Online learning မှာ ထိထိရောက်ရောက် လေ့လာသင်ယူ အသုံးချနိုင်ဖို့ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားရမလဲ။
July 28, 2021 2021-07-28 12:44Online learning မှာ ထိထိရောက်ရောက် လေ့လာသင်ယူ အသုံးချနိုင်ဖို့ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားရမလဲ။

Online learning မှာ ထိထိရောက်ရောက် လေ့လာသင်ယူ အသုံးချနိုင်ဖို့ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားရမလဲ။
Online learning မှာ ထိထိရောက်ရောက်လေ့လာသင်ယူအသုံးချနိုင်ဖို့ နည်းလမ်း ၆ မျိုး။
၂၀၂၀ ~ ၂၀၂၁ ကာလတွေမှာ ခေတ်စားလာတာကတော့ online ပေါ်ကနေ လေ့လာသင်ယူတာပါပဲ။ ဒီကာလတွေမှာဆိုရင် ကျန်းမာရေး အခြေအနေတွေကြောင့်ရော၊ နည်းပညာတိုးတက်လာတာနဲ့အမျှ အပြင်မှာ၊ သင်တန်းကျောင်းမှာ မဟုတ်ဘဲ အိမ်ကနေပဲ online ကနေလေ့လာ ရတဲ့အတန်းတွေကိုတက်လာကြတာ များလာတာကိုတွေ့ရပါတယ်။
ဒါဆို ဒီလို online ကနေလေ့လာရတဲ့ သင်တန်းတက်ဖို့ စဉ်းစားတဲ့အခါ ထိထိရောက်ရောက်လေ့လာသင်ယူ အသုံးချနိုင်ဖို့ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားရမလဲ။ တက်နေချိန်အတွင်းမှာရော ဘယ်အချက်တွေကို လိုက်နာသင့်သလဲ စတဲ့ ဆောင်ရန်ရှောင်ရန်တွေကို မျှဝေပေးသွားချင်ပါတယ်။
၁) သင်တန်းကိုသေချာရွေးချယ်ပါ။
Online learning က trend ဖြစ်လာတာနဲ့အမျှ သင်ရွေးချယ်စရာတွေများလာတဲ့အခါ သင့်အတွက် အထောက်အကူဖြစ်မယ့် သင်တန်းကို သေချာရွေးချယ်တတ် ဖို့ လည်းလိုပါတယ်။ ရင်းနှီး မြှပ်နှံလိုက်ရတဲ့ ငွေကြေး၊ သင့်ရဲ့အချိန် တွေက တန်ဖိုးရှိတဲ့အတွက် ကြောင့် သင့်အနေနဲ့ အလဟသ မဖြစ်ရလေအောင် ဂရုစိုက် ရွေးချယ်ဖို့လိုပါတယ်။ သင်တန်းကသင့်မယ့် သင်ခန်းစာတွေက သင်လေ့လာချင်တဲ့ အကြောင်းအရာ နဲ့ကိုက်ရဲ့လား၊ သင်က လက်တွေ့လုပ်ငန်းခွင်မှာ အသုံးဝင်မယ့် အတွေ့အကြုံကို အခြေခံပြီး သင်ကြားတာမျိုး ကိုတက်ချင်တာ ဒါပေမယ့် သင်ရွေးလိုက်တဲ့ သင်တန်းက သီအိုရီတွေကို အဓိကထားရှင်းပြတာမျိုး ဖြစ်နေမယ်ဆိုရင်လည်း အဆင်မပြေပါဘူး။ ပြီးရင်လည်း သင်က သေချာမမေးမိပဲ သင်တန်းအပ်လိုက်တယ်။ အဲ့ဒီမှာ သင်တန်းကြေးအပြင် စာရွက်စာတမ်း လိုချင်ရင်သွင်းရမယ့် ပမာဏတွေ၊ အောင်လက်မှတ်ရချင်ရင် သွင်းရမယ့် ပမာဏ တစ်ခု စသည်ဖြင့်ရှိနေရင် လည်း သင့်အတွက် အဆင်မပြေပါဘူး။ ဒီတော့သင့်အနေနဲ့ သင်တန်းတစ်ခု မအပ်ခင် ဘာတွေသင်မှာလဲ၊ သင်တန်းဆရာက ဘယ်သူလဲ၊ သင်တန်းကြေးအပြင် အခြားထပ်သွင်းရမှာ တွေရောရှိသေးလား၊ အချိန်ကရော ဘယ်လို ကန့်သတ်ထားတာလဲ ဘယ်လောက် ထိသတ်မှတ်ထားလဲ ဆိုတာတွေကိုလည်း သေချာဂရုတစိုက် လေ့လာပြီးတော့မှ သင်တန်းကို အပ်သင့်ပါတယ်။
၂) Customer service ကိုလေ့လာပါ။
သင့်အနေနဲ့ သင်တန်းကျောင်းရဲ့ ဝန်ဆောင်မှု ကိုလည်းစစ်ဆေးဖို့လိုပါတယ်။ online class ဖြစ်တာကြောင့် သင့်လေ့လာနေရင်း အဆင်မပြေတာဘဲဖြစ်ဖြစ်၊ တစ်ခုခု သိချင်တာဘဲ ဖြစ်ဖြစ် online သွားမေးလိုက်လို့ တော်တော်နဲ့ reply ပြန်မလာတာမျိုး ဖြစ်နေရင်လည်း အဆင်မပြေပါဘူး။ ဒါ့အပြင် သင်ခန်းစာတွေလေ့လာပြီးနားမလည်တာကိုရော trainer ကိုဘယ်လိုမေးရမလဲဆိုတာကိုလည်းတစ်ခါထဲ ရှင်းလင်းအောင် မေးထားဖို့လိုပါတယ်။ social media ခေတ်ဖြစ်တာနဲ့အမျှ သင့်အနေနဲ့ မရွေးချယ်ခင်ထဲက သင်သေချာ review တွေ၊ feedback တွေကိုဖတ်တာမျိုး လုပ်သင့်ပါတယ်။ သင်သိချင်တဲ့၊ ရချင်တဲ့အချက် ကို မြန်မြန် ဆန်ဆန်နဲ့ အချိန်တိုအတွင်း အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်တဲ့ ကျောင်းမျိုးကို ဦးစားပေးအနေနဲ့ ရွေးချယ်သင့်ပါတယ်။
၃) သင်ယူဖို့ သတ်သတ်မှတ်မှတ် အချိန်ထားပါ။
သင့်အနေနဲ့တစ်နေ့ကို ဘယ်နှစ်နာရီလောက်လေ့လာမှာလဲ၊ တစ်ပတ်အတွင်း၊ တစ်လအတွင်းမှာရော ဘယ်လောက်ပြီးအောင်လေ့လာမှာလဲဆိုတဲ့ goal သတ်မှတ်ထားဖို့လိုပါတယ်။ အချို့ online သင်တန်းတွေက Zoom နဲ့တိုက်ရိုက် face to face သင်တဲ့အတန်းမျိုးတွေဆိုရင်တော့ သင့်အနေနဲ့ ကိုယ်တိုင် အချိန်ဇယားချ လေ့လာဖို့ သတ်မှတ်စရာမလိုပေမယ့် website မှာ၊ app မှာလေ့လာရတဲ့ သင်တန်းမျိုးဆိုရင်တော့ သင့်အနေနဲ့ ပြက္ခဒိန်မှာ တစ်ခါထဲ ဘယ်နေ့ တော့ ဘယ်နှစ်နာရီ လေ့လာမယ်ဆိုတာကို သေချာသတ်မှတ်ဖို့လိုပါတယ်။ ဒါတင်လည်းမပြီးသေးပါဘူး သင်ကိုယ်တိုင်လည်း