Practical Marketing Strategies
June 21, 2021 2022-02-12 17:49Practical Marketing Strategies
လက်တွေ့အသုံးချနိုင်မယ့် မားကက်တင်းဗျူဟာကို ကိုယ်တိုင် ယုံကြည်မှုရှိရှိ ဆွဲနိုင်ဖို့
- အသေးစား၊ အလတ်စား ကိုယ်ပိုင် လုပ်ငန်းရှင်တွေ
- အရောင်းပိုင်း၊ မားကက်တင်းပိုင်းကို တာဝန်ယူထားရတဲ့ မန်နေဂျာတွေ
- မားကက်တင်းပိုင်းကို စိတ်ဝင်စားပြီး အသက်မွေးဝမ်းကြောင်းတစ်ခု အနေနဲ့ ရွေးချယ်ဖို့ စဥ်းစားထားတဲ့လူတွေ
သင်ခန်းစာတွေ အားလုံးလေ့လာပြီးချိန်မှာ ကိုယ့်လုပ်ငန်းအတွက် အသုံးမတည့်ဘူးဆိုရင် သင်တန်းကြေး ၁၀၀% ပြန်အမ်းပေးသွားမှာပါ။

Practical Marketing Strategy ကို ဘာကြောင့်တက်သင့်တာလဲ။
- မားကက်တင်းပညာရပ်ရဲ့ အနှစ်သာရအမှန်ကို စနစ်တကျ နားလည်ပြီးတော့ ကိုယ့်လုပ်ငန်းအတွက် လက်တွေ့ မားကက်တင်းဗျူဟာဆွဲနိုင်ဖို့
- ယှဥ်ပြိုင်မှုပြင်းထန်နေတတ်တဲ့ ဈေးကွက်ထဲမှာ ကိုယ့်လုပ်ငန်းအတွက် ထိရောက်တဲ့နည်လမ်းတွေကို လက်တွေ့အသုံးချနိုင်ဖို့
- ကိုယ်တိုင် ဈေးကွက်ရွေးချယ်တာ၊ Branding လုပ်ဖို့ ဈေးကွက်ထဲမှာ ယှဥ်ပြိုင်ဖို့ အားသာချက်တွေရှာဖွေတာ၊ မတူကွဲပြားအောင် ဖန်တီးဖို့ နည်းလမ်းတွေချမှတ်နိုင်ဖို့
- ထိရောက်တဲ့ မားကက်တင်းပရိုဂရမ်တစ်ခု ဆွဲတဲ့နေရာ ရောင်းကုန်အသစ်တွေဖန်တီးတာ၊ ဈေးနှုန်းသတ်မှတ်ချက်ဗျူဟာတွေ နဲ့ ဖြန့်ဖြူးရေး အစီအစဥ်တွေချမှတ်နိုင်ဖို့
- Branding အတွက်အရေးကြီးတဲ့ Integrated Marketing Communications အတွက် အသုံးပြုရမယ့် Tools တွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ရွေးချယ်ဖန်တီးနိုင်ဖို့
- ခေတ်နဲ့အညီ Digital Marketing အတွက် စဥ်းစားတဲ့အခါ ဘယ်လိုအဆင့်တွေနဲ့ လုပ်ဆောင်နိုင်မလဲ
- လက်တွေ့ အသုံးချနိုင်မယ့် မားကက်တင်း မဟာဗျူဟာ ချမှတ်နိုင်ဖို့အတွက် တစ်ဆင့်ချင်း လုပ်ဆောင်သင့်တာတွေကို စနစ်တကျလုပ်နိုင်ဖို့
သင့်လုပ်ငန်းအတွက် လက်တွေ့အသုံးချနိုင်မယ့် မားကက်တင်းဗျူဟာဆွဲဖို့ လိုအပ်နေပြီဆိုရင်
ဘာကြောင့် Better Version က သင်တန်းတွေကို သဘောကျကြတာလဲဆိုရင်
သင်ခန်းစာတွေကို လက်တွေ့နဲ့ချိတ်ဆက်ပြီး ရှင်းလင်းပြောပြတဲ့အတွက် နားလည်လွယ်တယ်။
သီအိုရီတွေအပြင် တကယ်အပြင်မှာလုပ်ဆောင်နေရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး သင်ကြားတဲ့အတွက် နားလည်လွယ်ပြီး လက်တွေ့အသုံးချနိုင်တယ်။ လိုအပ်တဲ့ Format တွေကိုလဲ ထည့်ပေးထားတယ်။
အွန်လိုင်းသင်တန်းဖြစ်တဲ့အတွက် အင်တာနက်ရတဲ့ ဘယ်နေရာ၊ ဘယ်အချိန်မဆို သင်အဆင်ပြေသလို လေ့လာနိုင်တယ်။
ဆရာနဲ့ တစ်ပတ်တစ်ခါဖြစ်ဖြစ် အမေးအဖြေလုပ်နိုင်တဲ့နေ့တွေမှာ တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်တယ်။ Better Version ရဲ့ Communities တွေ Forum တွေမှာလဲ တခြားလုပ်ငန်းခွင်ထဲက လူတွေနဲ့ မိတ်ဖွဲ့နိုင်သလို မေးမြန်းဆွေးနွေးတာတွေလဲ လုပ်နိုင်တယ်။
