ညှိနှိုင်းဆွေးနွေးခြင်းမှာ သဘောမတူညီမှုတွေ ကြုံတွေ့ရတဲ့အခါ
February 24, 2022 2022-03-01 15:15ညှိနှိုင်းဆွေးနွေးခြင်းမှာ သဘောမတူညီမှုတွေ ကြုံတွေ့ရတဲ့အခါ

ညှိနှိုင်းဆွေးနွေးခြင်းမှာ သဘောမတူညီမှုတွေ ကြုံတွေ့ရတဲ့အခါ
ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်တဲ့အခါမှာ သေချာပေါက်ကြုံတွေ့ရမှာကတော့ ကိုယ်နဲ့ သဘောမတူညီမှုတွေ တွေ့ရပါလိမ့်မယ်။ အဲ့ဒီလိုအခါမျိုးမှာ ကိုင်တွယ်ဖြေရှင်းနည်း၊ ညှိနှိုင်းတဲ့ပုံစံ အပေါ်မူတည်ပြီး ရလာဒ်ကောင်းတွေရနိုင်ပါတယ်။
ဒီလိုသဘောမတူညီမှုတွေကြုံတွေ့လာတဲ့အခါ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်စရာအချက်လေးတွေလည်းရှိပါတယ်။ တစ်ဖက်လူရဲ့ သဘောမတူညီမှု ဖြစ်စေရတဲ့ အကြောင်းရင်းကို မြင်လာအောင် ဒီအချက်လေးတွေကို အရင်စဥ်းစားကြည့်ပါ။
၁။ ကိုယ်မှားနေနိုင်တယ်လို့ အရင်စဥ်းစားကြည့်ပါ။
တစ်ခါတစ်လေကျရင် လူတွေက ကိုယ့်အတ္တကြောင့် ငါအမြဲမှန်တယ် ဆိုတဲ့အတွေးနဲ့ တစ်ဖက်လူရဲ့ သဘောမတူညီမှုတွေကို လက်မခံနိုင်ဖြစ်တတ်ကြပါတယ်။ ဒီတော့ ဆင်ခြေတွေပေးပြီး ကိုယ်မှန်တယ်ဆိုပြီး တင်းခံနေတဲ့အခါ အမြင်မကြည်တာမျိုးတွေဖြစ်ပြီး ဆက်ဆံရေးတွေပိုမိုဆိုးရွားလာနိုင်ပါတယ်။ ဒါကြောင့် တစ်ဖက်လူရဲ့ အတွေးကိုလည်း ထည့်သွင်းစဥ်းစားပြီး ကိုယ်လည်းမှားနေနိုင်တာပဲ လို့အရင်တွေးသင့်ပါတယ်။
၂။ ကိုယ်က တစ်ဖက်လူကိုအပြစ်တင်သလို ဖြစ်မိခဲ့တာမျိုးရှိသလား ဆိုတာတွေးကြည့်ပါ။
တစ်ဖက်လူနဲ့ပြောဆိုနေတဲ့တစ်လျှောက်မှာ သူ့ကိုအပြစ်တင်လိုက်မိတာမျိုး ရှိများရှိနေမလားဆိုတာ ပြန်စဥ်းစားကြည့်ပါ။ ကိုယ်ကတော့ မရည်ရွယ်ပဲပြောရင်းဆိုရင်းနဲ့ တချို့နေရာလေးတွေမှာ အပြစ်တင်သလိုဖြစ်သွားတတ်တယ်။ အဲ့ဒီအခါမှာ သဘောထားတွေ မတိုက်ဆိုင်တော့တာမျိုးလေးတွေရှိတတ်တော့ ဒီအချက်ကိုလည်းသေချာပြန်တွေးသင့်ပါတယ်။
၃။ ဘာသာရေး၊ ယုံကြည်မှု၊ စိတ်ဇောထက်သန်မှုတွေ မေ့ထားပါ။
ကျွန်မတို့လူတစ်ဦးတစ်ယောက်စီတိုင်းမှာ မတူညီတဲ့ဘာသာရေး၊ ယုံကြည်မှု၊ စိတ်အားထက်သန်မှုတွေရှိကြပါတယ်။ အဲ့လိုမတူညီတဲ့အရာတွေကြောင့် တစ်ဖက်လူကို Judge သွားလုပ်မိတတ်တယ်။ ကျွန်မတို့ယုံကြည်မှုတွေနဲ့ ကွဲလွဲနေတဲ့အခါမှာ တစ်ဖက်လူကို အပြစ်တင်ချင်ဇောကြီးသွားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
၄။ လက်ခံဖို့ကြိုးစားပါ။ ပြင်ဆင်ဖို့ကြိုးစားပါ။
သဘောမတူညီမှုမရှိတဲ့ နေရာတွေတော့ ရှိနေနိုင်တယ်ဆိုတာကို လက်ခံရမယ်။ အဲ့ဒါကို ပြင်ဆင်ဖို့ စဥ်းစားရမယ်။
၅။ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကို ခဏမေ့ထားပါ။