လိုက်လုပ်ဖို့လိုပါတယ်။ အချို့က goal တွေချလိုက်ပေမယ့် အလုပ်များနေလို့၊ မအားသေးလို့၊ လိုင်းမကောင်းလို့ စသည်ဖြင့် နေ့ရွေ့ညရွေ့ ရွေ့ပြီးလုပ်နေပြန်ရင်လည်း အဆင်မပြေပါဘူး။ ဒါ့ကြောင့် အချိန်ကိုလည်း သေချာ သတ်မှတ်ထားပြီး သေချာလည်းလိုက်လုပ်ဖို့လိုပါတယ်။
၄) တတ်နိုင်သလောက် Note မှတ်ပါ။
သင့်အနေနဲ့သင်ခန်းစာတွေလေ့လာနေရင်း ကိုယ့်လုပ်ငန်းနဲ့ချိန်စဉ်းစားဖို့ idea တစ်ခုခုရသွားတဲ့အခါ၊ တွေးစရာ တစ်ခုခု ရသွားတဲ့အခါ သင်လိုချင်တဲ့အချိန်ပြည့်ကြည့်နိုင်အောင် note ရေးတာမျိုးလည်း လုပ်သင့်ပါတယ်။ ကွန်ပျူတာမှာပဲဖြစ်ဖြစ်၊ စာအုပ်မှာပဲဖြစ်ဖြစ် သင်ရေးမှတ်တာမျိုး လုပ်ခြင်းဖြင့်လည်း သင့်ရဲ့သင်ခန်းစာတွေ အပေါ်နားလည်မှုကို ပိုတိုးလာစေပါလိမ့်မယ်။
ဥပမာ − ကျွန်တော်တို့ Better Version ကသင်တန်းတွေမှာဆိုရင် သင်ခန်းထဲမှာ ပါတဲ့ Powerpoint, Excel စတဲ့ လိုအပ်တဲ့ format တွေ၊ template တွေကို download ဆွဲဖို့ပေးပါတယ်။ ဒါဆိုရင် သင်တန်းမစခင် ဒါတွေကို သင်က download ဆွဲပြီး print ထုတ်တာမျိုးလုပ်ထားပြီးတော့ သင်ခန်းစာ lessons video တွေကြည့်တဲ့အခါ ဒီထဲမှာ သင်မှတ်ချင်တဲ့ အကြောင်းအရာကို note လိုက်မှတ်တာမျိုး တွေလုပ်လို့ရပါတယ်။
၅) သင်ခန်းစာတွေလေ့လာနေချိန်မှာ Social App တွေကို ပိတ်ထားပါ။
ဆရာသင်တဲ့ သင်ခန်းစာ video ကို ကြည့်ရတဲ့အချိန်မျိုးမှာ စာသင်ခန်းထဲမှာ သင်တာမဟုတ်တဲ့ အတွက် သင့်အနေနဲ့ မဖြစ်မနေလိုက်နာရမယ့် စည်းမျဉ်းတွေ မရှိတော့ ကိုယ်အဆင်ပြေတဲ့အနေအထားနဲ့တော့ နားထောင်လို့တော့ရတာပေါ့။ ဒါပေမယ့် အဲ့ဒီလို အချိန်မျိုးမှာဆိုရင် သင်ခန်းစာတွေလေ့လာနေရင်း မက်ဆေ့ဝင်လာလို့ ကြည့်လိုက်တယ်၊ မက်ဆေ့ reply ပြန်လိုက်ရင်း စကားစက မပြတ်တော့လို့ ဆက်ပြောနေမိတာမျိုးတွေ၊ social media မှာ အကြောင်းအရာတစ်ခုကို အမှတ်တမဲ့ တွေ့လိုက်ရင်း စိတ်ဝင်စားလို့ လိုက်ဖတ်မိသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့လိုဆိုရင် သင့်အနေနဲ့ စာထဲပြန်အာရုံရောက်ဖို့ ခက်သွားပါလိမ့်မယ်။ ရလဒ်ကတော့ ဒီနေ့အတွက် လေ့လာမယ်လို့ သတ်မှတ်ထားတဲ့အချိန် ကတော့ ပြည့်သွားပြီ စာတွေကတော့မပြီးလိုက်ဘူး ဆိုတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုး မဖြစ်ရလေအောင် သင်လေ့လာနေတဲ့အချိန်မှာ Social App တွေကို Notification off ထားတာမျိုး လုပ်သင့်ပါတယ်။
