မန်နေဂျာကောင်းတိုင်း မဖြစ်မနေ လုပ်ရမယ့် လုပ်ငန်းစဥ်များ
December 20, 2021 2022-02-28 9:22မန်နေဂျာကောင်းတိုင်း မဖြစ်မနေ လုပ်ရမယ့် လုပ်ငန်းစဥ်များ
မန်နေဂျာကောင်းတိုင်း မဖြစ်မနေ လုပ်ရမယ့် လုပ်ငန်းစဥ်များ
မန်နေဂျာတွေပဲဖြစ်ဖြစ်၊ လုပ်ငန်းကို စီမံ ဦးဆောင်နေရတဲ့သူတွေပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်း တစ်ခုကို ဦးဆောင် နေရသူတွေ အနေနဲ့ဆိုရင် POLC framework ဆိုတာကို သိထားဖို့၊ ကျွမ်းကျင်နေဖို့ လိုပါတယ်။
P = Planning
ခေါင်းဆောင်တစ်ယောက် အနေနဲ့ ကျွမ်းကျင်ထားသင့်တဲ့ တာဝန်တွေထဲမှာ လုပ်ငန်းအတွက်၊ ကုမ္ပဏီ အတွက် ရည်မှန်းချက်တွေ၊ လိုချင်တဲ့ရလဒ်တွေကို အစီအစဉ် ဆွဲပေးရတဲ့ planning ဆိုတာကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ထဲမှာဆိုရင် သင့်အဖွဲ့သားတွေ အတွက် အလုပ်တာဝန်တွေ ခွဲဝေပေးရတာတွေ၊ တစ်ယောက်ချင်းစီရဲ့ အရည်အချင်းကို သုံးသပ်ပြီး လုပ်ငန်းရဲ့ ရေတို၊ ရေရှည် အတွက် လိုချင်တဲ့ ရလဒ်ကို အကောင်အထည်ဖော်နိုင်ဖို့ မဟာဗျူဟာတွေ ချမှတ်ပေးရတာတဲ့ အပိုင်းတွေလည်း ပါဝင်ပါတယ်။
O = Organising
လိုချင်တဲ့ရလဒ်တွေရဖို့ အစီအစဉ်ဆွဲပြီး တာဝန်တွေ ခွဲဝေပေးလိုက်ရုံနဲ့လည်းမပြီးသေးပါဘူး။ သင့်အဖွဲ့သားတွေ ဒီတာဝန်တွေကို ကျေပွန်အောင် ဆောင်ရွက်နိုင်ကြဖို့ ဘာတွေ အထောက်အပံ့ပေးဖို့ လိုအပ်မလဲ ဆိုတာကိုလည်း စဉ်းစားပြင်ဆင်ပေးရပါသေးတယ်။ ဒါက organising ပါ။ လုပ်ငန်း ကောင်းကောင်းလည်ပတ် နိုင်ဖို့၊ department တစ်ခုနဲ့တစ်ခု အဆင်ပြေပြေ ချောချောမွေ့မွေ့ ပူးပေါင်းဆောင် ရွက်နိုင်ဖို့တွေဟာ ခေါင်းဆောင်ရဲ့ organisational skills ပေါ်မှာ အများကြီး မူတည်နေပါတယ်။
L = Leading
မှန်ကန်သော ခေါင်းဆောင်မှုစွမ်းရည်ဖြစ်ပါတယ်။ သင့်အဖွဲ့ထဲက လူတွေရဲ့ အခြေအနေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို မူတည်ပြီးတော့ အမိန့်အာဏာ သုံးသင့်သား၊ ရှေ့ကနေ ဦးဆောင် ကြိုးစားပြတဲ့ခေါင်းဆောင်မှုကိုသုံးသင့်တာလား၊ အဖွဲ့သားတွေရဲ့ လုပ်နိုင်စွမ်းအား ကိုတက်လာစေဖို့ အကြံဉာဏ်ပေး၊ နည်းပေးလမ်းပြလုပ်တဲ့ ပုံစံနဲ့သွားမလား စသည်ဖြင့် မှန်ကန်တဲ့နည်းလမ်းနဲ့ ဦးဆောင်မှုပေးတတ်ဖို့လည်း လိုပါသေးတယ်။
C = Controlling
ထိန်းချုပ်ခြင်း။ ဆိုလိုတာက ရလဒ်တွေကို ပြန်လည် သုံးသပ်ခြင်းကို ပြောတာ ဖြစ်ပါတယ်။ သင်ချမှတ်လိုက်တဲ့၊ အစီအစဉ်ဆွဲ၊ တာဝန်ခွဲပေးလိုက်တာတွေဟာ သတ်မှတ်ထားတဲ့အချိန်အတွင်း အောင်အောင် မြင်မြင် ပြီးမြောက်ရဲ့လား။ ဘာတွေ လုပ်အပ်ချက်ဖြစ်နေလဲ။ ဒီနေရာမှာ ရလာဒ်မကောင်းရင် ဘာဖြစ်လို့များပါလိမ့် ဆိုပြီး သုံးသပ်ကြပေမယ့် ရလာဒ်ကောင်းနေရင်တော့ သုံးသပ်ဖို့ ကို တစ်ခါတစ်ရံမေ့နေတတ်ကြပါတယ်။ အဲ့လိုမဟုတ်ပါဘူး။ ရလာဒ်ကောင်းရင်းလည်း သုံးသပ်ဖို့လိုပါတယ်။ ငါတို့ဘာကြောင့် ဒီလိုရလာဒ်ကောင်းတာလဲ၊ ဘာတွေမှန်ကန်လဲ၊ ဘာတွေအလုပ်ဖြစ်လဲ ဆိုတာမျိုးပေါ့။ အဲ့ဒါမှပဲ ငါတို့ နောက်လတွေမှာ ဘာပိုကောင်းအော င်လုပ်မလဲဆိုတာ စဥ်းစားနိုင်မှာပါ။
ဒီ POLC framework ကို ကျွမ်းကျင်ထားမှသာလျှင် ဦးဆောင်နေရသူတစ်ယောက်အနေနဲ့ ရေရှည် မှာ အောင်မြင်တဲ့ အဖွဲ့အစည်း တစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ အဖွဲ့အစည်းကို မှန်ကန်တဲ့ လမ်းညွန်မှုနဲ့၊ အောင်မြင်တဲ့ ဦးဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ အဖြစ်ရပ်တည်နိုင်ကြပါစေ။
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။