Blog

၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု

၀ယ်သူဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး
Customer Service

၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု

အပြိုင်အဆိုင်များတဲ့ စျေးကွက်ထဲမှာ ကိုယ့်ရဲ့ကုန်ပစ္စည်းကို ၀ယ်ချင်လာအောင်၊ ၀ယ်ပြီးရင်လည်း အမြဲတမ်း၀ယ်တဲ့ ဖောက်သည်တွေဖြစ်လာအောင် ၀ယ်သူတွေနဲ့ ရေရှည်ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။ ၀ယ်သူတွေရှိမှ ကိုယ့်ရဲ့ကုမ္ပဏီ၊ လုပ်ငန်းကလည်း ရေရှည်ရပ်တည်နိုင်မယ် မဟုတ်လား။ 

၀ယ်သူတွေနဲ့ ရေရှည်ဆက်ဆံရေးတည်ဆောက်နိုင်ဖို့အတွက်ဆိုရင် နည်းလမ်း ၄ခု တစ်နည်းအားဖြင့် ၀ယ်သူကို ချည်ရမည့်ကြိုး ၄ ချောင်း (4 relational Bonds) ရှိပါတယ်။ အဲ့ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို လေ့လာကြည့်ရအောင်။

၁။ Financial Bond

ပထမဆုံး၀ယ်သူကို ချည်ရမယ့်ကြိုးကတော့ ငွေရေးကြေးရေးအရ ချည်ရတဲ့ ငွေကြိုးလို့ပြောလို့ရတာပေါ့နော်။ 

ဖောက်သည်ဟောင်းတွေပြန်လာတဲ့အခါ လျော့စျေးပေးတာတွေ၊ ဘာ၀ယ်ရင် ဘာလက်ဆောင်ရမယ်၊ တစ်ချို့တွေဆို တံဆိပ်တုံးလေးတွေ ထုပြီး လက်ဆောင်ပြန်ပေးတာတို့၊ B2B အရ ကိုယ့်ဆီက အမြဲ၀ယ်ယူတဲ့ဖောက်သည်ကြီးတွေဆို အထူးစျေးနှုန်း ပေးတာမျိုးတို့ ဒါတွေအကုန်လုံး Financial Bond ထဲမှာပါ၀င်ပါတယ်။ ဒါပေမယ့ ဒီနည်းလမ်းကိုပဲသုံးပြီးတော့ ကျွန်မတို့တွေက ၀ယ်သူကို မြဲအောင်ချည်ထားလို့မရပါဘူး။ သူများက ကိုယ့်ထက် စျေးလျော့ပေးနိုင်ရင်၊ discount တွေချနိုင်ရင် အဲ့ဒီဘက်ကို ၀ယ်သူတွေ ပါသွားတာတွေဖြစ်တတ်ပါတယ်။ 

စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက် ၀ယ်သူတွေအကျိုးကျေးဇူးတွေရရှိနိုင်ပြီး ကိုယ့်ဆီက၀ယ်ရင် သက်သာတယ်ဆိုတာမျိုးတွေ ရှိသင့်တဲ့အတွက်ကြောင့် ဒီနည်းလမ်းက လိုတော့လိုအပ်တယ်၊ ဒါပေမယ့် ဒါကိုချည်းပဲ အားကိုးပြီး ရောင်းလို့မရဘူးဆိုတာလည်း နားလည်ထားသင့်ပါတယ်။

၂။ Social Bond

Social Bond ကတော့ လူမှုပတ်ဝန်းကျင်မှာ ပတ်သက်ဆက်နွယ်မှုလေးတွေ လုပ်ပြီး ခင်မင်ရင်းနှီးမှုအရ ချည်တဲ့ကြိုးပဲဖြစ်ပါတယ်။ ၀ယ်သူတွေနဲ့ အမြဲတမ်း စဥ်ဆက်မပြတ် ခင်မင်ရင်းနှီးမှုတွေ၊ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ဖို့အတွက်ကို ပုဂ္ဂိုလ်ရေးအရ ၀ယ်သူတွေကို အမြဲတမ်းဆက်သွယ်တယ်၊ တွေ့တယ်၊ ဖုန်းတွေခေါ်တယ်၊ ကိုယ့်ဆီကိုအလည်ခေါ်တယ်၊ ပွဲလေးတွေစီစဥ်တာတွေ၊ social media မှာဆိုရင် အထူးသဖြင့် Facebook မှာဆို Group လေးတွေဖွဲ့ထားတာမျိုးတွေ အစသဖြင့် နည်းအမျိုးမျိုးနဲ့ ၀ယ်သူနဲ့  အဆက်အသွယ်မပြတ်အောင် ဖန်တီးတာတွေက Social Bond ထဲမှာပါ၀င်ပါတယ်။ ဒီနေရာမှာ ကျွန်မတို့တွေက ရောင်းဖို့အတွက်လုပ်တာမဟုတ်ပဲ ကိုယ့် brand ကို ၀ယ်သူတွေနဲ့ ရင်းနှီးမှုတွေရရှိစေဖို့ နဲ့ အမြဲချိတ်ဆက်နေဖို့ အတွက် ဖြစ်ပါတယ်။ 

