Blog

သင်ရောင်းတဲ့ ကုန်ပစ္စည်းကို လူများများသိလာအောင် ဘယ်လိုလုပ်မလဲ

သင်ရောင်းတဲ့ ကုန်ပစ္စည်းကို လူများများသိလာအောင် ဘယ်လိုလုပ်မလဲ_Website Blog
Business / Customer Service / Sales

သင်ရောင်းတဲ့ ကုန်ပစ္စည်းကို လူများများသိလာအောင် ဘယ်လိုလုပ်မလဲ

သင်ရောင်းတဲ့ ကုန်ပစ္စည်းကို လူများများသိလာအောင် ဘယ်လိုလုပ်မလဲ

လုပ်ငန်းအတွက် strategy စဉ်းစားတဲ့အခါ ဘာရောင်းမှာလဲဆိုတဲ့ product, ဘယ်ဈေးနဲ့ရောင်းမှာလဲဆိုတဲ့ price, ဘယ်လို ဖြန့်မှာလဲ place, ဆိုတာတွေကိုစဉ်းစား ပြီးတဲ့အခါ နောက်တစ်ဆင့် အနေနဲ့ ဘယ်လို နေရာတွေကနေ သင့်ကုန်ပစ္စည်း ကို လူများများသိလာအောင် လုပ်မှာလဲ ဆိုတဲ့ promotion plan ဆိုတာကလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစား ရမယ့် အချက်တစ်ခုပါပဲ။

ဒီတော့ သင်ရောင်းတဲ့ ကုန်ပစ္စည်းကို လူများများသိအောင် လုပ်ဖို့ Promotion Plan မှာ ထည့်သွင်းစဉ်းစားလို့ရမယ့် Promotion Tools တွေ အကြောင်းကို မျှဝေပေးသွားချင်ပါတယ်။ 

၁) Advertising (ကြော်ငြာများ)

သင့်ကုန်ပစ္စည်းအကြောင်း၊ ဝန်ဆောင်မှု အကြောင်းကို ကြော်ငြာတွေကနေ တစ်ဆင့် လူများများ သိအောင်လုပ်တာပါ။ TV channel တွေ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ပိုစတာတွေ၊ business directories ထဲမှာ ထည့်တာတွေ (ဥပမာ_ရန်ကုန်လမ်းညွှန်၊ မန္တလေး လမ်းညွှန်လိုမျိုး ထဲမှာ ထည့်ပြီး ကြော်ငြာတာ)၊  Billboard ထောင်တာ၊ လက်ကမ်းစာစောင် စတာတွေ ကနေတစ်ဆင့်လည်း လူများများသိအောင် ကြော်ငြာလို့ ရပါတယ်။ 

၂) Sales Promotions (အရောင်းမြှင့်တင်ရေး အစီအစဉ်များ)

Sales Promotions မှာ ၃ မျိုးစဉ်းစားလို့ရပါတယ်။ ဝယ်ယူသုံးစွဲမယ့် ဝယ်သူကိုပေးမယ့် ပရိုမိုးရှင်း၊ (ဥပမာ_တစ်ခုဝယ် တစ်ခုလက်ဆောင်၊ လျှော့ဈေးကူပွန်၊ နောက်တစ်ခါထပ်၀ယ်တဲ့ အခါ ဘယ်လောက် % free ရမယ်ဆိုတာမျိုး)၊ တင်ရောင်းပေးချင်အောင် ကြားထဲက Agent, distributor, စတဲ့ တစ်ဆင့်ခံဖြန့်‌ဝေသူတွေ B2B customer တွေကိုပေးတဲ့ ပရိုမိုးရှင်း၊ သင့်လုပ်ငန်းထဲက ရောင်းပေးတဲ့ အရောင်းဝန်ထမ်းတွေကို များများ ရောင်းပေးကြစေဖို့ အတွက် ပေးတဲ့ ပရိုမိုးရှင်း ဆိုပြီး ဖြစ်ပါတယ်။ ဒီလိုမျိုး ပရိုမိုးရှင်း အစီအစဉ်တွေ ဖန်တီး ပြီးတော့လည်း များများ သိလာအောင်၊ အရောင်းရအောင် ဖန်တီးနိုင်ပါတယ်။ 

