Blog

သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၉)

Magic Words _ 9
Customer Service / Negotiation / Sales

သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၉)

If I Can, Will You? (ဒါလုပ်ပေးမယ်ဆိုရင်၊ မိတ်ဆွေအနေနဲ့ရော)

အရောင်းပိုင်းမှာရော၊ ညှိနှိုင်းရေးမှာ တစ်ဖက်လူက ကိုယ့်ကို ငြင်းရခက်တဲ့ တွန်းအားပေးတဲ့ အခြေအနေမျိုးကို လူတိုင်းကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရင် မိတ်ပျက်စရာမလိုပဲနဲ့ ကိုယ်လိုချင်တဲ့ ရလာဒ်၊ အခြေအနေကိုရောက်ဖို့ ဘယ်လို စကားလုံးမျိုးကို သုံးနိုင်မလဲဆိုတာ စဥ်းစားကြည့်ရအောင်။ 

အရင်ဆုံး တစ်ဖက်လူက ဘာကြောင့်တွန်းအားပေးလဲဆိုတဲ့ ရင်းမြစ်ကိုသိအောင်တော့ ကြိုးစားဖို့ လိုပါမယ်။ ဘယ်လိုအကြောင်းအရင်းတွေက ကိုယ်နဲ့ မူလသဘောတူညီမှုယူထားတဲ့ အကြောင်းအရာကနေ သွေဖယ်အောင် လုပ်နေတာလဲ၊ သက်ရောက်မှု ရှိနေတာလဲဆိုတာကို သိရင် ဖြေရှင်းရတာ ပိုပြီး လွယ်ကူစေနိုင်မှာဖြစ်ပါတယ်။ 

ဒီအခြေအနေကနေ ရုန်းထွက်နိုင်ဖို့ မဖြစ်မနေသုံးနိုင်တဲ့ စကားလုံးကတော့ “ကျွန်တော်/ ကျွန်မ ဒါလုပ်ပေးမယ်ဆိုရင်၊ မိတ်ဆွေအနေနဲ့ ဒါလုပ်ပေးနိုင်မလဲဆိုတာမျိုး” ပဲဖြစ်ပါတယ်။ ဒီစကားလုံးကို သုံးလိုက်ခြင်းအားဖြင့် ဆွေးနွေးမှု၊ အရောင်းညှိနှိုင်းမှုမှာ ပိတ်ဆို့နေတဲ့ အခက်အခဲကို ကျော်လွှားနိုင်မယ့်အပြင် ကိုယ်လိုချင်တဲ့ ရလာဒ်ကိုရနိုင်ဖို့ ညှိနှိုင်းမှု ပါ၀ါပါ ကိုယ်ဆီရောက်လာမှာဖြစ်ပါတယ်။ 

ဥပမာဆိုရင် ၀ယ်သူ၊ ဖောက်သည်က စျေးနဲ့ပတ်သတ်ပြီး ဖိအားပေးလျော့ခိုင်းနေတဲ့ အချိန်အခါမျိုးမှာဆိုရင် “ကျွန်တော်စျေးလျော့ပေးမယ်ဆိုရင် အမ/အကိုဘက်ကနေ အခုရေ ၁,၀၀၀ မှာပေးနိုင်မလား”။ ဒါမှမဟုတ် “အမ/အကို တို့ အခုရေ ၁,၀၀၀ မှာမယ်ဆိုရင် ကျွန်တော် စျေးကို ၂၀၀၀ဆီ လျော့ပေးပါမယ်” ဆိုတာမျိုး 

အကယ်လို့ ကျွန်တော် စျေးလျော့ပေးမယ်ဆိုရင် အမ/အကို ဒီနေ့ အော်ဒါတင်ပေးနိုင်မလားဆိုတာမျိုး ပြောပြီး ညှိနှိုင်းမှု၊ ဆွေးနွေးမှုကို လုပ်နိုင်ပါတယ်။ 

ဒီနေရာမှာ ကိုယ်က တစ်ဖက်ကလိုချင်တာကိုအမြဲညှိပေးရမယ့် တာ၀န်မရှိတာကိုတော့ သတိထားပေးပါ။ ကိုယ်ပေးနိုင်တဲ့ အနေအထားကို သုံးပြီး နောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာမျိုးကို ထိန်းချုပ်ရမယ့်အခြေအနေမျိုးနဲ့ သုံးနိုင်မယ်ဆိုရင် ညှိနှိုင်းရေး၊ ရောင်း၀ယ်ရေးမှာ ပိုပြီးအဆင်ပြေလာမှာဖြစ်ပါတယ်။ 

ဒီလိုပဲ နေ့စဥ်ဘ၀ လူမှုဆက်ဆံရေးမှာလည်း ဒီစကားလုံးကိုအလျဥ်းသင့်သလို အသုံးပြုနိုင်ပါတယ်။ တစ်ခုပဲ အရမ်း အပေးအယူပုံစံမျိုး မဖြစ်အောင်တော့ ဂရုစိုက်ပြီး လိုချင်တဲ့ ရလာဒ်ရအောင် အသုံးပြုနိုင်မယ်ဆိုရင် ကောင်းမွန်တဲ့ ဆက်ဆံရေးတွေလည်း ဖန်တီးနိုင်မှာဖြစ်ပါတယ်။

#betterversion #morethanyouthink #magicwords

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