department
– Enjoy The Fruit Of Your Efforts
ဒီထဲကမှ သင့်လုပ်ငန်းနဲ့ကိုက်ညီပြီးတော့ သင့်အရောင်းသမားတွေ အနှစ်သက်ဆုံးဖြစ်နိုင်မယ့် title တွေကို ရွေးချယ် သုံးလို့ရပါတယ်။
ရောင်းအားကောင်းရလဒ်ကောင်းတဲ့ ထိပ်တန်းအရောင်းသမားတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။