ညှိနှိုင်းဆွေးနွေးတဲ့နေရာမှာ ဘယ်သူကပိုတော်တယ်။ ဘယ်သူကတော့ ကျွမ်းကျင်တယ်ဆိုတာမျိုးကို မလုပ်သင့်ပါဘူး။ ဥပမာ Sales meetingတွေမှာဆိုရင် အရောင်းမန်နေဂျာတစ်ယောက်အနေနဲ့ ငါကတော့ ဒီလုပ်ငန်းလုပ်လာတာကြာပြီ၊ လုပ်လာတာအံတိုနေပြီဆိုပြီး ကိုယ်ရောင်းစေချင်တဲ့ပုံစံအတိုင်းကြီးပဲ ရောင်းခိုင်းလို့မရပါဘူး။ အဲ့အခါ ၀ယ်သူတွေနဲ့ တကယ်ထိတွေ့ဆက်ဆံရတဲ့အရောင်းသမားတွေအနေနဲ့ သူတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေရှိနေနိုင်သလို ၀ယ်သူတွေရဲ့အခြေအနေပေါ်မူတည်ပြီး သွားနေရတာဖြစ်တဲ့အတွက် သဘောထားချင်းမတိုက်ဆိုင်မျိုးတွေရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကို ခဏလောက်မေ့ထားပြီး အဖွဲ့လိုက်ညှိနှိုင်းဆောင်ရွက်တာမျိုးတွေ လုပ်သင့်ပါတယ်။
၆။ မေးခွန်းတွေမေးပါ။
မေးခွန်းမေးခြင်းကတော့ အရောင်းပိုင်းမှာ ၀ယ်သူတွေကို ကိုယ့်ရဲ့ကုန်ပစ္စည်း၊ ၀န်ဆောင်မှုရောင်းချတဲ့နေရာမှာပဲဖြစ်ဖြစ်၊ ညှိနှိုင်းရေးမှာပဲဖြစ်ဖြစ် အရမ်းအရေးကြီးပါတယ်။ ကိုယ်ကမေးခွန်းမေးလိုက်တော့မှ တစ်ချက်လူရဲ့အမြင်တွေ၊ သဘောထားတွေကို ရှင်းရှင်းလင်းလင်းသိပြီး ပြန်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ မေးခွန်းမေးမြန်းပုံတွေကိုလဲ ကျွမ်းကျင်ထားဖို့တော့လိုပါတယ်။
၇။ ကိုယ်ရေးကိုယ်တာခံစားချက်တွေ ဘေးဖယ်ထားလိုက်ပါ။
ညှိနှိုင်းဆွေးနွေးပွဲမသွားခင် ကိုယ့်မှာ အိမ်မှာတစ်ခုခု၊ ရုံးမှာတစ်ခုခု အဆင်မပြေတာတွေရှိခဲ့ရင် ဒီခံစားချက်တွေကို ခဏလောက်မေ့ထားဖို့လိုပါတယ်။
၈။ တစ်ဖက်လူရဲ့အတားအဆီးတွေကို သိအောင်ကြိုးစားပါ။
တစ်ဖက်လူကို ကျွန်မတို့နဲ့ သဘောတူညီမှုရယူဖို့ ဘယ်အရာကတားဆီးနေတာမျိုး ဖြစ်နေလည်းဆိုတာကို စဥ်းစားရပါမယ်။ ဒီနေရာမှာ အတားအဆီးဆိုတာက ကိုယ့်ရဲ့တင်ပြမှု၊ ကိုယ့်ရဲ့ပြောဆိုမှုကို တဖက်လူက လက်မခံနိုင်တဲ့ အကြောင်းအရင်းတိုင်းကိုဆိုလိုပါတယ်။ အဲ့ဒီတော့ ကျွန်မတို့တွေက ဒီအတားအဆီးတွေကိုဖယ်ရှားဖို့ဆိုရင် အရင်ဆုံး ကိုယ့်ကိုစိတ်ချယုံကြည်နိုင်ကြောင်း ခံစားမိလာအောင်လုပ်ရပါမယ်။ ကျွန်မတို့ရဲ့ အမူအရာတွေ၊ အပြောအဆို အသုံးအနှုန်းတွေကို သေချာရွေးချယ်ပြောဆိုပြီး စိတ်ချယုံကြည်လာအောင်လုပ်ရပါမယ်။
ညှိနှိုင်းမှုတွေ ကြုံတွေ့တဲ့အခါတိုင်း ဒီအချက်လေးတွေနဲ့ မိမိကိုကိုယ် ပြန်သုံးသပ်မယ်၊ လက်တွေ့အသုံးချမယ်ဆိုရင် ရလာဒ်ကောင်းတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။
ညှိနှိုင်းမှုတွေမှာရလာဒ်ကောင်းတွေရဖို့ ဘာတွေပြင်ဆင်ထားသင့်သလဲ၊ တဖက်နဲ့ တစ်ဖက် မိတ်ပျက်စရာမလိုပဲ Win – Win ဖြစ်အောင်ဘယ်လိုညှိနှိုင်းမလဲ၊ ဆောင်သင့်၊ ရှောင်သင့်တဲ့ ညှိနှိုင်းရေး ပရိယာယ်တွေအကြောင်းစတဲ့ စာတွေ့သာမက လက်တွေ့အသုံးချနိုင်တဲ့ နည်းလမ်းတွေသိရှိ အသုံးပြုချင်တယ်ဆိုရင် ကျွန်မတို့ရဲ့ ‘ Better Negotiator’ အတန်းလေးရှိပါတယ်ရှင့်။
သင်တန်းအသေးစိတ်စုံစမ်းချင်ရင် ‘BNO’ လို့သာ comment မှာ မန့်ခဲ့ပေးပါ။ သင်တန်းအသေးစိတ်လေးကို ပြန်လည်ဖြေကြားပေးပါမယ်ရှင့်။
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။