Better Version က စီးပွားရေးအတွက် အထောက်အပံ့ဖြစ်မယ့် ပွဲတွေမှာ ဦးစားပေးတက်ရောက်ခွင့်၊ Better Version ရဲ့ အထူးဦးစားပေး ဝန်ဆောင်မှုတွေကို ဈေးနှုန်းသက်သာခွင့်ရနိုင်တယ်။
Brands That Trust Better Version

Meet Your Trainer
ဦးမင်းသန်းထွဋ်သည် Pro Niti Co., Ltd ရဲ့ Founder/CEO တစ်ယောက်ဖြစ်ပြီးတော့ ၂၀၁၈ ခုနှစ်အတွက် Myanmar Young Entrepreneur Award ရရှိထားပါတယ်။
BBC News မှာ Myanmar Tourism Young Entrepreneur အနေနဲ့ လည်းကောင်း၊ Rising Star Of Asesan အနေနဲ့ TTG Asia News တွင်လည်းကောင်း ဖော်ပြခံရပါတယ်။
လက်ရှိမှာတော့ စကော့တလန် နိုင်ငံမှ Heriot-Watt University ရဲ့ Edinburgh Business School တွင် မာစတာဘွဲ့အတွက် မာကက်တင်း ဘာသာရပ်အထူးပြုဖြင့်တက်ရောက်နေပါသည်။
Rotman School Of Management, University Of Toronto မှ ပို့ချတဲ့ Behavioural Economics (အပြုအမူဆိုင်ရာ ဘောဂဗေဒ)ဘာသာရပ်ကိုလဲ တက်ရောက်လေ့လာခဲ့ပါသည်။
ဦးမင်းသန်းထွဋ်သည် B.Sc. Chemistry ဘွဲ့ ရရှိပြီးနောက်တွင် ခရီးသွားလာရေးစီမံခန့်ခွဲမှု (Tourism Studies and Management) နှင့် UK နိုင်ငံ ICM အသိအမှတ်ပြု Marketing Management၊ Financial Management နှင့် Digital Marketing Strategy တို့ကိုလည်း လေ့လာခဲ့ပါသည်။ ထို့ပြင် Neuro-Linguistic Programming၊ TimeLine Therapy၊ NLP coaching by American Board of NLP နှင့် Alliances from North American ကဲ့သို့သော အဖွဲ့အစည်းများမှာ အသိအမှတ်ပြု Practitioner တစ်ဦး၊ Trainer တစ်ဦး လည်း ဖြစ်ပါသည်။

Get Our Best Discount Now.
အထူး သင်တန်းဈေးနှုန်း ရယူပါ။
Practical Marketing Strategy တက်ပြီးသင်ဘာတွေရသွားမလဲ။
မားကက်တင်းနဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့ အယူအဆတွေရှိနေပါတယ်။ မားကက်တင်း မဟာဗျူဟာဆွဲမယ်ဆိုရင် မားကက်တင်းရဲ့ တကယ့်အနှစ်သာရ ကို နားလည်ဖို့လိုပါတယ်။
ဗျူဟာတစ်ခုချမှတ်တဲ့အခါမှာ ထည့်သွင်းစဥ်းစားသင့်တဲ့အချက်တွေရှိတယ်။ သူများတွေလုပ်နေကြတာတွေကို လေ့လာလို့ဘဲရတယ်။ ကူးလို့မရဘူး။ ကိုယ်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ ဗျူဟာချမှတ်တတ်ဖို့လိုတယ်။ ဈေးကွက်သေချာရွေးချယ်တတ်ဖို့အတွက် လေ့လာသွားမှာပါ။
မားကက်တင်းသမားကောင်းတိုင်း မသိမဖြစ်သိထားရမယ့် အရာတစ်ခုက ဝယ်သူတွေရဲ့ဝယ်ယူမှုကို လွှမ်းမိုးတဲ့အကြောင်းအရင်းတွေပါဘဲ။ ဝယ်သူတွေရဲ့ အကြောင်းကို သိလေလေ ကိုက်ညီတဲ့ မားကက်တင်းဗျူဟာချမှတ်နိုင်လေလေ ဖြစ်မှာပါ။
