မားကက်တင်း၊အရောင်းပိုင်းတွဲဆက် ပြီး လုပ်ကိုင်နိုင်ဖို့အတွက် လုပ်ငန်းရှင်တွေ၊ အရောင်းမန်နေဂျာတွေသိထားသင့်တဲ့ Pull Vs Push Strategy
April 22, 2022 2022-05-18 15:06မားကက်တင်း၊အရောင်းပိုင်းတွဲဆက် ပြီး လုပ်ကိုင်နိုင်ဖို့အတွက် လုပ်ငန်းရှင်တွေ၊ အရောင်းမန်နေဂျာတွေသိထားသင့်တဲ့ Pull Vs Push Strategy

မားကက်တင်း၊အရောင်းပိုင်းတွဲဆက် ပြီး လုပ်ကိုင်နိုင်ဖို့အတွက် လုပ်ငန်းရှင်တွေ၊ အရောင်းမန်နေဂျာတွေသိထားသင့်တဲ့ Pull Vs Push Strategy
Sales Program တစ်ခုမှာ စျေးနှုန်းသတ်မှတ်တဲ့ဗျူဟာတွေ၊ ကိုယ့်ကုန်ပစ္စည်းကိုလူတွေသိအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ ပရိုမိုးရှင်း နည်းဗျူဟာတွေစဥ်းစားပြီးရင် ဒီ ပရိုမိုးရှင်းနဲ့ Distribution Channel မှာချိတ်ဆက်စဥ်းစားလို့ရမယ့် နည်းဗျူဟာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Pull and Push Strategy သဘောတရားပဲဖြစ်ပါတယ်။
Push Strategy ဆိုတာကတော့ Channel member တွေ၊ reseller တွေကို ပစ်မှတ်ထားပြီး သူတို့တွေ ကိုယ့်ကုန်ပစ္စည်းကိုတင်ချင်အောင်၊ များများရောင်းအောင်တွန်းအားပေးတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဥပမာ − ကျွန်မတို့ရဲ့ကုန်ပစ္စည်းအသစ်တစ်ခုကို စူပါမားကတ်မှာဖြစ်ဖြစ်၊ retail ဆိုင်လေးတွေမှာပဲဖြစ်ဖြစ် တင်ဖို့အတွက်ပြောတဲ့အခါမှာ ကိုယ့်ကုန်ပစ္စည်းကိုရောင်းပေးမယ်ဆိုရင် သူဘယ်လောက်အကျိုးမြတ်ရမလဲ ဆိုတာမျိုး မက်လုံး (incentives) အနေနဲ့ ပေးပြီး ရောင်းချင်လာအောင် လှုံဆော်ပေးထားမှသာလျှင် အချိန်ပေးပြီး ရောင်းမှာဖြစ်ပါတယ်။ ပြန်ရောင်းတဲ့လူတွေကြားထဲမှာ ဘယ်နှခု၀ယ်ရင် ဘယ်နှခုအခမဲ့ရတာမျိုးတွေ၊ သတ်မှတ်ထားတဲ့ရောင်းအားပြည့်လို့ နိုင်ငံခြားခရီးစဥ်စီစဥ်ပေးတာမျိုးတွေ အစသဖြင့် motivation ပေးတဲ့နည်းလမ်းတွေက ဒီ Push Strategy ထဲမှာပါ၀င်ပါတယ်။
Pull Strategy ဆိုတာကတော့ ကျွန်မတို့ရဲ့ တကယ့်ပစ်မှတ်ထားတဲ့ ၀ယ်သူဖောက်သည်တွေ၊ ကိုယ့်ကုန်ပစ္စည်းကို အမှန်တကယ်စားသုံးသူ(end user) တွေကို စိတ်၀င်စားလာအောင် ကြော်ငြာပေးခြင်းဖြစ်ပါတယ်။ ဥပမာ− TVမှာကြော်ငြာတာတွေ၊ Billboard မှာကြော်ငြာတာတွေ၊ end user ကံစမ်းမဲတွေထည့်ပေးတာတွေ စသဖြင့ ၀ယ်ယူစားသုံးသူတွေ စိတ်၀င်စားလာအောင်၊ ဆိုင်တွေမှာသွားမေးလာအောင် ဆွဲဆောင်ခြင်းကို Pull Strategy လို့ခေါ်ပါတယ်။
