Message Strategy : Applied Behavioral Economics Principles In Sales & Marketing
August 20, 2021 2022-03-08 11:55Message Strategy : Applied Behavioral Economics Principles In Sales & Marketing
ကြော်ငြာစရိတ်တွေ လျှော့ချနိုင်ဖို့၊ ရောင်းအားတိုးလာဖို့ နဲ့ လွှမ်မိုးနိုင်စွမ်းမြင့်တက်လာဖို့အတွက်
- အသေးစား၊ အလတ်စား ကိုယ်ပိုင် လုပ်ငန်းရှင်တွေ
- အရောင်းပိုင်း၊ မားကက်တင်းပိုင်းကို တာဝန်ယူထားရတဲ့ မန်နေဂျာတွေ နဲ့ Professionals တွေ
- လုပ်ငန်းမှာ Creative ပိုင်းကို ဦးစားပေးဖို့ လိုတဲ့ လူတွေ
- Digital Marketing ပိုင်းကို တာဝန်ယူထားရတဲ့လူတွေ
- ကိုယ့်အလုပ်မှာ တခြားလူတွေကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ပြောဆိုနိုင်ဖို့ လိုအပ်နေတဲ့လူတွေ
သင့်ရဲ့ ဆုံးဖြတ်ချက်တော်တော်များများကို Old Brain က ချမှတ်ပါတယ်။ တကယ်လို့ ကိုယ်ပြောတာကိုဘဲဖြစ်ဖြစ်၊ ကိုယ့်ပစ္စည်း (ရောင်းကုန်) ကို ဝယ်သူတွေ လက်ခံစေချင်ရင် Old Brain ရဲ့ အလုပ်လုပ်ပုံကို သိပြီး သင်ပြောပုံဆိုပုံ တင်ဆက်ပုံကို ပြောင်းနိုင်ရမယ်။ ဘာပြောသလဲ ဆိုတာထက် ဘယ်လို ပြောသလဲဆိုတာ အရေးကြီးတယ်။
ဒါနဲ့ ဒီ Page ကို ရောက်လာတယ်။ ဒီနေရာထိကို ရောက်နေပြီဆိုရင် ဒီသင်တန်းမှာ လေ့လာမယ့် နည်းလမ်းတွေရဲ့ တစ်စိတ်တစ်ပိုင်း စွမ်းအင်ကြောင့်ပါ။ သင်လဲ လက်တွေ့ သုံးလာနိုင်လိမ့်မယ်။
Go Ahead, please! 👇👇👇

Message Strategy ကို ဘာကြောင့်တက်သင့်တာလဲ။
- မားကက်တင်းပိုင်းမှာ အရင်ကထက် Engagment ပိုကောင်းလာဖို့ နဲ့ ကြော်ငြာ စရိတ်တွေ လျှော့ချလာနိုင်ဖို့
- ဈေးရောင်းရင်လဲ အရင်ထက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ရောင်းအားတက်လာဖို့
- ကိုယ်နဲ့ ကိုက်မယ့် ဝယ်သူ၊အာရုံစိုက်သင့်တဲ့ ဝယ်သူတွေ ရွေးချယ်တတ်လာဖို့
- ကြော်ငြာ ဒီဇိုင်း Website ဒီဇိုင်း စဥ်းစားတဲ့အခါ၊ Sales Copy ၊ Content ရေးတဲ့အခါ၊ Sales Presentation လုပ်တဲ့အခါ အရင်ကထက်ပိုပြီး ထိထိရောက်ရောက် ရေးသားနိုင်ဖို့။
- Presentation လုပ်ဖို့ ရှိလာတာဘဲ ဖြစ်ဖြစ် ခေါင်းဆောင်တွေဆိုလဲ Speech ပေးဖို့ ဖြစ်လာတဲ့အခါ အရင်ကထက် ယုံကြည်မှုရှိရှိ ပြောရဲဆိုရဲ ဖြစ်လာပြီး လွှမ်းမိုးမှု တည်ဆောက်နိုင်ဖို့
- တကယ်လို့ ဝန်ထမ်းဆိုရင် အလုပ်လျှောက်တဲ့အခါမျိုးမှာ ကိုယ့်ကို ရွေးသွားအောင် Interview ဖြေနိုင်ဖို့
သင့်ပြောတာတွေကို လက်ခံလာအောင် လုပ်ဖို့ ကြော်ငြာစရိတ်လျှော့ချနိုင်ဖို့၊ရောင်းအားတက်လာဖို့ လိုနေပြီဆိုရင်
