သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၃)
February 11, 2022 2022-02-15 9:10သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၃)
သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၃)
Most People (အများစုကလေ)
ဒီတစ်ခါ အရောင်းမှာ အသုံးများတဲ့ magic word ကတော့ “most people _ အများစုကလေ” ဆိုတဲ့ စကားပဲ ဖြစ်ပြီး ဒီစကားလုံးကို ဘယ်အချိန်မှာ၊ ဘယ်လိုပုံစံမျိုးတွေအသုံးပြုပြီး ရလာဒ်ကောင်းအောင်လုပ်မလဲဆိုတာတွေကို မျှဝေချင်ပါတယ်။
ညှိနှိုင်းတဲ့ အခါမှာ တစ်စုံတစ်ယောက်က ဆုံးဖြတ်ချက်ချဖို့ ဒွိဟ ဖြစ်နေတဲ့ အခါ၊ မရေမရာဖြစ်နေတဲ့ အချိန်မျိုးမှာဆိုရင် ဒီစကားလုံးကို သုံးမယ်ဆိုရင် သင့်အတွက် အများကြီးအထောက်အကူဖြစ်တာ တွေ့ရပါလိမ့်မယ်။
စိတ်ပညာသဘောတရားအရကြည့်ရင်လည်း လူတွေဟာ ပတ်၀န်းကျင်နဲ့ နေရတာ၊ ပတ်၀န်းကျင်က အသိအမှတ်ပြုခံရတာကို ကြိုက်တယ်ဆိုတဲ့ လေ့လာချက်တွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက် တစ်ခုချတော့မယ်ဆိုရင် ဘေးပတ်၀န်းကျင်ရဲ့ လွှမ်းမိုးမှုဟာ အများစုအတွက် အရေးပါပါတယ်။
နောက်တစ်ခုအနေနဲ့ ဆိုရင် ၀ယ်သူအများစုဟာ လူများများသုံးတဲ့ကုန်ပစ္စည်း၊ ၀န်ဆောင်မှုဟာ ကောင်းဖို့ ၉၀ ရာခိုင်နှုန်း သေချာတယ်ဆိုပြီး risk ကို လျော့ချဖို့အတွက် စဥ်စားကြတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် ၀ယ်သူအများစုဟာ online ကနေ တစ်ခြားသူတွေရဲ့ recommendation၊ reviews တွေဖတ်ပြီး ပစ္စည်း၊ ၀န်ဆောင်မှုကို သုံးဖို့ ဆုံးဖြတ်ကြတာမျိုး ပိုများလာတဲ့ အတွက် Specialized Bloggers တွေ၊ TripAdvisor လိုမျိုး review တွေပေါ်အခြေခံပြီး ranking ပေးတဲ့ business platform တွေက အရမ်းကို trend ဖြစ်လာကြပါတယ်။
ဒါကြောင့် ၀ယ်သူတိုင်းက social proof လိုချင်တယ်ဆိုတာကိုနားလည်ထားမယ်ဆိုရင် သင့်၀ယ်သူကို ဆုံးဖြတ်ချက်ချနိုင်အောင် ဆွဲဆောင်နိုင်မှာပါ။ ဥပမာ အရောင်းသမားက ၀ယ်သူကို ဒါမျိုးသုံးသင့်တယ်လို့ ပြောရင် အဲ့အရောင်းသမား အငြင်းခံရဖို့ ကျိန်းသေသလောက်ရှိပါတယ်။
ဘာကြောင့်လဲလို့ ပြောရင် ၀ယ်သူစိတ်ထဲမှာ “ဘာကြောင့် ငါကဒါကိုသုံးသင့်တာလဲ၊ စိတ်ပညာ သဘောအရပြောရရင် သူပြောတာငါ ဘာလိုလုပ်ရမှာလဲဆိုတာမျိုး” မသိစိတ်က ဖြစ်တတ်လို့ပါ။
သင်ကိုယ်တိုင်တောင်မှ ပစ္စည်းတစ်ခုခု၀ယ်မယ်ဆိုရင် အတင်းတွန်းရောင်းနေတာမျိုးဆိုရင် စိတ်ထဲမှာ တစ်မျိုးဖြစ်ပြီး မ၀ယ်ဖြစ်တာမျိုးတွေ ရှိပါလိမ့်မယ်။ ဒါကြောင့် ၀ယ်သူ၊ ဖောက်သည်လည်း အဲ့ဒီလိုပါပဲ။
ဒါပေမယ့် အရောင်းသမားအနေနဲ့က “တစ်ခြား၀ယ်သူအများစုကလည်းလေ တစ်ခြား product တွေနဲ့ ယှဥ်ရင် ဒါလေးကို ပိုကြိုက်ကြတာ” ဆိုတဲ့ စကားသုံးလိုက်ရင်ကျတော့ ရလာဒ်က တစ်မျိုးပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။ ၀ယ်သူကလည်း ဟုတ်တယ်။ တစ်ခြားလူတွေ အများစုကတောင် သုံးတယ်ဆိုရင် ငါအတွက် ဒီပစ္စည်းက ပြဿနာမရှိလောက်ပါဘူးဆိုတဲ့ ယုံကြည်မှုမျိုး ရပြီး သင်ရောင်းချင်တဲ့ ကုန်ပစ္စည်း၊၀န်ဆောင်မှုကို လွယ်လွယ်ကူကူနဲ့ ရောင်းနိုင်မှာဖြစ်ပါတယ်။
ဥပမာပြောရရင် “ညီမတို့ သင်တန်းမှာ အကိုလိုပဲ လုပ်ငန်းရှင်အများစုလည်းတက်ရောက်နေကြပါတယ်။” ဆိုတာမျိုး၊ “ကျွန်မတို့ ဆိုင်မှာ လက်ရှိဖောက်သည်က ၁၀၀ ကျော်ရှိပြီး အများစုကဒီပစ္စည်းကို သုံးလို့ကောင်းလို့ အရမ်းကြိုက်ကြတယ်” ဆိုတာမျိုး၊ “ဒီ set menu ကတော့ ကျွန်တော်တို့ဆိုင်မှာ customer အမှာအများဆုံးပါပဲ” ဆိုတာမျိုး သုံးကြည်မယ်ဆိုရင် သင့်အရောင်းအတွက် ကောင်းတဲ့ ရလာဒ်တစ်ခု ပြောင်းလဲလာမှာအသေအချာပဲဖြစ်ပါတယ်။
#betterversion #morethanyouthink #magicwords
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။