၃) Direct Marketing (တိုက်ရိုက်ဆက်သွယ်ရောင်းချခြင်း) 

ဝယ်သူ တစ်ဦးချင်းစီ ဒါမှမဟုတ်လည်း တကယ်တင်ရောင်းပေးမယ့်၊ ဖြန့်ဖြူးပေးမယ့် Agent, Distributor, Wholesalers တွေကို ရည်ရွယ် ပစ်မှတ်ထားပြီး ကြော်ငြာတဲ့ နည်းလမ်းဖြစ်တယ်။ TV ကြော်ငြာတွေ၊ သတင်းစာ၊ မဂ္ဂဇင်းတွေကနေ တစ်ဆင့်လူများများသိအောင် လုပ်နေတာမျိုး မဟုတ်ဘဲ အလားအလာရှိတဲ့၊ သင့်ကုန်ပစ္စည်းကို စိတ်ဝင်စားလောက်တဲ့ ဝယ်သူတွေ၊ Agent တွေကို ရွေးချယ်ဆက်သွယ်ပြီး ကုန်ပစ္စည်း အကြောင်း၊ ဝန်ဆောင်မှု အကြောင်း တိုက်ရိုက် ဖုန်းခေါ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ အီးမေးလ် ပို့ပြီးတော့ပဲ ဖြစ်ဖြစ်၊ အိမ်တိုင်ရာရောက်၊ Agent or Distributors တွေဆိုလည်း ရုံးကိုတိုက်ရိုက် catalogue ပို့်ပြီးတော့ပဲ ဖြစ်ဖြစ် ကြော်ငြာတာ၊ ရောင်းတာမျိုး ဖြစ်ပါတယ်။ 

ဥပမာ_ သင်က luxury နာရီလိုမျိုးရောင်းတာဆိုရင် ဝယ်သူရဲ့ အီးမေးလ် ရအောင် လုပ်ထားပြီးတော့ အသစ်ထွက်တဲ့အခါ  ၆ လောက်တစ်ခါ၊ ဒါမှမဟုတ် တစ်နှစ်တစ်ခါလောက် catalogue ပို့ပေးတာမျိုး လုပ်လို့ရပါတယ်။ 

၄) Digital Marketing (Social Media, Email, SEO စတဲ့ digital tools များ အသုံးပြုပြီး ကြော်ငြာခြင်း) 

တိုးတက်လာတဲ့ နည်းပညာနဲ့ digital platform တွေကို သုံးပြီး ကြော်ငြာတာ ဖြစ်ပါတယ်။ အင်တာနက်က ကျွန်တော်တို့ နေ့စဉ် ဘဝတွေရဲ့ အစိတ်အပိုင်း တစ်ခု သဘောမျိုး ဖြစ်လာတဲ့အခါ  သင့်ကုန်ပစ္စည်းကို လူများများသိလာစေဖို့၊ အရောင်းတွေရဖို့ ဒီနည်းကလည်း မဖြစ်မနေ စဉ်းစားရမယ့် အချက်တစ်ခု ဖြစ်လာပါတယ်။ Digital Marketing ထဲမှာဆိုရင် Social Media Marketing (facebook, linkedin, twitter, instagram စတာတွေကနေတစ်ဆင့်ကြော်ငြာတာ)၊ Search Engine Marketing (Google, Bing, Yahoo စတာတွေ ကနေတစ်ဆင့်ကြော်ငြာတာ၊ ဆိုလိုတာက အဲ့ဒီ website တွေမှာ ဝယ်သူတစ်ခုခုရှာရင် ကိုယ့် website ကိုတက်လာအောင်လုပ်တာမျိုး ဖြစ်ပါတယ်)၊ Message Marketing (viber တို့ဘာတို့မှာ ဝယ်သူကို မက်ဆေ့ပို့ပြီး သင့်ကုန်ပစ္စည်းကို ကြော်ငြာတာ) တွေကို အဓိက သုံးလို့ရပါတယ်။   

