သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၂)
February 11, 2022 2022-02-11 10:08သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၂)

သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၂)
မစိုးရိမ်ပါနဲ့ (Don’t worry)
Magic Word – သင့်လုပ်ငန်းအတွက် အကျိုးရှိစေမယ့် စကားလုံးများထဲက ဒုတိယတစ်ခုအနေနဲ့ “မစိုးရိမ်ပါနဲ့ _ Don’t Worry” ဆိုတဲ့ စကားလုံး အသုံးပြုပုံတွေကို မျှဝေပေးပါ့မယ်။
ဒီစကားလုံးကို ဘယ်အချိန်မှာ အသုံးပြုသင်လဲဆိုရင် တစ်စုံတစ်ယောက်က သင့်ရဲ့ အကြံဉာဏ်၊ သင့် ကုန်ပစ္စည်း၊ ၀န်ဆောင်မှု စတာတွေကို စမ်းပြီးသုံးကြည့်ဖို့ စိုးရိမ်ပူပန်နေတဲ့ အခြေအနေမျိုးမှာ ဒီစကားလုံးကို အသုံးပြုသင့်ပါတယ်။
သင့် အနေနဲ့ idea အသစ်တစ်ခုခုကို မိတ်ဆက်တာမျိုးပဲဖြစ်ဖြစ်၊ product အသစ်တစ်ခုခုကို ရောင်းရတာ၊ customer အသစ် တစ်ယောက်ယောက်နဲ့ ပြောရတဲ့အခါမှာ တစ်ဖက်ကလူအနေနဲ့ သင့်အကြံဉာဏ်ကို လက်ခံဖို့၊ ဒါမှမဟုတ် ပစ္စည်းအသစ်ကို၀ယ်ဖို့ အတွက် သူတို့မှာ စိုးရိမ်ပူပန်တာတွေ၊ စိတ်ထဲ ဘ၀င်မကျဖြစ်နေတတ်တာမျိုးတွေ ကြုံဖူးပါလိမ့်မယ်။
ဒီလိုအချိန်မျိုးမှာ သင့်အနေနဲ့ “မစိုးရိမ်ပါနဲ့နော်” ဆိုတဲ့ စကားကို ပြောလိုက်ခြင်းအားဖြင့် တစ်ခြားသူရဲ့ စိတ်ထဲမှာ သင်ဟာ သူ့စိုးရိမ်မှုကို သိနေတဲ့ အတွက် သူ့ကိုနားလည်နိုင်ပါလားဆိုတဲ့ ကောင်းတဲ့အတွေး၀င်သွားပြီး သင့်ကို ယုံကြည်မှု ဖြစ်သွားစေပြီး ကောင်းတဲ့ အပြောင်းအလဲဖြစ်သွားစေပါလိမ့်မယ်။
သင်ရောင်းတဲ့ ပစ္စည်းက ပိုစဥ်းစားရတဲ့ (High Involvement Purchase) ဖြစ်နေတယ်ဆိုရင် ဒီစကားလုံးမျိုးကို မဖြစ်ဖြစ်အောင် ပြောသင့်ပါတယ်။
ဥပမာပြောရရင် ကား showroom မှာ ကားရောင်းတဲ့ အခါမျိုးမှာဆိုရင် ကားနဲ့ ပတ်သတ်ပြီး ၀ယ်သူတွေစိုးရိမ်လေ့ရှိတဲ့ အရာတွေကို အရင်ကြိုပြီးသိထားသင့်ပါတယ်။
၀ယ်သူက ကိုယ့်ကားကို၀ယ်ချင်ပေမယ့် တခြားစိုးရိမ်နေတာမျိုးရှိနေတဲ့ အချိန်မျိုးဆိုရင် သင့်အနေနဲ့ ၀ယ်သူကို “ကားအပိုပစ္စည်း (spare parts) တွေလွယ်လွယ်ကူကူရတဲ့အတွက် အချိန်ကုန်ခံပြီးလိုက်ရှာရမှာ မစိုးရိမ်ပါနဲ့”။ Service Center တွေကလည်း နီးနီးနားနားလွယ်လွယ်ကူကူဆိုတော့ အချိန်ကုန်မှာ စိုးရိမ်စရာလည်းမလိုတော့ဘူးပေါ့” အစရှိတဲ့ ဒီစကားလုံးကို အသုံးပြုပြီး သင့် ကုန်ပစ္စည်းရဲ့ အားသာချက်တွေကိုပြောပြနိုင်မယ်ဆိုရင် ၀ယ်သူအနေနဲ့ ကိုယ့်ပစ္စည်းကို ၀ယ်ဖို့အတွက် ရာခိုင်နှုန်းပိုများတာပေါ့။
ဒီလိုပဲ တစ်ခြားကုန်ပစ္စည်းအနေနဲ့ဆိုလည်း ၀ယ်သူက အဆင်ပြေပါ့မလားလို့ စိုးရိမ်နေတာမျိုးဆိုရင်
“မစိုးရိမ်ပါနဲ့။ အကိုတို့လိုပဲ ကျွန်တော်တို့ ကုန်ပစ္စည်းကို တခြားဘယ်သူတွေလဲ သုံးနေတာလေဆိုတဲ့” ပြီးတော့ အစမ်းပေးသုံးမှာမို့လို့ စိုးရိမ်စရာမလိုတော့ဘူးပေါ့” ဆိုတာမျိုး ၀ယ်သူနဲ့ communicate လုပ်နိုင်ရင် သေချာပါတယ် သင့်ရဲ့ရောင်းအားက အရင်ကထက်တော့ ပိုတက်လာတာမျိုး၊ ၀ယ်သူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ပိုအဆင်ပြေလာတာများကြုံရပါလိမ့်မယ်။
ဒါကြောင့် တစ်ဖက်လူက စိုးရိမ်ပူပန်မှုတွေဖြစ်နေတာမြင်ရပြီဆိုရင် “မစိုးရိမ်ပါနဲ့”ဆိုတဲ့ စကားသုံးပြီး ပိုကောင်းတဲ့ပြောဆိုဆက်ဆံရေးတွေတည်ဆောက်နိုင်အောင် ကြိုးစားရင်း ရလာဒ်ကိုလည်း အကဲခတ်ကြည့်လို့ရပါတယ်။
နောက်တစ်ပတ်မှာ ဘယ်လိုစကားလုံးမျိုး မျှဝေမလဲဆိုတာလည်း စောင့်ပြီးဖတ်ပေးပါဦးလို့။
#betterversion #morethanyouthink #magicwords
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။