၆) သင်တန်းက စီစဉ်ပေးထားတဲ့ group တွေ၊ ဆွေးနွေးပွဲတွေမှာ တက်တက်ကြွကြွပါဝင်ပါ။
Online ကနေလေ့လာမို့လို့ဆိုပြီး သီးသီးသန့်သန့်ကြီးလည်းမနေသင့်ပါဘူး။ သင်တန်းကစီစဉ်ပေးထားတဲ့ group တွေကို join ပြီးမိတ်ဖွဲ့တာမျိုးတွေ၊ ဝင်ဆွေးနွေး တာမျိုးတွေကိုလည်း တက်တက်ကြွကြွ လုပ်သင့်ပါတယ်။ ဒါဟာသင့်ကို networking ပိုကောင်းလာပြီး၊ မိတ်ဆွေအပေါင်းအသင်းလည်းပိုတိုး လာစေပါတယ်။ အထူးသဖြင့် ဒီကာလတွေမှာဆိုရင် discussion group တွေ join တာ၊ သင်တန်းက စီစဉ်ပေးတဲ့ Communities တွေ Forum တွေမှာ ဝင်နားထောင်ခြင်းအားဖြင့် အခြားသူတွေရဲ့ လုပ်ငန်းခွင် အခက်အခဲတွေကရော ဘာတွေ ဖြစ်နေလဲ၊ သူတို့ ဘယ်လို ဖြေရှင်းနေကြသလဲ၊ သင်ဆိုရင်ရော ဘယ်လို လုပ်မလဲစသည်ဖြင့် idea သစ်တွေ၊ နည်းလမ်းသစ်တွေလည်းရသွားတာပေါ့၊
ပြီးတော့ ကျွန်တော်တို့ Better Version မှာ အပတ်စဉ်တိုင်း learners တွေအနေနဲ့ အမေးအဖြေလုပ်နိုင်တဲ့နေ့တွေ စီစဉ်ပေးထားပါတယ်။ ဒီလို တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်တဲ့ အစီအစဉ်တွေ ကို တက်ရောက်တဲ့ learners တွေဟာဆိုရင် လေ့လာချက် စစ်တမ်းတွေအရ သူတို့ရဲ့ သင်ခန်းစာလေ့လာမှု ပြီးမြောက်နှုန်းဟာ လည်း အခြားသူတွေထက် ၃၀% လောက်ပိုမြန်၊ ပိုများတာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ online class တက်တဲ့အခါလည်း အကျိုးရှိအောင် activities တွေမှာ တက်တက်ကြွကြွပါဝင်သင့်ပါတယ်။
ဒီလောက် ဆိုရင်တော့ သင့်အနေနဲ့ online learning မှာ ထိထိရောက်ရောက် လေ့လာသင်ယူ အသုံး ချနိုင်ဖို့ သင်တန်းရွေးချယ်တဲ့ အဆင့်ကနေစလို့၊ သင်ခန်းစာတွေလေ့လာတဲ့အချိန်၊ လေ့လာပြီးတဲ့အချိန်ထိ ဆောင်ရန်ရှောင်ရန်တွေကို သိသွားလောက်ပြီ ထင်ပါတယ်။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။