၅) Public Relation and sponsorship

ဒီအချက်ကတော့ လက်ငင်း အရောင်းရဖို့ထက် သင့်ကုန်ပစ္စည်းကို ပုံရိပ်ကောင်းတည်ဆောက်ပြီး လူများများ သိလာအောင် လုပ်တဲ့ နည်းလမ်းမျိုး ဖြစ်ပါတယ်။ Public Relation (PR) မှာဆိုရင် ကုမ္ပဏီတွေအနေနဲ့ ဝယ်သူဖောက်သည်တွေအပြင်၊ အဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့ သူတွေအားလုံး (ဝန်ထမ်းတွေ၊ shareholders တွေ၊ supplier စတာတွေ) နဲ့ ဆက်ဆံရေး ကောင်းတွေ တည်ဆောက်ဖို့ ကြိုးစားတာမျိုး တွေပါပါတယ်။ နောက်ပြီး brand ကိုလူများများသိလာစေဖို့ အတွက် ပွဲတွေ (အားကစားပွဲ၊ ဂီတပွဲ၊ ရှိုးပွဲ စတာတွေမှာ) စပွန်ဆာပေးတာ၊ brand ambassador ခန့်ပြီး celebrity တွေကို စပွန်ဆာပေးတာမျိုးတွေ၊ လူထုအမြင်မှာ brand image တက်လာအောင် လုပ်တဲ့ ပုံစံမျိုးတွေလည်း ဖြစ်ပါတယ်။

၆) Personal Selling (အရောင်းသမားတွေကနေတစ်ဆင့် ကြော်ငြာခြင်း၊ ရောင်းချခြင်း)

အရောင်းသမားတွေခန့်ပြီး ရောင်းခိုင်းတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ အရောင်းသမားတော်ရင် တော်သလောက် ရောင်းအားကောင်းမယ့် အခြေ အနေမျိုး ဖြစ်တဲ့အတွက် အရည်အချင်းပြည့်ဝတဲ့ အရောင်းသမားတွေကို သေချာရွေးချယ်ဖို့တော့ လိုပါတယ်။ သင့် အနေနဲ့ အရောင်းသမားတွေ ထားပြီး ရောင်းခိုင်းမယ့် အနေအထားဆိုရင်တော့ အရောင်းအဖွဲ့ ကို သေချာ ပုံစံဆွဲတာ၊ အရောင်းအဖွဲ့ အတွက် စရိတ်တွေကို ကြိုတင်တွက်ချက်တာ၊ ဝယ်လိုအား ခန့်မှန်းတာတွေကို တော့ လုပ်ဖို့လိုပါတယ်။ 

ဒါဆိုရင်တော့ သင်ရောင်းတဲ့ ကုန်ပစ္စည်းကို လူများများသိအောင် လုပ်ဖို့ စဉ်းစားတဲ့အခါ သုံးလို့ရမယ့် Promotion Tools တွေ အကြောင်းကို သိသွားပါပြီ။  ဒီနည်းလမ်း ၆ ခုထဲကမှ ဘယ်နည်းကို ရွေးချယ် သုံးသင့်လဲ ဆိုတာကိုတော့ C 5 လုံး (မကြာခင်က Better Version Page မှာ တင်ပေးထားခဲ့ပါတယ်) နဲ့ ချိန်ထိုး စဉ်းစားဖို့တော့ လိုပါတယ်။ ဒါမှပဲ မှန်ကန်ထိရောက်တဲ့ ဗျူဟာကို ချမှတ် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ 

တကယ်ဖြစ်သင့်တာမျိုးကတော့ Tools တွေ အကုန်လုံးကို ပေါင်းပြီး သုံးဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဥပမာ။ Sales Promotions ချနေတာကို လူပိုသိလာအောင် Advertising နဲ့ တွဲပြီးတွန်းတာမျိုး၊ အရောင်းသမားတွေနဲ့ အတူ တွဲတွန်းတာမျိုးတွေ လုပ်သင့်တာ ဖြစ်ပါတယ်။

 

#betterVerison #makeyourprogress#morethanyouthink #promotiontools

 

 

[ သင်ခန်းစာနဲ့ပတ်သက်ပြီး မေးချင်တာများရှိရင် comment ရေးခဲ့ပါ။ ]

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
I got Better offer

အောက်တိုဘာ ၁၅ ရက်နေ့ မတိုင်ခင်ထိ "BVM30" ကုဒ် အသုံးပြုပြီး Special Offer ၃၀% ရယူပါ။