ကြော်ငြာ စရိတ်ကို ထိထိရောက်ရောက် ဖြစ်အောင် ဘယ်လို သတ်မှတ်မလဲ။
December 20, 2021 2022-02-10 15:14ကြော်ငြာ စရိတ်ကို ထိထိရောက်ရောက် ဖြစ်အောင် ဘယ်လို သတ်မှတ်မလဲ။

ကြော်ငြာ စရိတ်ကို ထိထိရောက်ရောက် ဖြစ်အောင် ဘယ်လို သတ်မှတ်မလဲ။
လုပ်ငန်းအတွက် strategy စဉ်းစားတဲ့အခါ ဘာရောင်းမှာလဲ၊ ဘယ်ဈေးနဲ့ရောင်းမှာလဲ၊ ဘယ်နေရာ ကနေ ဖြန့်မှာလဲ ဆိုတာတွေကိုစဉ်းစား ပြီးပြီဆိုရင် နောက်တစ်ဆင့် အနေနဲ့ ဘယ်လို နေရာတွေကနေ လူများများသိအောင် ကြော်ငြာမလဲ ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
ဒီလိုမျိုး လူများများသိစေဖို့ ကြော်ငြာတဲ့အခါ ကုန်ကျစရိတ်ကို သေချာ သတ်မှတ်တာမျိုးမလုပ်ဘဲနဲ့ ထင်သလောက်၊ လုပ်ငန်းထဲမှာ ရှိသလောက်ကို သုံးနေတာမျိုး ဆိုရင်လည်း အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်ပြီး ထိရောက်မှု လည်း မရှိတာမျိုး တွေ ဖြစ်တတ်ပါတယ်။
ဒီတော့ လုပ်ငန်းအတွက်လည်း ထိရောက်မှု ရှိအောင် ကြော်ငြာ စရိတ်သတ်မှတ်ဖို့တဲ့အခါ ဘယ်အချက်တွေနဲ့ ချိန်ထိုး စဉ်းစားလို့ ရမလဲ ကြည့်လိုက်ရအောင်။
၁) တတ်နိုင်မှု ပမာဏ
ပထမဆုံးကတော့ လုပ်ငန်းအနေနဲ့ ကြော်ငြာ စရိတ် အတွက် ဘယ်လောက် တတ်နိုင်သလဲ ဆိုတာကို သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ရုံးရဲ့ budget plan အရ ကြော်ငြာ စရိတ်ကိုတော့ တစ်နှစ်လုံးစာ အတွက် အနည်းဆုံး သိန်း ၈၀ ကနေ၊ အများဆုံး သိန်း ၁၀၀ အထိ သုံးမယ်ဆိုတာမျိုး ဖြစ်ပါတယ်။
၂) အရောင်းရနိုင်ချေ ပမာဏ
အရောင်းပိုင်းနဲ့ မားကတ်တင်းပိုင်းက ချိတ်ဆက်နေတာ ဖြစ်တဲ့အတွက် ကြော်ငြာ စရိတ် သတ်မှတ်တဲ့ အခါမျိုးမှာ ဒီ ၂ ဖွဲ့လုံး ပေါင်းလုပ်နိုင်ဖို့ လိုပါတယ်။ အရောင်းအဖွဲ့အနေနဲ့ တစ်နှစ်လုံးမှာ သိန်း ၅၀၀ ဖိုးရအောင်ရောင်းမယ်။ မားကတ်တင်းပိုင်းကလည်း ကြော်ငြာစရိတ်အတွက် သိန်း ၅၀၀ ရဲ့ ၅ ရာခိုင်နှုန်း ၂၅ သိန်း သုံးမယ်ဆိုတာမျိုး ဖြစ်ပါတယ်။ လိုချင်တဲ့ ရောင်းအား (sales volume) ပေါ်မှာ မူတည်ပြီးတော့ ကြော်ငြာ စရိတ်ကို သတ်မှတ်တာမျိုး ဖြစ်ပါတယ်။ လုပ်ငန်း တစ်ခုခုနဲ့တစ်ခုခု ကြော်ငြာ စရိတ် သတ်မှတ်တဲ့ ပုံစံကတော့ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ ကုန်ပစ္စည်းရောင်းတဲ့ လုပ်ငန်းနဲ့ ဝန်ဆောင်မှု ရောင်းတဲ့လုပ်ငန်းကို ခွဲကြည့်မယ်ဆိုရင်လည်း ကုန်ပစ္စည်း ရောင်းတဲ့ အနေအထားမျိုးဆိုရင် ကြော်ငြာ စရိတ်ကို ရောင်းအားရဲ့ ၄ သို့မဟုတ် ၅ ရာခိုင်နှုန်းလောက် ယေဘုယျ အားဖြင့် သတ်မှတ်ကြပေမယ့် ဝန်ဆောင်မှု ရောင်းတဲ့အနေအထားမှာဆိုရင်တော့ ရောင်းအားရဲ့ ၁၅ ရာခိုင်နှုန်းလောက်ထိကို ကြော်ငြာ စရိတ်အတွက် သုံးတာမျိုးလည်း တွေ့ရပါတယ်။
၃) ပြိုင်ဘက်တွေ အခြေအနေ
လုပ်ငန်းတူ၊ အနေအထားတူတဲ့ ပြိုင်ဘက်တွေ သုံးတဲ့ ပုံစံအတိုင်း ကြော်ငြာ စရိတ်ကို လိုက်သုံးတာ ဖြစ်ပါတယ်။ ဒါကတော့ လုပ်ငန်းပေါ်မူတည်ပြီး တချို့ဆိုလည်း လုံးဝ မသိနိုင်တဲ့ အနေအထားမျိုး တော့ ဖြစ်နေတတ်သလို တချို့ဆိုရင်လည်း ပြိုင်ဘက် တွေသုံးတဲ့ပုံစံကို အကဲခတ်၊ သုံးသပ်လို့ ရနိုင်တဲ့သနေအထားမျိုး ဖြစ်နေတတ်ပါတယ်။
၄) လိုချင်တဲ့ ရည်မှန်းချက်
သင့်လုပ်ငန်းရဲ့ လိုချင်တဲ့ ရလဒ်၊ ဖြစ်ချင်တဲ့ပုံစံက ဘာလဲ ဆိုတာ ပေါ်မှာ မူတည်ပြီးတော့လည်း ကြော်ငြာ စရိတ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ သင့်လုပ်ငန်းက Product life cycle မှာဆိုရင် Introduction (အခုမှ ဈေးကွက် ထဲကို စဝင်တဲ့အဆင့်) လား၊ Growth (နာမည်ရစ အဆင့်) လား၊ Maturity (အရောင်းရဆုံး အဆင့်) လား၊ Decline (ရောင်းအားကျနေတဲ့အဆင့်) လား ဆိုတဲ့အချက် ပေါ်မှာမူတည်ပြီး ချထားတဲ့ မားကတ််တင်း ဗျူဟာတွေ အရလည်း ဘယ်လောက်တော့သုံးပြီး ကြော်ငြာ ဖို့လိုနေပြီ ဆိုတာမျိုး သတ်မှတ်လို့ရပါတယ်။
ဒီအချက်တွေနဲ့ချိန်ထိုး စဉ်းစားမှသာလျှင် ထိရောက်အကျိုးရှိတဲ့ budget plan ကို သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။