ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချရေးမှာ ဘာ့ကြောင့် packaging က အရေးကြီးသလဲ။
December 20, 2021 2022-02-10 15:18ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချရေးမှာ ဘာ့ကြောင့် packaging က အရေးကြီးသလဲ။

ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချရေးမှာ ဘာ့ကြောင့် packaging က အရေးကြီးသလဲ။
Packaging ဆိုတာ ထုတ်ပိုးမှုလို့ ပြောလို့ရသလို၊ သင့်ရောင်းတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ကိုတင်ဆက်ပုံလို့လည်း ပြောလို့ရပါတယ်။ ကုန်ပစ္စည်း အသစ်တစ်ခု ထုတ်ပြီ ဆိုတာနဲ့ တစ်ခါထဲ ထည့်သွင်းစဉ်းစားသင့်တာက packaging ပါ။ ဘယ်လို ပစ္စည်းကိုထုတ်မယ်၊ ဘယ်ဆိုဒ်ထဲကို ထည့်မယ်၊ ဘယ်လို ထုတ်ပိုးမယ်ဆိုတာက တစ်ခါထဲ စဉ်းစားရမှာ ဖြစ်ပါတယ်။
ဘာ့ကြောင့်ကုန်ပစ္စည်းရဲ့ packaging ကအရေးပါတာလဲ ကြည့်လိုက်ရအောင်။
၁) Brand ရဲ့ ပုံရိပ်ကောင်းတည်ဆောက်ဖို့
ထုတ်ပိုးမှုပုံစံ၊ တင်ဆက်မှု ပုံစံဆိုတာကလည်း ပြိုင်ဘက်နဲ့မတူ တစ်မူထူးခြားအောင် လုပ်နိုင်မယ့် အချက် တစ်ခု ဖြစ်ပါတယ်။ ကုန်ပစ္စည်း တစ်ခုကို ဝယ်ယူ မသုံးစွဲရသေးခင် ထုတ်ပိုးမှုပုံစံကို ကြည့်လိုက်တာနဲ့ ဝယ်သူတွေက သင့် brand ရဲ့ အနေအထားကို တစ်ခါထဲ ခန့်မှန်းလေ့ရှိပြီး ဒါကို ဝယ်သင့်၊ မဝယ်သင့် တစ်ခါထဲ ကြည့်ပြီး ဆုံးဖြတ်လေ့ ရှိတဲ့အတွက်ကြောင့် လည်း ဂရုစိုက် သင့်ပါတယ်။ ဒါ့အပြင် ဝန်ဆောင်မှု ရောင်းတဲ့ လုပ်ငန်းမှာဆိုလည်း ဝယ်သူကို sales proposal တစ်ခု ပို့တဲ့အခါမျိုးမှာ အလွယ်တကူ word file မှာ ရိုက်ပြီး အချက်အလက်တွေ စီ ပို့လိုက်တာမျိုးထက် စနစ်တကျနဲ့ ဝယ်သူရဲ့ ပထမဆုံး စိတ်ဝင်စားမှုကို အပြည့်အဝ ရစေမယ့် ဒီဇိုင်း၊ ကာလာ၊ အနေအထားဖြစ်အောင် ကြိုစားပြီး သင့် brand ရဲ့ ပုံရိပ်ကောင်းကို တည်ဆောက်နိုင်ဖို့ ကြိုစားရမှာ ဖြစ်ပါတယ်။
၂) ဝယ်သူကို လိုအပ်တဲ့အချက်အလက်တွေကို သိစေဖို့
ကျွန်တော်တို့ city mark တွေဘာတွေမှာဈေးဝယ်တယ်ဆိုလည်း ဘယ်လိုသုံးရတယ်ဆိုတာနဲ့ ပတ်သက်လို့ ဝယ်သူတွေက သူတို့ဘာသာကို ကြည့်တာပဲများပါတယ်။ ပါဝင်ပစ္စည်းတွေက ဘာတွေလဲ၊ ဘယ်လို သုံးသင့်လဲဆိုတဲ့ အချက်အလက်တွေကို ထုတ်ပိုးတဲ့ ပေါ်မှာ တစ်ခါထဲ ပါတာတွေလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့အချက်က လိုရင်းတိုရှင်းနဲ့ အရေးကြီးတဲ့ မဖြစ်မနေ သိသင့်တဲ့ အချက်ကို ထည့်သွင်းဖော်ပြဖို့ကတော့ မဖြစ်မနေ အရေးကြီးပါတယ်။