ကျွန်မတို့ရဲ့ကုန်ပစ္စည်းရှိကြောင်းကို ၀ယ်သူကမသိလို့မရောင်းရရင် ဆိုင်တွေကလည်း ကိုယ့်ကုန်ပစ္စည်းကိုတင်ချင်မှာမဟုတ်ဘူး။ တစ်ဖက်က Pull Strategy သုံးပြီး ၀ယ်သူတွေကို ဖိပြီးကြော်ငြာပရိုမိုးရှင်းတွေလုပ်နေပေမယ့် Channel member တွေကို Push Strategy မလုပ်ထားလို့ ကိုယ့်ကုန်ပစ္စည်းကို မတင်ပေးထားဘူး၊ မရောင်းပေးဘူးဆိုရင် ကျွန်မတို့တစ်ဖက်မှာလုပ်ထားတဲ့ ပရိုမိုးရှင်းသည်လည်း အလကားဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီ Pull and Push Strategy ကိုပေါင်းစပ်ပြီး တစ်လှည့်ဆီမျှမျှတတ သုံးပေးသင့်ပါတယ်။
ဒါဆိုဒီနည်းလမ်းကို ဘယ်လိုဟန်ချက်ညီညီအသုံးပြုကြမလဲ။
ကျွန်မတို့ကုန်ပစ္စည်းအသစ်တစ်ခု စျေးကွက်ထဲမှာစပြီးရောင်းချတော့မယ်ဆိုရင် အရင်ဆုံးကျွန်မတို့တွေက ကိုယ့်ကုန်ပစ္စည်းကိုတင်ရောင်းပေးမယ့် channel member တွေ၊ ကိုယ်စားလှယ်တွေ၊ လက်ကား၀ယ်ယူတဲ့သူတွေကို ကိုယ့်ကုန်ပစ္စည်းအပေါ်မှာ စိတ်၀င်စားမှုနဲ့ ယုံကြည်မှုရအောင် Push Strategy နဲ့ အရင်စသင့်ပါတယ်။ ဒီ Channel member တွေက ကိုယ့်ကုန်ပစ္စည်းအပေါ်မှာ ယုံကြည်မှုရှိပြီး အော်ဒါတွေစတင်မယ်၊ တင်ထားတဲ့အော်ဒါတွေကို အချိန်မှီလိုက်ပို့မယ် အစရှိတာတွေလုပ်ပြီးရင် Pull Strategy ကိုစဥ်းစားသင့်ပါတယ်။ ကိုယ့်ကုန်ပစ္စည်းက channel member တွေလက်ထဲရောက်နေတဲ့အချိန်မှာ တကယ့်၀ယ်ယူစားသုံးသူတွေကို ဆွဲဆောင်ဖို့အတွက် ကြော်ငြာတွေ စပြီး runသင့်ပါတယ်။ အဲ့ဒီအခါမှာ ၀ယ်သူတွေက ကြော်ငြာကိုတွေ့ပြီး စိတ်၀င်စားလာလို့ ဆိုင်တွေမှာ သွားမေးမယ်၊ ၀ယ်ဖြစ်သွားတယ်ဆိုရင် ဆိုင်ရှင်အနေနဲ့လည်း ကိုယ့်ကုန်ပစ္စည်းအပေါ်ယုံကြည်မှုတွေပိုရှိလာပြီး ထပ်ကာ ထပ်ကာ၀ယ်ယူမှာ ဖြစ်ပါတယ်။
အရောင်းပါးသွားရင်၊ အော်ဒါတက်တာတွေနည်းသွားရင် push strategy လေးကိုသုံးလိုက်၊ ပြီးရင် ၀ယ်လိုအားတက်ဖို့အတွက် pull strategy လေးကိုပြန်သုံးလိုက်နဲ့ ဒီနည်းလမ်းနှစ်ခုကို ဟန်ချက်ညီညီအသုံးပြုမယ်ဆိုရင် အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို ဖြစ်လာနိုင်ပြီး ရောင်းအားကိုထိန်းထားနိုင်မှာဖြစ်ပါတယ်။
မှန်ကန်ထိရောက်တဲ့ အရောင်းဗျူဟာနဲ့ ချမှတ်နိုင်ဖို့ အသေးစိတ်လေ့လာချင်ရင် Better Version ရဲ့ Better Sales Strategist အတန်းရှိပါတယ်။ သင်တန်းအသေးစိတ်ကို BSS လို့ မက်ဆေ့ပို့ပြီး စုံစမ်းနိုင်ပါတယ်။
—
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
—
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။