Blog

လူတွေ မဝယ်ခင် အချက်အလက် ဘယ်လိုရှာလေ့ရှိကြသလဲ။ ဘယ်လိုရောင်းမလဲ။

Website Blog (7)
Sales

လူတွေ မဝယ်ခင် အချက်အလက် ဘယ်လိုရှာလေ့ရှိကြသလဲ။ ဘယ်လိုရောင်းမလဲ။

ကျွန်တော်တို့ နေ့စဉ်ဘဝမှာ လိုအပ်တဲ့၊ လိုချင်တဲ့ ပစ္စည်းတွေကို မဝယ်ယူခင်မှာ အချက်အလက်တွေကိုအရင်ဆုံး ရှာလေ့ရှိကြပါတယ်။ ပြီးရင်တော့ နှိုင်းယှဉ် စဉ်းစားတယ်။ ဝယ်တယ်။ သုံးတယ်။ ကြိုက်သွားရင် ဒီ အမှတ်တံဆိပ်ကိုပဲ ဆက်ပြီး အမြဲတမ်း ဝယ်ယူသုံးစွဲပါတယ်။ ဒါဆို လူတွေ အချက်အလက်တွေကို ဘယ်လိုရှာလေ့ရှိကြသလဲ။ အချက်အလက် ရှာပြီဆိုရင် နေရာ ၃ ခုကနေ ရှာပါတယ်။ 

၁) Personal sources

ကိုယ်ပိုင်ရဲ့ အတွေ့အကြုံတွေ၊ အရင်က တွေ့ဖူး မြင်ဖူး ထားတာတွေ ကနေ တစ်ဆင့်ရှာပါတယ်။ ဆိုလိုတာက ပစ္စည်း တစ်ခု လိုအပ်လာပြီဆိုရင် လက်ရှိ ခေါင်းထဲမှာ မှတ်မိထားတဲ့အရာကို ပထမဆုံး စဉ်းစားလေ့ရှိပါတယ်။ ဥပမာ_ TV ဝယ်ဖို့ လိုတာတယ် ဆိုပါစို့။ အရင်ကတွေ့ဖူးတဲ့ brand တစ်ခုခု နာမည်က ခေါင်းထဲပေါ်လာပြီး ဒါတော့ ကောင်းမှာပဲလို့အရင်စဉ်းစားလေ့ရှိကြတာမျိုးပါ။

၂) Commercial sources 

ပစ္စည်းတစ်ခု ဝယ်ယူသုံးစွဲဖို့ လိုအပ်လာတဲ့အခါ သတင်းစာကြော်ငြာတွေ၊ TV ကြော်ငြာတွေ၊ Facebook လိုမျိုး social media ကြော်ငြာတွေကနေ တစ်ဆင့် ဝယ်သူ တစ်ယောက်က အချက်အလက်တွေ ရနိုင်တယ်။ ရှာနိုင်ပါတယ်။

၃) Public sources 

ပတ်သက်ရာ ပတ်သက်ကြောင်းလူတွေကနေတစ်ဆင့်ရှာပါတယ်။ တခါတလေမှာ  Facebook မှာတက်ပြီးတော့ ဒီပစ္စည်းလေးဝယ်ချင်လို့ ဘယ်ဆိုင်မှာ ဝယ်ရင်ကောင်းမလဲဆိုတာမျိုး မေးလိုက်တာမျိုးသည် Public Sources ကနေ အချက်အလက်ရှာတဲ့ သဘော ဖြစ်ပါတယ်။ နောက်တစ်ခုက အခြားသူတွေ ရေးထားခဲ့တဲ့ reviews တွေဖတ်တာပါ။ Public မှာဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ ဘယ်သူတွေ ဘာတွေပြောထားလဲဆိုတာကို လိုက်ရှာတဲ့ သဘောမျိုးဖြစ်ပါတယ်။ 

Commercial sources သည် အချက်အလက် လိုချင်လို့သာ ကြည့်ရုံကြည့်တာ ဖြစ်ပြီးတော့ Personal နဲ့ Public sources ကတော့ evaluate (အကဲဖြတ်မှု) လုပ်ဖို့ရှာတဲ့ နေရာတွေ ဖြစ်ပါတယ်။ အရင်က အတွေ့အကြုံတွေ၊ လူတွေက ကဘာတွေပြောနေကြလဲ ဆိုတဲ့အချက်တွေသည် ဒီကုန်ပစ္စည်းကို ဝယ်သင့်လား မဝယ်သင့်လား အကဲဖြတ်၊ စဉ်းစားတဲ့ နေရာမှာ အဓိက ကြပါတယ်။ 

ဒါ့ကြောင့် သင့်ကုန်ပစ္စည်းအမှတ်တံဆိပ် (brand) နဲ့ပတ်သက်တဲ့အချက်အလက်တွေ၊  ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ ကောင်းသတင်းတွေသည် ပတ်ဝန်းကျင်မှာ များများရှိနေဖို့လိုပါတယ်။ ကြော်ငြာတစ်ခုထဲနဲ့ မလုံလောက်ပါဘူး။ ကြော်ငြာတစ်ခုထဲကြည့်ပြီးတာနဲ့ သင်ရောင်းတဲ့ ကုန်ပစ္စည်းကို ဝယ်တာမျိုးမဟုတ်ပါဘူး။ တကယ်ဝယ်သုံးဖို့ အတွက်ကိုတော့ ကိုယ်ပိုင်ရဲ့အတွေ့အကြုံ၊ နောက်တစ်ခုက public ကဘာပြောထားလဲ ဆိုတဲ့အချက် ပေါ်မှာမူတည်ပြီးတော့ ဆုံးဖြတ်တာ ဖြစ်တဲ့အတွက်ကြောင့် များများရောင်းရချင်ရင် ဝန်ဆောင်မှု (customer service) ကောင်းကောင်းပေးဖို့လိုသလို၊ တစ်ဖက်မှာလဲ ပတ်ဝန်းကျင်မှာ၊ public မှာ၊ online မှာ၊ social media မှာ သင့်ရဲ့ ဂုဏ်သတင်းနဲ့ပတ်သက်ပြီးတော့ ကောင်းမွန်တဲ့ သတင်းတွေများများရှိအောင် လုပ်ထားဖို့ လိုအပ်ပါတယ်။ 

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress 



Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