Blog

အရောင်းမြှင့်တင်ရေးစျေးနှုန်းဗျူဟာ (Promotional Pricing) ရဲ့ အားသာချက် နှင့် အားနည်းချက်များ။

အရောင်းမြင့်တင်ရေးစျေးနှုန်းဗျုဟာ
Business / Sales

အရောင်းမြှင့်တင်ရေးစျေးနှုန်းဗျူဟာ (Promotional Pricing) ရဲ့ အားသာချက် နှင့် အားနည်းချက်များ။

အရောင်းမြှင့်တင်ရေးစျေးနှုန်းဗျူဟာဆိုတာ သင့်ရဲ့ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများအတွက် ၀ယ်လိုအားတွေ အမြန်တိုးလာအောင် ဖန်တီးဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ 

နည်းလမ်းအများစုကတော့ ဒီပရိုမိုးရှင်းစျေးနှုန်းတွေကို အချိန်တစ်ခုကန့်သတ်ချက်ထားပြီး အရေးတကြီး (urgency) ဖြစ်တယ်ဆိုတဲ့ ခံစားချက်ကိုဖန်တီးခြင်းအားဖြင့် ၀ယ်သူတွေအနေနဲ့ “ငါအချိန်မှီ မ၀ယ်ရင်တော့ ဒီအခွင့်အရေးဆုံးရှုံးသွားမယ်”ဆိုတဲ့ခံစားချက်ကို ၀ယ်သူတွေကိုဖြစ်ပေါ်စေပါတယ်။ 

၀ယ်သူ၊ ဖောက်သည်တွေရဲ့ စိတ်၀င်စားမှုတွေကို ပြန်ပြီး လှုံ့ဆော်နိုင်ဖို့၊ ၀ယ်လိုအားတွေ အချိန်တိုအတွင်း အမြန်တက်လာနိုင်ဖို့ဆိုရင်တော့ ဒီ အရောင်းမြှင့်တင်ရေးစျေးနှုန်းဗျူဟာ နည်းလမ်းကိုသုံးဖို့ကတော့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ 

ဒီနည်းလမ်းသုံးလို့ အလုပ်မဖြစ်ရင်တော့ ရှုံးနိုင်မယ်၊ အလုပ်ဖြစ်ရင်လည်း ကိုယ့်ရဲ့ ပြိုင်ဘက်တွေက ဒီနည်းလမ်းတွေအတိုင်း လိုက်လုပ်လာနိုင်တယ်။ နောက်တစ်ခုကတော့ ဒီနည်းလမ်းက အချိန်တိုတွင်း ရောင်းအားတက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဆိုပေမယ့် နည်းလမ်းကျကျ အသုံးမပြုနိုင်ရင်တော့  သင့်လုပ်ငန်းကို ပိုပြီးဆိုးကျိုးတွေဖြစ်လာနိုင်စေပါတယ်။ 

ဒါကြောင့် ပရိုမိုးရှင်းစျေးနှုန်းနဲ့ရောင်းချခြင်းက ထိရောက်တယ်ဆိုတာ မှန်ပါတယ် — သို့သော် အားသာချက် အားနည်းချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ 

ပရိုမိုးရှင်းစျေးနှုန်းသတ်မှတ်ခြင်းရဲ့ အားသာချက်တွေက ဘာတွေရှိမလဲ။ 

ပရိုမိုးရှင်းစျေးနှုန်းနဲ့ရောင်းချ ခြင်းက လုပ်ငန်းတိုင်းအတွက် သင့်လျော်ပေမယ့် အပေါ်မှာ ပြောခဲ့သလိုပဲ အလွန်အကျွံသုံးတဲ့အခါ သင့်လုပ်ငန်းကို ပိုပြီးထိခိုက်ဆုံရှုံးမှုတွေ ဖြစ်လာစေပါတယ်။ ပရိုမိုးရှင်းရောင်းချသည့်ကာလများကို မကြာခဏလုပ်ဆောင်နေမယ်ဆိုရင် သင့်အမှတ်တံဆိပ်၏ပုံရိပ်ကို ထိခိုက်စေပြီး သင့်ထုတ်ကုန်တန်ဖိုးကို လျှော့ကျစေနိုင်ပါတယ်။ 

သို့သော် ယေဘုယျအားဖြင့်၊ ပရိုမိုးရှင်းရောင်းချသည့်ကာလကို စတင်သည့်အခါ ထည့်သွင်းစဉ်းစားရမည့် အားသာချက်အနည်းငယ်ရှိပါတယ်။ 

