Blog

သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၄)

Magic Words _ 4
Customer Service / Sales

သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၄)

When will be a good time? (ဘယ်အချိန်က အကောင်းဆုံးဖြစ်မလဲ။)

Magic Word – သင့်လုပ်ငန်းအတွက် အကျိုးရှိစေမယ့် စကားလုံးများထဲကနေ  “When will be the best time _ ဘယ်အချိန်က အကောင်းဆုံးဖြစ်မလဲ” ဆိုတဲ့ စကားလုံး အသုံးပြုပုံတွေကို မျှဝေပေးပါ့မယ်။ 

“ဘယ်အချိန်က အကောင်းဆုံးဖြစ်မလဲ” ဆိုတဲ့ စကားလုံးကို ဘယ်အချိန်မှာ သုံးသင့်လဲဆိုရင် တစ်စုံတစ်ယောက်ကို သင့်ရဲ့ idea၊ သင့်ကုန်ပစ္စည်း၊၀န်ဆောင်မှုကို သေချာအလေးအနက် ထားပြီး ရှင်းလင်းတင်ပြခြင်တဲ့ အချိန်မျိုး၊ နောက်ပြီး အရောင်းနဲ့ ပတ်သတ်လာတဲ့ အခါမျိုးမှာလည်း ၀ယ်သူ၊ ဖောက်သည် တွေကို follow up လိုက်တဲ့ အချိန်မျိုးမှာ မဖြစ်မနေသုံးရမှာဖြစ်ပါတယ်။ 

လုပ်ငန်းခွင်မှာပဲ အထက်လူကြီးနဲ့ ပဲဖြစ်ဖြစ်၊ ဆွေးနွေးရမယ့် လုပ်ဖော်ကိုင်ဖက်နဲ့ ပဲဖြစ်ဖြစ် (ဒါမှမဟုတ်) ၀ယ်သူ အသစ်တစ်ယောက်ကို presentation တစ်ခုလုပ်ဖို့ ပြောဆိုဆက်ဆံရတဲ့အခါ “မအားသေးလို့”၊ အချိန်မရသေးလို့ ဆိုတဲ့ စကားတွေကို တော်တော်များများ၊ ကြားဖူး တွေ့ကြုံဖူးပါလိမ့်မယ်။ 

ဒီအဖြစ်အပျက်မျိုးက သင့်အနေနဲ့ ရှေ့ဆက်သွားနိုင်ဖို့ အတွက် ကြီးမားတဲ့စိန်ခေါ်မှုပဲဖြစ်ပါတယ်။ ဒီလို စိန်ခေါ်မှုမျိုး ကို ကျော်လွှားနိုင်ဖို့ ဆိုရင် သင့်အနေနဲ့ “ဘယ်အချိန်ကများအကောင်းဆုံးဖြစ်မလဲ” ဆိုတဲ့ မေးခွန်းမျိုးကို သေချာ ပြန်မေးတတ်ဖို့လိုပါတယ်။ 

ဥပမာ ပြောရရင် ရုံးတွင်းမှာ သင့်အနေနဲ့ ၀ယ်သူကို proposal ပို့ရတော့မယ်။ ပို့ဖို့အတွက်ဆိုရင် အထက်လူကြီးရဲ့ Approve လိုတယ်ဆိုပါတော့။ အထက်လူကြီးအနေနဲ့ သင့် proposal ကို checking လုပ်ပေးဖို့ အချိန် အခက်အခဲဖြစ်နေတယ်ဆိုရင် သင့်အနေနဲ့ “ကျွန်တော့် proposal ကို Approve ပေးဖို့ ဘယ်အချိန်လောက်များ အကောင်းဆုံးဖြစ်မလဲခင်ဗျာ၊ ဒါမှမဟုတ် ကျွန်တော်ဘယ်အချိန် လာတင်ပေးရမလဲ ဆိုတာမျိုးကို မေးမြန်းပြီး process ကို ပိုမြန်အောင် remind လုပ်နိုင်ပါတယ်။ 

ဒါမှ approve ပေးရမယ့် တစ်ဖက်လူအနေနဲ့လည်း ငါ ဒီအချိန်တော့ သူနဲ့ ဆွေးနွေးနိုင်တယ်ဆိုတာမျိုး ဆုံးဖြတ်နိုင်တော့ ရုံးတွင်း process လည်း ပိုပြီး မြန်မြန်နဲ့ ချောချောမွေ့မွေ့ ဖြစ်တာပေါ့။ 

နောက်တစ်မျိုးက ၀ယ်သူက အခုတော့ ၀ယ်ဖို့၊ မ၀ယ်ဖို့ မဆုံးဖြတ်ရသေးလို့ ပြန်ပြောပေးမယ်နော်တို့၊ ပြန်ဆက်သွယ်ပေးပါ့မယ်တို့ကို အရောင်းသမားတိုင်းလိုလို ကြုံဖူးကြပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ဆိုရင်လည်း အရောင်းသမားတွေအနေနဲ့ “ကျွန်တော်၊ ကျွန်မတို့ ဘယ်အချိန်လောက်များ follow up လိုက်ပေးရင် အမ/အကိုတို့အတွက် အဆင်ပြေဆုံးဖြစ်မလဲ” ဆိုတာမျိုးနဲ့ သေချာတဲ့ အခြေအနေတစ်ခုကို ဖန်တီးလို့ရပါတယ်။ 

ဒါမှ တစ်ဖက်၀ယ်သူကလည်း ငါဘယ်နေ့တော့ ဆုံးဖြတ်ချက်ချပြီး အကြောင်းပြန်မလဲဆိုတာမျိုး သူကိုယ်တိုင်လည်း ရှင်းလင်းသွားတော့ ရောင်းရတာပိုလွယ်သွားပြီး အရောင်းမြန်မြန်ပိတ်နိုင်တာပေါ့။ 

ဒါကြောင့် တစ်စုံတစ်ယောက်ကများ “အချိန်မရှိသေးလို့လို့” ပြောလာခဲ့ရင် သင့်အနေနဲ့ “ဘယ်အချိန်ကများအကောင်းဆုံးဖြစ်မလဲ ခင်ဗျာ/ရှင့်” ဆိုတဲ့ မေးခွန်းကို မေးပြီး မသေချာမရေရာတဲ့ အခြေအနေတွေကို ကျော်ဖြတ်ကြည့်ပါလို့။ 

#betterversion #morethanyouthink #magicwords

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