ဘာကြောင့် Better Version က သင်တန်းတွေကို သဘောကျကြတာလဲဆိုရင်
သင်ခန်းစာတွေကို လက်တွေ့နဲ့ချိတ်ဆက်ပြီး ရှင်းလင်းပြောပြတဲ့အတွက် နားလည်လွယ်တယ်။
သီအိုရီတွေအပြင် တကယ်အပြင်မှာလုပ်ဆောင်နေရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး သင်ကြားတဲ့အတွက် နားလည်လွယ်ပြီး လက်တွေ့အသုံးချနိုင်တယ်။ လိုအပ်တဲ့ Format တွေကိုလဲ ထည့်ပေးထားတယ်။
အွန်လိုင်းသင်တန်းဖြစ်တဲ့အတွက် အင်တာနက်ရတဲ့ ဘယ်နေရာ၊ ဘယ်အချိန်မဆို သင်အဆင်ပြေသလို လေ့လာနိုင်တယ်။
ဆရာနဲ့ တစ်ပတ်တစ်ခါဖြစ်ဖြစ် အမေးအဖြေလုပ်နိုင်တဲ့နေ့တွေမှာ တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်တယ်။ Better Version ရဲ့ Communities တွေ Forum တွေမှာလဲ တခြားလုပ်ငန်းခွင်ထဲက လူတွေနဲ့ မိတ်ဖွဲ့နိုင်သလို မေးမြန်းဆွေးနွေးတာတွေလဲ လုပ်နိုင်တယ်။
Better Version က စီးပွားရေးအတွက် အထောက်အပံ့ဖြစ်မယ့် ပွဲတွေမှာ ဦးစားပေးတက်ရောက်ခွင့်၊ Better Version ရဲ့ အထူးဦးစားပေး ဝန်ဆောင်မှုတွေကို ဈေးနှုန်းသက်သာခွင့်ရနိုင်တယ်။
Brands That Trust Better Version

Meet Your Trainer
ဦးမင်းသန်းထွဋ်သည် Pro Niti Co., Ltd ရဲ့ Founder/CEO တစ်ယောက်ဖြစ်ပြီးတော့ ၂၀၁၈ ခုနှစ်အတွက် Myanmar Young Entrepreneur Award ရရှိထားပါတယ်။
BBC News မှာ Myanmar Tourism Young Entrepreneur အနေနဲ့ လည်းကောင်း၊ Rising Star Of Asesan အနေနဲ့ TTG Asia News တွင်လည်းကောင်း ဖော်ပြခံရပါတယ်။
စကော့တလန် နိုင်ငံမှ Heriot-Watt University ရဲ့ Edinburgh Business School ကနေ မားကက်တင်း ဘာသာရပ် အထူးပြု မဟာဘွဲ့ MSc (Marketing) ရရှိထားပါတယ်။
Rotman School Of Management, University Of Toronto မှ ပို့ချတဲ့ Behavioural Economics (အပြုအမူဆိုင်ရာ ဘောဂဗေဒ)ဘာသာရပ်ကိုလဲ တက်ရောက်လေ့လာခဲ့ပါသည်။
ဦးမင်းသန်းထွဋ်သည် B.Sc. Chemistry ဘွဲ့ ရရှိပြီးနောက်တွင် ခရီးသွားလာရေးစီမံခန့်ခွဲမှု (Tourism Studies and Management) နှင့် UK နိုင်ငံ ICM အသိအမှတ်ပြု Marketing Management၊ Financial Management နှင့် Digital Marketing Strategy တို့ကိုလည်း လေ့လာခဲ့ပါသည်။ ထို့ပြင် Neuro-Linguistic Programming၊ TimeLine Therapy၊ NLP coaching by American Board of NLP နှင့် Alliances from North American ကဲ့သို့သော အဖွဲ့အစည်းများမှာ အသိအမှတ်ပြု Practitioner တစ်ဦး၊ Trainer တစ်ဦး လည်း ဖြစ်ပါသည်။

Get Our Best Discount Now.