၁။ ၀ယ်သူအသစ်တွေတိုးလာစေတယ်။ 

၀ယ်သူတွေရဲ့  ၆၂% လောက်က သူတို့ အားလပ်တဲ့အချိန်တွေမှာ စတိုးဆိုင်အသစ် ဒါမှမဟုတ် မမှာဖူးတဲ့ online shopping တွေမှာ စျေးနှုန်းကအဆင်ပြေတယ် ဒီကုန်ပစ္စည်းအတွက် ဒီစျေးနှုန်းကိုပေးချင်စိတ်ရှိတယ် ဆိုရင် စမ်း၀ယ်ကြည့်ကြတယ်’။ ၄၄%ကတော့ ကူပွန်တွေ သို့မဟုတ် လျှော့စျေး​တွေကြောင့် စတိုးဆိုင်အသစ်ကနေ စမ်း၀ယ်ကြည့်ကြတယ်။ 

ပရိုမိုးရှင်းစျေးနှုန်း၏ အကြီးမားဆုံး အားသာချက်တစ်ခုကတော့ သင့်လုပ်ငန်းသို့ ဖောက်သည်အသစ်များကို ဆွဲဆောင်နိုင်စေခြင်းဖြစ်ပါတယ်။ ဖောက်သည်အသစ်များ အမြန်ရလိုပါက ပရိုမိုးရှင်းရောင်းချခြင်းသည် အကောင်းဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်

၂။ ၀ယ်သူအသစ်တွေမကဘူး လက်ရှိ၀ယ်သူဖောက်သည်တွေကိုလည်း ပိုမို၀ယ်ယူစေပါတယ်။

ပရိုမိုးရှင်းစျေးနှုန်းက သင့်အား ဖောက်သည်အသစ်များကို ဆွဲဆောင်စေရုံသာမက သင့်လက်ရှိရောင်းချသူများကိုလည်း ပိုမိုရောင်းချရန် ကူညီပေးသည်။ 

နောက်တစ်ခုက ကိုယ့်ဆီက ၀ယ်နေကျဖောက်သည်တွေကို ထုတ်ကုန်အသစ်တွေကို စမ်းသုံးကြည့်အတွက်လည်း ပရိုမိုးရှင်းကာလသတ်မှတ်ပြီး  ရောင်းနိုင်ပါတယ်။ နောက်ပိုင်း စမ်းသုံးကြည့်လို့ သဘောကျတယ်ဆိုရင် ၀ယ်သူတွေက နောက်ပိုင်းမှာ ပုံမှန်စျေးနှုန်းနဲ့ ပြန်လည်၀ယ်ယူနိုင်ချေရှိပါတယ်။ 

၃။ ထုတ်ကုန်အသစ်ကို ထုတ်တဲ့အခါ ပရိုမိုးရှင်းကာလသတ်မှတ်ခြင်းအား အရောင်းမြှင့်တင်နိုင်ပါတယ်။ 

ဥပမာ− သင်က ထုတ်ကုန်အသစ်တစ်ခုကို စတင်ထုတ်လုပ်လိုက်တယ် စျေးကွက်ထဲစဖြန့်တော့မယ်ဆိုရင် ဒီပစ္စည်းကို လူတွေပိုသိလာအောင် စမ်းသုံးလာအောင် ပရိုမိုးရှင်းကာလသတ်မှတ်ခြင်းပြီး  အရောင်းမြှင့်တင်နိုင်ပါတယ်။ 

ပရိုမိုးရှင်းစျေးနှုန်းတွင် အားသာချက်များစွာရှိသော်လည်း သင်၏နောက်ထပ် ပရိုမိုးရှင်းရောင်းချသည့်ကာလကို စီစဉ်သည့်အခါ ထည့်သွင်းစဉ်းစားသင့်သည့် အားနည်းချက်အချို့လည်း ရှိပါသည်။

၁။ ၀ယ်သူအသစ်တွေကို မထိန်းထားနိုင်ပါဘူး။

၀ယ်သူတွေရဲ့ ခေါင်းထဲမှာ သူ့တို့သတ်မှတ်ထားတဲ့စျေးတွေရှိနိုင်တယ်။ ဥပမာ− ဒီပစ္စည်းကတော့ ဘယ်လောက်ဆိုတန်တယ်။ အရင်ကတော့ သူတို့ဘယ်လောက်နဲ့ပေး၀ယ်ထားတာ။ သင့်ပစ္စည်းနဲ့ အလားတူ ပြိုင်ဘက်တွေမှာတော့ ဘယ်လောက်ပဲပေးရတာ၊ အရင်စျေးလျော့ထားတုန်းက ဘယ်လောက် အစရှိတဲ့စျေးနှုန်းတွေနဲ့ ယှဥ်ပြီး ခေါင်းထဲမှာ သူတို့ပေးချင်တဲ့စျေးနှုန်းကို သတ်မှတ်ထားပြီးသား ဖြစ်နိုင်ပါတယ်။ 

