သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၆)
February 11, 2022 2022-02-11 12:15သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၆)

သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၆)
What Happen Next (နောက်ထပ်ဘာဆက်ဖြစ်မလဲ)
နောက်ထပ် Magic Word တစ်ခုကတော့ “What Happen Next _နောက်ထပ် ဘာဆက်ဖြစ်လဲ (ဒါမှမဟုတ်) နောက်ထပ်ဘာဆက်လုပ်မလဲ” ဆိုတဲ့ စကားလုံးပဲဖြစ်ပါတယ်။
ဒီစကားလုံးကို အရောင်းမှာတင်မဟုတ်ပါဘူး၊ ရုံးတွင်းပိုင်း ညှိနှိုင်းဆွေးနွေးမှုတွေမှာလည်း သုံးလို့ရပါတယ်။ သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို သတင်းအချက်အလက် ရှင်းလင်းတင်ပြပြီးတဲ့အခါ တစ်ဖက်လူကို ရလာဒ်တစ်ခုရောက်အောင် ဆက်ပြီး လုပ်ဆောင်စေချင်တဲ့ အခါမျိုးတွေမှာ သုံးလို့၊ ပြောလို့ရသလို ဆုံးဖြတ်ချက်တစ်ခုခုချစေချင်တဲ့အခါမျိုးမှာ လည်း ဒီစကားလုံးကို သုံးသင့်ပါတယ်။
တစ်ခါတစ်လေမှာ အရောင်းသမားတွေဟာ ၀ယ်သူနဲ့ အရမ်းတွေ လေပေးဖြောင့်ပြီးအခြေအနေကောင်း နေပေမယ့် ၀ယ်သူက ခုထိမ၀ယ်သေးတာမျိုးကို ကြုံဖူးပါလိမ့်မယ်။ ဒါဟာ ဘာလိုအပ်လဲလို့ ပြောရင် ၀ယ်သူကို ၀ယ်ယူမှု ဆုံးဖြတ်ချက်ဆီကို ရောက်အောင် အရောင်းသမားအနေနဲ့ လမ်းကြောင်းပေးဖို့ လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။
ဒီလိုပဲ ရုံးမှာ ကုန်ပစ္စည်းအသစ် တွေဆွေးနွေးပြီး presentation တွေလုပ်ကြ၊ ဆွေးနွေးကြပေမယ့် ဘာဆက်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မှရေရေရာရာ မရှိပဲပြီးသွားတဲ့အခြေအနေတွေလည်း ထိုနည်းလည်းကောင်းပါပဲ။
ဒါကြောင့် သင့်အနေနဲ့ ရလာဒ်ကောင်းတဲ့အရောင်းသမားဖြစ်ဖို့၊ အစည်းအ၀ေးတွေမှာ ထိရောက်တဲ့ ဆွေးနွေးမှုတွေ မှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေရဖို့ ဆိုရင် သင့်အနေနဲ့ လိုချင်တဲ့ရလာဒ်အတွက် လမ်းကြောင်းပေးဖို့ လိုပါတယ်။ ဒီလိုအခြေအနေ၊အချိန်အခါမျိုးမှာဆိုရင် “ဘာဆက်ဖြစ်မလဲ၊ ဘာဆက်လုပ်ရမလဲ’ ဆိုတာမျိုးနဲ့ လမ်းကြောင်းပေးနိုင်ပါတယ်။
ဒါပေမယ့် သင့်အနေနဲ့ ဒီစကားမျိုးကို မပြောခင်မှာ တစ်ခုသတိထားရမှာက သင့်အနေနဲ့ တစ်ဖက်လူ သိသင့်သိထိုက်တဲ့ သတင်း၊ အချက်အလက်အကုန်ပေးထားဖို့ လိုပါလိမ့်မယ်။ အရောင်းဆိုရင်လည်း ၀ယ်သူကို သိသင့်သိထိုက်တဲ့ အခြေအနေ၊ အချက်အလက်အကုန် အရင်ရှင်းပြထားပါ။
ဥပမာဆိုရင် ၀ယ်သူကို ကုန်ပစ္စည်း၊ ၀န်ဆောင်မှုနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တဲ့ အခြေအနေတွေ၊ အချက်အလက်တွေ သေချာရှင်းပြပြီးတဲ့အချိန်၊ ၀ယ်သူနဲ့လည်း အဆင်ပြေပြေရှိနေပြီဆိုရင် သင့်အနေနဲ့ “အမ/အကို တို့ ကျွန်တော်တို့ ကုန်ပစ္စည်း အကြောင်းလေးလည်းသေချာသိသွားပြီဆိုတော့ နောက်ထပ်ဘာဆက်လုပ်ရမလဲဆိုရင် အမတို့ ပစ္စည်းအရေအတွက်လေးပြောပေးရုံပါပဲ၊ ကျွန်တော် Finance team ကို invoice လေးပြင်ပြီး ပို့ခိုင်းလိုက်ပါ့မယ်” ဆိုတာမျိုး နဲ့ အရောင်းပိတ်နိုင်ပါတယ်။
အရောင်းပိတ်ဖို့နောက်ထပ်ကောင်းတဲ့ ပုံစံတစ်မျိုးကတော့ “အမတို့ လိုအပ်တဲ့အချက်အလက်တွေသိပြီးပြီးဆိုတော့ နောက်တစ်ဆင့်အနေနဲ့ ကျွန်တော် Invoice လေးပို့ပေးရမလားခင်ဗျာ” ဆိုတာမျိုးနဲ့လည်း သုံးလို့ရပါတယ်။
နောက်တစ်ခုအနေနဲ့ ရုံးတွင်းဆွေးနွေးမှုတွေမှာလည်း သင့်အနေနဲ့ ကုန်ပစ္စည်းအသစ် presentation နဲ့ပတ်သတ်ပြီး အထက်လူကြီးတွေဆီက အကြံဥာဏ်တောင်းချင်တာမျိုး၊ ဆုံးဖြတ်ချက်တောင်းချင်တာမျိုး ဆိုရင်လည်း “ကျွန်တော်တို့ အခု လုံလောက်တဲ့ အချက်အလက်တွေသိပြီးပြီဆိုတော့ ကျွန်တော်တို့ နောက်ထပ်ဘာဆက်လုပ်ရမလဲခင်ဗျာ။ ဆိုတဲ့ မေးခွန်းမျိုးမေးပြီး ရှေ့ ဆက်သွားမယ့်လုပ်ငန်းစဥ်ကို သေချာရှင်းရှင်းလင်းလင်းမေးမြန်းနိုင်ပါတယ်။
သင်လိုချင်တဲ့ ရလာဒ်ကိုမြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူရဖို့ အတွက်ကတော့ မေးခွန်းမေးပြီး လမ်းကြောင်းဖန်တီးနိုင်ပါတယ်။ မေးတဲ့မေးခွန်းက ဖြေဖို့ လွယ်ကူလေလေ၊ သင့်အနေနဲ့ တစ်ဖက်လူရဲ့ ဆုံးဖြတ်ချက်ကို ရဖို့ ပိုပြီးလွယ်ကူလေလေပဲဖြစ်ပါတယ်။
ဒါကြောင့် “နောက်ထပ်ဘာဆက်လုပ်မလဲ”ဆိုတဲ့ မေးခွန်းကို အလျဥ်းသင့်သလိုသုံးပြီးရလာဒ်ကောင်းတွေ ဖန်တီးပါ။
#betterversion #morethanyouthink #magicwords
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။