အထူး သင်တန်းဈေးနှုန်း ရယူပါ။
Message Strategy တက်ပြီးသင်ဘာတွေရသွားမလဲ။
လူတစ်ယောက်က အနည်းဆုံး တနေ့ကို ကြော်ငြာ ၁၀၀၀၀ ကျော်လောက် မြင်နေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကြော်ငြာတိုင်းကို မမှတ်မိနိုင်ဘူး။ ကိုယ့်ကြော်ငြာကို ကြည့်စေချင်တယ်၊ စိတ်ဝင်စားစေချင်တယ်၊ အာရုံစိုက်စေချင်တယ်ဆိုရင် ဦးနှောက်ရဲ့ အလုပ်လုပ်ပုံနဲ့ ဘာအရာတွေကို အာရုံစိုက်သလဲဆိုတာ နားလည်ရမယ်ဖြစ်လို့ ဒီသင်ခန်းစာမှာ လေ့လာသွားမယ်။
ကိုယ်ပြောတာကို နားထောင်စေချင်တယ်၊ လက်ခံစေချင်တယ်ဆိုရင် အာရုံစိုက်မှု ရယူပြီးရင် တင်ဆက်ပုံက အရေးကြီးတယ်။ ကိုယ်ပြောမယ့် အရာကို ဘယ်လို တည်ဆောက်ပုံမျိုးနဲ့ ပြောမလဲဆိုတာကို လေ့လာသွားမှာပါ။
ထိရောက်တဲ့ တင်ဆင်ပုံ ပြောဆိုပုံကိုထည့်သွင်းပါဝင်ရမယ့် အကြောင်းအရာ ၆ ခု အကြောင်းကို လေ့လာသွားမှာပါ။
သင်ရဲ့ ပြောဆို တင်ဆက်ပုံကို ပိုပြီးတော့ ရုပ်လုံးကြွလာအောင် နားထောင်သူ၊ တဖက်လူရဲ့ ယုံကြည်မှု၊ အာရုံစိုက်မှုတွေအရယူနိုင်ဖို့၊ကိုယ်ပြောတဲ့ အကြောင်းအရာကို လက်ခံလာဖို့အတွက် အားဖြည့်ပေးမည့် အကြောင်းအရာတွေကို လေ့လာမယ်။
Behavioral Economics ဆိုတဲ့ ဘာသာရပ်ကို မြန်မာနိုင်ငံမှာ ပြောဆိုကြတာ နည်းပါးပါသေးတယ်။ ဒီဘာသာရပ်ဟာ လူတွေရဲ့ ဝယ်ယူမှု ဆုံးဖြတ်ချက်တွေကို ဘယ်လိုချကြသလဲဆိုတာကို လေ့လာတဲ့ဘာသာရပ်ဖြစ်ပါတယ်။ ဒီ ဘာသာရပ်ရဲ့ တွေ့ရှိချက်တွေထဲက အရောင်းပိုင်း၊ မားကက်တင်းပိုင်းမှာ လက်တွေ့အသုံးချနိုင်မယ့်စည်းမျဥ်းတွေကို လေ့လာကြမယ်။
Our Leaner’s Testimonials