၃) ကုန်ပစ္စည်းကို အပျက်အစီး မဖြစ်အောင် ကာကွယ်ဖို့
တခါတလေ ကြတော့ ကျွန်တော်တို့က ဒီဇိုင်းကို လှအောင်၊ လူစိတ်ဝင်စားမှု ပိုရအောင် ပြိုင်ဘက်နဲ့မတူတဲ့ တစ်ခါမှ ဈေးကွက်ထဲမှာ တစ်ခါမှ မရှိဖူးသေးတဲ့ ထုတ်ပိုးမှုကို ဖန်တီးလိုက်တယ် ဆိုပါစို့။ တစ်ခါထဲ ထည့်သွင်းစဉ်းစားသင့်တာက သုံးလိုက်တဲ့ နည်းလမ်းသည် ဒီကုန်ပစ္စည်းကို သယ်ယူ ပို့ဆောင်ရေး မှာရော အကာအကွယ်ပေးနိုင်ရဲ့လားဆိုတာကိုလည်း မဖြစ်မနေ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ အခုလိုမျိုးကာလ အွန်လိုင်းကနေ ဈေးဝယ်တဲ့အခါ ပစ္စည်းပို့ဖို့ delivery အပ်လိုက် ပြီ၊ ဒါမှ မဟုတ်လည်း ကြားထဲက agent ကနေ တစ်ဆင့် ပို့တာမျိုးတွေ ဆိုရင် ပိုဂရုစိုက်ဖို့ လိုပါတယ်။ ဒါ့ကြောင့် လှတယ် ဆိုတာနဲ့မပြီးဘဲ ကြံ့ခိုင်မှု ရှိအောင်နဲ့ အထဲက ပစ္စည်း အထိအခိုက် တတ်နိုင်သလောက် မရှိအောင် ကြိုးစားပြင်ဆင်ရမှာ ဖြစ်ပါတယ်။
၄) ပြိုင်ဘက်တွေနဲ့ မတူကွဲပြားအောင် ဖန်တီးနိုင်ဖို့
Packaging ဆိုက တီထွင် ဆန်းသစ်နိုင်ရင် ဆန်းသစ်နိုင်သလောက် ပုံစံ အသစ်အသစ် တွေကို ဖန်တီးလို့ရတဲ့ အရာမျိုး ဖြစ်ပါတယ်။ လူတွေက အထဲမှာပါတဲ့ ပစ္စည်းချင်းတူရင်တောင် ပထမဆုံး မြင်တွေ့လိုက်ရတဲ့ ထုတ်ပိုးမှုကို ကြည့်ပြီးဝယ်ဖို့ ဆုံးဖြတ်တာမျိုး ဖြစ်တဲအတွက်ကြောင့် ပြိုင်ဘက်တွေနဲ့ မတူ ကွဲပြားတဲ့ idea မျိုး စဉ်းစားနိုင်တဲ့ အခွင့်အရေး ပိုများပါတယ်။ ဥပမာ – လူတိုင်း အာလူးကြော်ကို အိတ်နဲ့ ထည့်ပြီး ရောင်းနေရာ ကနေ ဗူးနဲ့ ထည့်ပြီး Packaging ပြောင်းလိုက်တာမျိုးပေါ့။ ပါတဲ့ ပစ္စည်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်ပိုးမှု ပြောင်းလိုက်တော့ စိတ်ဝင်စားမှု ပိုရပြီး ရောင်းအားတက်တယ်ဆိုတဲ့အနေအထားမျိုး ဖြစ်လာပါတယ်။
Packaging ကြောင့် ဝယ်သူတွေ ရဲ့ စိတ်ဝင်စားမှုကို ပိုရပြီး အရောင်းတွေ အများကြီး တက်နိုင်သလို၊ packaging ပုံစံ အဆင်မပြေတာကြောင့်လည်း အရောင်းတွေ ကျသွားနိုင်တဲ့ အခြေအနေမျိုး ဖြစ်နိုင်လို့ packaging decision ဆိုတာက အရေးကြီးပါတယ်။ သေချာ စဉ်းစား ပြင်ဆင်ဖို့ လိုပါတယ်။
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။