ဈေးကွက်ကို နှစ်ခုခွဲရင် B2C, B2B ရယ်လို့ရှိပါတယ်။ ဒီမှာတော့ Organizations တွေရဲ့ ဝယ်ယူတဲ့ ပုံစံတွေကို လေ့လာသွားမှာဖြစ်ပါတယ်။
ဈေးကွက်ရွေးချယ်ခြင်းဟာ မားကက်တင်းဗျူဟာအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ မှားရင်းကားမယ်။ ဈေးကွက်ရွေးချယ်နိုင်ဖို့၊ ယှဥ်ပြိုင်နိုင်စွမ်းအားကို အခြေခံပြီး Brand Position သတ်မှတ်တာတွေ၊ မတူကွဲပြားနေအောင် လုပ်ဖို့အတွက် နည်းလမ်းတွေကို လေ့လာသွားမှာ ဖြစ်ပါတယ်။
Brand တစ်ခု တည်ဆောက်တဲ့အခါမှာ ဘယ်လိုအချက်တွေကို ထည့်သွင်းစဥ်းစားနိုင်မလဲ။ ဈေးကွက်ထဲမှာ သင့်လုပ်ငန်းအတွက် သုံးလို့ရမယ့် Brand Strategies တွေက ဘာတွေရှိမလဲဆိုတာ လေ့လာသွားမှာ ဖြစ်ပါတယ်။
သင့်လုပ်ငန်းက ဈေးကွက်အသစ်ကို ဝင်မှာလား။ အလားအလာကောင်းကောင်းဖြစ်နေတဲ့ ဈေးကွက်ထဲကို ဝင်မှာလား။ ပြိုင်ဆိုင်မှုတွေပြင်းထန်လာတဲ့ ဈေးကွက်ထဲမှာလား။ အကျဘက်ရောက်နေတဲ့ ဈေးကွက်ထဲမှာလား။ မားကက်တင်းဗျူဟာ စဥ်းစားတဲ့အခါမှာ ကိုယ့်လုပ်ငန်းရဲ့ ဈေးကွက်အနေအထားပေါ်မှာ မူတည်ပြီး ချမှတ်ရတာဖြစ်တယ်။ ဘယ်အခြေအနေဆို ဘယ်လိုဗျူဟာသုံးမလဲ လေ့လာသွားမှာ ဖြစ်ပါတယ်။
ရောင်းကုန်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ဟာ မားကက်တင်းဗျူဟာက အောင်မြင်မလား။ ကျဆုံးသွားနိုင်လားဆိုတဲ့နေရာမှာ အရေးပါပါတယ်။ ထုတ်ကုန်အသစ်တွေထုတ်မယ်ဆိုရင်ကော ဘယ်လိုအဆင့်နည်းလမ်းတွေနဲ့ လုပ်နိုင်မလဲ။
ဈေးနှုန်းသတ်မှတ်တာမှားရင် မြတ်သင့်သလောက်မမြတ်တာမျိုး၊ဈေးကွက်မှာ ယှဥ်ပြိုင်နိုင်စွမ်း မရှိလို့ ထင်သလောက် မပေါက်တာမျိုးတွေဖြစ်မယ်။ မှန်ကန်တဲ့ ဈေးနှုန်းသတ်မှတ်ချက်တွေ လုပ်နိုင်ဖို့လိုပါတယ်။
ပစ္စည်းဘယ်လောက်ကောင်းကောင်း တင်ရောင်းမပေးကြဘူး။ ဝယ်သူလိုချင်တဲ့နေရာ၊ ဝယ်လိုအဆင်ပြေတဲ့နေရာတွေမှာ မရှိနေဘူးဆိုရင်လဲ မရောင်းရပြန်ဘူး။ ဖြန့်ဖြူးရေး၊ အရောင်းပိုင်းဟာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တယ်။ ဖြန့်ဖြူးရေးအတွက် အထိရောက်ဆုံးနည်းလမ်းတွေကို လေ့လာရမယ်။
မားကက်တင်းရယ်လို့ အထင်အမှားခံရဆုံးသော အစိတ်အပိုင်းဖြစ်တယ်။ ကြော်ငြာတွေ၊ Sales promotions တွေ၊ Personal Selling၊ Public Relations၊ Digital Startegy နဲ့ Direct Marketing အစရှိတဲ့ Tools တွေကို တွဲဖက်သုံးတတ်ဖို့လိုတယ်။ ဒီသင်ခန်းစာကို သေချာမတတ်ရင် မားကက်တင်းမှာ အရှုံးတွေချည်းလာလိမ့်မယ်။
အပေါ်မှာ လေ့လာခဲ့တာတွေကို အသုံးပြုပြီးတော့ လက်တွေ့အသုံးချနိုင်မယ့် မားကက်တင်းဗျူဟာချမှတ် အစီအစဥ်ဆွဲပြီး လုပ်ဆောင်နိုင်ဖို့ဖြစ်ပါတယ်။ အဆင်သင့် သုံးလို့ရမယ့် Format တွေ၊ Templates တွေထည့်ပေးထားတယ်။ နမူနာလေး ကြည့် ကိုယ်တိုင်လေ့လာခဲ့တာတွေကို အသုံးချပြီး သင့်လုပ်ငန်းအတွက် သင်ကိုယ်တိုင် ဗျူဟာချမှတ်နိုင်ပါပြီ။
Our Leaner’s Testimonials