၃။ Customization Bond

Customization Bond ကတော့ ၀ယ်သူတစ်ယောက်ချင်း အကြိုက်ကို စိတ်ကြိုက်လုပ်ပေးတဲ့ သဘောဖြစ်ပါတယ်။ ဥပမာ − ခရီးသွားလုပ်ငန်းတွေမှာဆိုရင် ဒီ Customization Bond နဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်လေ့ရှိကြပါတယ်။ ကိုယ့်ဧည့်သည်ရဲ့ သွားချင်တာ ဘယ်လိုနေရာမျိုးလဲ၊ ဘယ်လို activities မျိုးတွေကို စိတ်၀င်စားတာလဲ၊ ဘက်ဂျက်အနေနဲ့ရော ဘယ်လောက်သတ်မှတ်ထားတာလဲ အစရှိတာတွေကို သိအောင်လုပ်ပြီး ကိုယ့် customer နဲ့ အကိုက်ညီဆုံးဖြစ်မယ့် သီးသန့်ခရီးစဥ်ကို စီစဥ်ပေးတာမျိုးတွေက Customization ပဲဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့ လုပ်ငန်းအပေါ်မှာမူတည်ပြီး ၀ယ်သူတွေ တစ်ဦးတစ်ယောက်ချင်းစီ စိတ်ကြိုက်ကို ဘယ်လိုလုပ်ပေးလို့ရလဲဆိုတာကို စဥ်းစားရွေးချယ်ပြီး ၀ယ်သူတွေနဲ့ ပိုပြီးခိုင်မာတဲ့ ရေရှည်ဆက်ဆံရေးကို တည်ဆောက်လို့ရပါတယ်။

၄။ Structural Bond

Bond တွေထဲမှာ အခိုင်မာဆုံးဖြစ်တဲ့ ဒီ Structural Bond သဘောတရားကတော့ B2B စျေးကွက်တွေမှာ အဓိကထားပြီးစဥ်းစားလေ့ရှိကြပါတယ်။ လုပ်ငန်းအချင်းချင်း အတူတကွ ရင်းနှီးမြှပ်နှံမှုတွေလုပ်ကြတာမျိုးတွေ ဖြစ်ပါတယ်။  ဥပမာ − Toyota Car Company က မြန်မာနိုင်ငံမှာ လာပြီးစက်ရုံတည်ထောင်တဲ့အခါ သူ့နဲ့ စပ်တူလုပ်တဲ့ Supplier တွေကိုပါ တစ်ခါတည်းခေါ်လာတယ်။ အကုန်လုံးပေါင်းပြီး မြေတွေ၀ယ်တယ်။ စက်ရုံတွေဆောက်ကြတယ်။ ပိုင်ရှင်တွေမတူပေမယ့် အလုပ်အတူတူလုပ်ကြတယ်၊ အတူတူရင်းနှီးမြှပ်နှံကြတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် နှစ်ဖက်စလုံး ကုန်ကျစရိတ်တွေလည်း သက်သာသွားပြီး ဒီလုပ်ငန်းကနေလည်း ထွက်ဖို့ခက်သွားမယ်။ ဒါက Structural Bond သဘောပဲဖြစ်ပါတယ်။ 

ဒီ ဘလော့လေးကို ဖတ်ရှုခြင်းအားဖြင့် ၀ယ်သူတွေကို စဥ်ဆက်မပြတ် ကိုယ့်လုပ်ငန်းနဲ့ အဆက်အသွယ်ရှိစေနိုင်အောင် ထိန်းသိမ်းထားနိုင်ဖို့ ဘယ် Bond အမျိုးအစားတွေနဲ့ ဦးစားပေးပြီး ၀ယ်သူတွေကို ချည်နှောင်နိုင်မလဲ၊ ဘယ်လိုနည်းလမ်းလေးတွေသုံးမလဲဆိုတဲ့ အကြံဉာဏ်လေးတွေရသွားမယ်လို့ မျှော်လင့်ပါတယ်။ 

ပိုကောင်းတဲ့ ၀န်ဆောင်မှုနဲ့ ယှဥ်ပြိုင်နိုင်ဖို့ဆိုရင် Better Version က Better Customer Services သင်တန်းမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ အသေးစိတ်အတွက် “BCS” လို့ မက်ဆေ့ပို့ပြီးစုံစမ်းနိုင်ပါတယ်။ 

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

#သင်ထင်ထားတာထက်ပိုပါတယ်#တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ#MakeYourProgress

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