အချို့သော စားသုံးသူလေ့လာချက်များအရ၊ သင်က သင့်ထုတ်ကုန်အပေါ် လျှော့စျေးကို မကြာခဏအသုံးပြုတဲ့အခါ၊ ဤလျှော့စျေးရောင်းစျေးက ၀ယ်သူရဲ့ သတ်မှတ်ထားတဲ့ မျော်လင့်ထားတဲ့စျေးနှုန်းဖြစ်သွားနိုင်တယ်။  တကယ်လို့ လျော့စျေးတွေမရှိတော့တဲ့အခါ ပုံမှန်စျေးနှုန်းနဲ့မ၀ယ်ချင်တော့ဘဲ သူတို့ခေါင်းထဲမှာ ဒီပစ္စည်းက စျေးများတယ်။ ဘယ်နှထောင် ဘယ်နှသောင်းလောက်ပဲရှိသင့်တယ်လို့ ပြောင်းလဲပြီးတွေးနိုင်ပါတယ်။ 

ဒါကြောင့် သတိထားပါ။ သင် အလွန်အကျွံ လျှော့စျေး သို့မဟုတ် မကြာခဏ လျှော့ပေးသောအခါ၊ စျေးနှုန်းအသစ်က မျှော်မှန်းချက်တစ်ခုလိုဖြစ်လာပြီး အရင်က ပျော်ပျော်ရွှင်ရွှင်နဲ့ ၀ယ်နေကျဖောက်သည်တွေကိုပါ လျော့နည်းသွားစေပါတယ်။ 

 

၂။ ကုန်ပစ္စည်းအပေါ် ၀ယ်သူတွေရဲ့ ယုံကြည်မှုတွေ လျော့နည်းစေနိုင်ပါတယ်။ 

ပရိုမိုးရှင်းစျေးနှုန်းသတ်မှတ်ပြီး စျေးလျော့ရောင်းတဲ့အခါ သင့်ထုတ်ကုန်နှင့် အမှတ်တံဆိပ်ကို ၀ယ်သူတွေရဲ့ အမြင်၊ လက်ခံယုံကြည်မှုအပေါ်မှာ အပျက်သဘောဆောင်သော သက်ရောက်မှုများ ရှိနိုင်သည်။ လူတွေက စျေးသက်သာရင် အရည်အသွေးမကောင်းဘူးလို့ ထင်တတ်ကြတယ်။ စျေးမြင့်ရင် အရည်အသွေးမြင့်တယ် ထင်တတ်ကြတယ်။  ဥပမာ− တစ်ထောင်တန် ထမင်းကြော်နဲ့ တစ်သောင်းတန်ထမင်းကြော် ကိုမြင်ကြည့်ကြည့်ပါ။ တစ်ထောင်တန်ဆိုရင် ဘာမှသိပ်မမြင်ဘူး။ တစ်သောင်းတန်ဆို ပင်လယ်စာတွေမြင်မယ်၊ အသီးအရွက်တွေစုံစုံလင်လင်နဲ့ ထည့်တဲ့ပန်းကန်ကအစကွာမယ် အစသဖြင့် မြင်မယ်ပေါ။ ဒါကြောင့် လူတွေရဲ့မျှော်လင့်ချက်တွေက စျေးနှုန်းကြောင့်လည်းဖြစ်တယ်။ ဒါကြောင့် ၀ယ်သူတွေက အခြားသူတွေထက် မကြာခဏ ပရိုမိုးရှင်းလုပ်တဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်က အရည်အသွေးပိုညံတယ်လို့ ယုံကြည်နိုင်ခြေပိုများပြီး ပရိုမိုးရှင်းပေးတာနည်းတဲ့ကုန်ပစ္စည်း အမှတ်တံဆိပ်ကိုတော့ အရည်အသွေးပိုကောင်းတယ်လို့ ယူဆကြတယ်။

ဒါတွေကတော့  အရောင်းမြှင့်တင်ရေးစျေးနှုန်းဗျူဟာရဲ့ အားသာချက် နဲ့ အားနည်းချက်တွေကို မြင်သာအောင်ပြောပြပေးထားတဲ့အတွက် သင်လည်း သင့်လုပ်ငန်းအတွက် ဒီနည်းလမ်းသုံးရင် သင့်တော် မတော် ချိန်ဆပြီး မှန်ကန်တဲ့နည်းဗျူဟာတွေ ချမှတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ယှဥ်ပြိုင်နိုင်စွမ်းရှိတဲ့ စျေးနှုန်းတွေဘယ်လိုသတ်မှတ်မလဲဆိုတာ အသေးစိတ်လေ့လာချင်တယ်ဆိုရင် Better Version ရဲ့ လက်တွေ့အသုံးချမားကတ်တင်းသင်တန်း – Practical Marketing Strategies ရှိပါတယ်။ သင်တန်းအသေးစိတ်အတွက် PMS လို့ မက်ဆေ့ပို့ပြီး စုံစမ်းနိုင်ပါတယ်။ 

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

#သင်ထင်ထားတာထက်ပိုပါတယ် #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ #MakeYourProgress

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