အပြုသဘောဆောင်သော အတွေးများနှင့်ရင်ဆိုင်ကျော်ဖြတ်ပါ။
May 26, 2021 2021-08-13 15:42အပြုသဘောဆောင်သော အတွေးများနှင့်ရင်ဆိုင်ကျော်ဖြတ်ပါ။
ဒီနေ့ တော့ Norman Vincent Peale ရေးထားတဲ့ “The Power of Positive Thinking” စာအုပ်ထဲက ဘဝရဲ့ ရုန်းကန်ရတဲ့အချိန်တွေကို အပြုသဘောဆောင်တဲ့အတွေး တွေနဲ့ အကောင်းဆုံးကျော်ဖြတ်နိုင် စေဖို့ အကျိုးရှိစေမယ့် tips လေးတွေကို ပြန်ပြီးမျှဝေပေးချင်ပါတယ်။
– သင်ကြုံတွေ့နေရတဲ့ ပြဿနာတွေဟာ တစ်ချိန်တုန်းကလည်း အခြားသူတွေ ကြုံတွေ့နေခဲ့ရဖူးပါတယ်။ သူတို့လည်း ဒီလိုပဲ ဒီလမ်းရှာပြီး ဖြတ်ကျော်ခဲ့ရတာပါပဲ။ ဒီတော့ သင့်အနေနဲ့ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်လို့ ယူဆလိုက်ရင် ဖြေရှင်းဖို့ နည်းလမ်း ကိုရှာတွေ့ပါလိမ့်မယ်။
– အတွေးတွေ ဟာကျွန်တော်တို့ စိတ်အတွက် အာဟာရတွေပါပဲ။ ကျွန်တော်တို့ ခန္တာကိုယ်ကို ကျန်းမာဖို့ အာဟာရရှိတဲ့ အစားအစားတွေ စားသလို၊ စိတ်ကျန်းမာဖို့အတွက်လည်း အပြုသဘောဆောင်တဲ့ အတွေးတွေ များများတွေးပြီး၊ ခွန်အားဖြစ်စေတဲ့စာတွေ ဖတ်ပေးဖို့လိုပါတယ်။
– အခြားသူတွေနဲ့ ပဋိပက္ခ ဖြစ်တာကို တတ်နိုင်သလောက်ရှောင်လိုက်ပါ။ အမြင်မတူရင် ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးလို့ရပါတယ်။ ကိစ္စ တစ်ခုပေါ်မှာ သူတစ်ပါးရဲ့ ဘဝ ဖြတ်သန်းလာတဲ့ အတွေ့အကြုံ အရမြင်တဲ့အမြင်နဲ့ သင့်ရဲ့ အမြင်သဘောထား အမြဲတမ်း ထပ်တူကျနေမှာ မဟုတ်ပါဘူး။ အမြင်မတူရကောင်းလားလို့ ငြင်းခုန်မှုတွေက ပြဿနာတွေ ဆီကိုပဲ ဦးတည်နေပါတယ်။ ဒါ့ကြောင့် သူတစ်ပါးရဲ့ ထင်မြင်ချက်ကိုလည်း လေးစားပါ။ အပြုသဘောဆောင်တဲ့ ဘက်ကတွေးတတ်တဲ့ သူမျိုးတွေနဲ့ များများမိတ်ဆွေဖွဲ့ပါ။
– တစ်ခါတစ်လေ တော့ သင့်အနေနဲ့ လုပ်နေရတဲ့အလုပ်က သင့်အတွက် ခက်ခဲလိုက်တာ၊ ပင်ပန်းလိုက်တာ။ ပခုံး ပေါ်မှာ ဝန်အလေးကြီး ထမ်းထားရသလိုပဲလို့ ခံစားရတတ်ပါတယ်။ သင့်အနေနဲ့အကြောင်းအမျိုးမျိုးကြောင့် သင်အရမ်းနှစ်သက်တဲ့အလုပ် လုပ်ခွင့်မရသေးတဲ့အခါ၊ လက်ရှိလုပ်နေရတဲ့ အလုပ်ကသင့်အတွက်၊ သင့်မိသားစုအတွက် နေထိုင်စားသောက်ဖို့ အဆင်ပြေမှုကို ဖြစ်စေတယ်ဆိုရင် သင့် အလုပ်ပေါ်မှာ ချစ်တဲ့စိတ်ကို ထပ်ပေါင်းထည့်လိုက်ပါ။ သင့်အလုပ်ကို ချစ်သွားရင် အနည်းဆုံးတော့ လုပ်ရတာ ပျော်နေတော့ သိပ်ပင်ပန်းတယ်လို့ မခံစားရတော့ဘူးပေါ့။
– သင့်ကိုယ်သင် အခြားသူတွေနဲ့နှိုင်းယှဉ်ပြီး စိတ်ဓာတ်မကျပါနဲ့။ သင့်မှာလည်း အခြားသူတွေနဲ့မတူနဲ့ အရည်အချင်းတွေ၊ လုပ်နိုင်စွမ်းတွေရှိပါတယ်။ ဒါတွေကို အခြားသူတွေနဲ့ အစားထိုးလို့မရပါဘူး။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။