သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၅)
February 11, 2022 2022-02-11 11:58သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၅)

သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၅)
The Good News (သတင်းကောင်းကတော့)
ဒီတစ်ခါ မျှဝေချင်တဲ့ Magic Word ကတော့ “The Good News _ သတင်းကောင်းကတော့” ဆိုတဲ့ စကားလုံးပဲဖြစ်ပါတယ်။ ဒီစကားလုံးကို ဘယ်အချိန်မှာသုံးသင့်လဲဆိုရင် သင့်အနေနဲ့ အခြေအနေတစ်ခုခုကို မရေမရာတဲ့အခြေအနေကနေ ကောင်းတဲ့အခြေအနေ၊ ရလာဒ်တစ်ခုဖြစ်အောင် ဖန်တီးချင်တယ်အချိန်မျိုးမှာသုံးသင့်ပါတယ်။
ဒီစကားလုံးကို Labeling နည်းတွဲသုံးပြီး သင့်အနေနဲ့ ပြောဆိုနေတဲ့ တစ်ဖက်လူရဲ့ စိတ်ကို ကိုယ်လိုချင်တဲ့ လမ်းကြောင်း၊ လိုချင်တဲ့ ရလာဒ်ကို ဆွဲဆောင်ပြီး ခေါ်ယူသွားနိုင်ပါတယ်။ ဒါကြောင့် ဒီစကားလုံးက လူမှုဆက်ဆံရေးမှာ တော်တော်လေးအရေးပါတယ်လို့ ပြောနိုင်ပါတယ်။
စိတ်ပညာသဘောတရားအရ ကြည့်ရင်လည်း တစ်ဖက်လူအနေနဲ့ “သတင်းကောင်းကတော့” ဆိုတဲ့ စကားကို ကြားလိုက်ရင် သူတို့ရဲ့ မသိစိတ်မှာက သူတို့ အတွက်အကျိုးရလာဒ်တစ်ခုခုရှိတော့မယ် အတွေးရှိပါတယ်။ နောက်တစ်နည်းကောင်းတာက စိတ်မ၀င်စားတဲ့ လူကို ပြောနေရင်တောင်မှ သတင်းကောင်းကလေ ဆိုတဲ့စကားပြောလိုက်ပြီဆိုရင် တစ်ဖက်လူရဲ့ ရှိရင်းစွဲစိတ်၀င်စားမှုကို တောင် ချက်ခြင်းဆွဲဆောင်နိုင်သလို ဖြစ်လို့ သင့်ရဲ့ ဆက်ဆံရေးမှာလည်း ရလာဒ်ကောင်းတွေရစေနိုင်ပါတယ်။
ဥပမာပြောရရင် တစ်ယောက်ယောက်ကများ “သူတို့ ဒီကုန်ပစ္စည်းကိုသုံးလို့ အဆင်ပြေပါ့မလား” လို့ မေးလာခဲ့ရင် အရောင်းသမားတွေအနေနဲ့ ဟုတ်ကဲ့။ သတင်းကောင်းကလေ အမတို့၊ အကိုတို့လိုပဲ တစ်ခြားသူတွေလည်း အစပိုင်းမှာ သုံးဖို့ စိုးရိမ်နေတဲ့လူတွေအများကြီးရှိပေမယ့် အခုဆိုရင် ဒီပစ္စည်းကို သုံးပြီး ဒီပစ္စည်းမှ ဒီပစ္စည်းဖြစ်နေတယ်ဆိုတဲ့ Feedback ကောင်းလေးတွေရှိတော့ အမ၊အကိုအနေနဲ့ ရဲရဲကြီး အသုံးပြုလို့ရပါတယ်” ဆိုတာမျိုး ပြောလိုက်မယ်ဆိုရင် ၀ယ်သူရဲ့ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်နေတဲ့ စိတ်အခြေအနေကို အော်ဟုတ်သားပဲ၊ စိတ်ချရတဲ့ ဆိုတဲ့ ကောင်းတဲ့ စိတ်အခြေအနေကို ပြောင်းလဲလိုက်နိုင်တဲ့အတွက် သူ့အနေနဲ့ ၀ယ်ဖို့က ၈၀% လောက် သေချာသွားတာပေါ့။
နောက်ထပ် ဥပမာအနေနဲ့ဆိုရင် ၀ယ်သူတစ်ယောက်က အရင်တုန်းကလည်း ဒီလိုမျိုးတွေသုံးခဲ့ဖူးတယ်။ အဆင်မပြေဘူးဆိုတဲ့ စကားမျိုးပြောလာခဲ့ရင် အရောင်းသမားတွေအနေနဲ့ “ဟုတ်လား။ ကောင်းတာတစ်ခုကလေ အမ/အကိုအနေနဲ့ ကိုယ်နဲ့မသင့်တော်တဲ့ ပစ္စည်းအမျိုးအစားတစ်ခုကို သိသွားတော့ တစ်ခြား ကိုယ်နဲ့ ကိုက်ညီတဲ့ နောက်ထပ် ပစ္စည်းမျိုးတစ်ခုကို စမ်းပြီးသုံးကြည့်ဖို့ တုံ့ဆိုင်းနေစရာမလိုတော့ဘူးပေါ့နော် ဆိုတာမျိုးနဲ့ အရင်က ရှိထားတဲ့ မကောင်းတဲ့ Negative Experiences တစ်ခုကို သင့်ရဲ့ ကုန်ပစ္စည်းဆီကို မပါလာစေပဲ ကောင်းတဲ့ရလာဒ်အတွက် စမ်းသပ်မယ်ဆိုတဲ့ positive – ကောင်းတဲ့အတွေးမျိုးတစ်ခုကို ၀ယ်သူရဲ့ စိတ်ထဲအရောက်ထည့်ပေးနိုင်မှာဖြစ်ပါတယ်။
ဒီလိုပဲ လုပ်ငန်းတိုးတက်ဖို့ အတွက်၊ Skill တက်ဖို့ ဘယ်အပိုင်းမှာ ဖြည့်ဆည်းရမလဲဆိုတာမျိုး မရေမရာဖြစ်နေတာမျိုးဆိုရင် “သတင်းကောင်းကတော့ ကျွန်တော်တို့ Better Version Institute မှာ လူကြီးမင်းတို့ရဲ့ အရောင်း၊မားကတ်တင်းနဲ့ ပတ်သတ်ပြီး လိုအပ်ချက်၊ လိုအင်နဲ့ ရချင်တဲ့ရလာဒ်တွေပေါ် မူတည်ပြီး ကိုက်ညီတဲ့ အရောင်း၊မားကတ်တင်းသင်တန်းတွေကို တက်ရောက်ပြီး လိုချင်တဲ့ တိုးတက်မှုရအောင် လုပ်လို့ရပါတယ်။ ဒါကတော့ ဒီလိုအသုံးပြုလို့ရတယ်ဆိုတာပြောရင်းနဲ့ ကြော်ငြာ၀င်တာပါ။ 😊
ဒါကြောင့် ဒီစကားလုံး “သတင်းကောင်းကလေ ဒါမှမဟုတ် ကောင်းတာတစ်ခုက” ဆိုတဲ့ စကားလုံးကို အသုံးပြုပြီး သင့်၀ယ်သူရဲ့ စိတ်၊ အတွေးတွေကို ကောင်းတဲ့လမ်းကြောင်း၊ စိတ်ခံစားချက်ဆီကို ခေါ်ဆောင်သွားနိုင်လို့ ဒီနေ့ ကစပြီး အရောင်းမှာ ထည့်ပြီးသုံးကြည့်ပါလို့။
#betterversion #morethanyouthink #magicwords
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။