စျေးရောင်းကောင်းဖို့သိထားသင့်တဲ့ သဘောတရားများ
February 1, 2022 2022-02-10 15:03စျေးရောင်းကောင်းဖို့သိထားသင့်တဲ့ သဘောတရားများ
စျေးရောင်းကောင်းဖို့သိထားသင့်တဲ့ သဘောတရားများ
ဈေးရောင်းကောင်းချင်ရင် ဒီသဘောတရားလေးတွေကို သိထားရမယ်။ လူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာအရ လိုအပ်တဲ့ အရာသုံးခုရှိပါတယ်။
၁) တခြားလူတွေရဲ့ လက်ခံမှုကို လိုချင်တာ
၂) ကိုယ်မှာ ထိန်းချုပ်နိင်စွမ်းရှိပါတယ်ဆိုတဲ့ခံစားချက်
၃) ကိုယ်တိုင်တိုးတက်မှုရှိနေပါတယ်ဆိုတဲ့ ခံစားချက်
သင့်လုပ်ငန်းက ဒီလိုအပ်ချက် သုံးခုကို ဖြည်းဆည်းပေးဖို့ ကြိုးစားရမယ်။
သင့်ထုတ်ကုန်၊ရောင်းကုန်ကို ဝယ်ယူသုံးစွဲခြင်းအားဖြင့် အများသူငါကြားမှာ လက်ခံဝင်ဆံ့သွားပါတယ်ဆိုတဲ့ ခံစားချက်ကို ပေးမှာလား။
ဒါမှမဟုတ် သူကိုယ်တိုင် တိုးတက်မှုတစ်ခုရသွားတယ်ဆိုတဲ့ ခံစားချက်ကို ပေးမှာလား။
ဒီနေရာမှာ တစ်ခုစဥ်းစားသင့်တာကတော့ ဝယ်သူဟာ ဝယ်ယူလိုက်ရခြင်းမှာ ကိုယ်တိုင် ကြိုက်လို့ နှစ်သက်လို့ ဝယ်ယူလိုက်ပါတယ်ဆိုတဲ့ခံစားချက်မျိုး ရှိနေအောင်လဲ လုပ်ထားရမှာပေါ့။
လူတွေ ဘာကြောင့်ဝယ်သလဲဆိုတဲ့ အဓိက အကြောင်းရင်း ခြောက်ခုရှိတယ်။
- ပျော်ရွှင်မှုရချင်လို့။
- နာကျင်မှုတွေကို ရှောင်ချင်လို့။
- မျှော်လင့်ချက်ထားရှိချင်လို့။
- အကြောက်တရားကို ရှောင်ရှားချင်လို့။
- လူမှုပတ်ဝန်းကျင်ကလက်ခံမှုကို လိုချင်လို့။
- ဒါမှမဟုတ် အပယ်ခံရမှာကို ရှောင်ရှားချင်လို့။
နောက်တစ်ဆင့် ဆက်စဥ်းစားမယ်ဆိုရင် သင့်ဆီကနေ သင့်ဖောက်သည်တွေက ဘာကြောင့်ဝယ်ယူနေကြသလဲဆိုတာ ရှင်းအောင်လုပ်ပါ။
ပြီးရင်တော့ အဲဒီလိုအပ်ချက်တွေ၊ အကြောင်းရင်းတွေကို ဖြည့်ဆည်းနိုင်အောင် လုပ်ပေါ့။ ဝယ်သူရဲ့ ပြဿနာတွေကို ဖြည့်ဆည်းနိုင်ကြောင်းပြပေါ့။
အာမခံရောင်းတယ်ဆိုပါတော့။ တကယ်ရောင်းတာ က Peace Of Mind (စိတ်အေးချမ်းမှု) တခုခု ဖြစ်လာရင် ကူရာကယ်ရာမဲ့မနေဘူး ဆိုတဲ့ ခံစားချက်၊ ပိုက်ဆံတွေ ထင်ထားတာထက် ပိုကုန်သွားမယ်ဆိုတဲ့ အကြောက်တရားကို သက်သာစေခြင်းတွေကို ရောင်းတာဖြစ်ပါတယ်။
ကိုယ့်ရောင်းကုန်ဟာ ဝယ်သူရဲ့ ဘယ်ခံစားချက်ထိကို သွားသလဲ
အလှကုန် နဲ့ Branded ပစ္စည်းသုံးစွဲတဲ့ အမျိုးသမီးတွေအပေါ်နားလည်မှု အနည်းငယ်လွဲတတ်တဲ့သဘောရှိတတ်ကြပါတယ်။
Evolution Psychology အရဆိုရင် တဖက်လိင် ကို ဆွဲဆောင်ဖို့၊ အမျိုးသမီးအချင်းချင်းကြားထဲမှာ ပိုထင်ပေါ်ဖို့နဲ့၊
ဒီနေရာမှာ တော်တော်များများက ပထမ တစ်ခုကြောင့်လို့ဘဲ ဆွဲတွေးလေ့ရှိပါတယ်။ တကယ်တော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတည်ဆောက်ဖို့ (ကိုယ်ဘယ်လိုလူပါဆိုတာကို ကိုယ့်ကိုကိုယ်ပြန်ကြော်ငြာဖို့) အလှကုန်သုံးစွဲတာများပါတယ်။
ပြောရရင် ဝယ်သူတွေရဲ့ အဓိက ဝယ်ယူရတဲ့ အကြောင်းအရင်းက ဘာလဲဆိုတာသိဖို့လိုတာပေါ့။
ဈေးရောင်းကောင်းကြပါစေ။
Min Than Htut
#betterversion #morethanyouthink #makeyourprogress
ဦးမင်းသန်းထွဋ်
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။