Blog

သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၈)

Magic Words _ 8
Customer Service / Sales

သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၈)

Before you Make your mind Up (ဆုံးဖြတ်ချက်မချခင်မှာလေ)

မ၀ယ်ဘူးလို့ ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ကို ၀ယ်အောင်လုပ်ရတာတော့ သိပ်မလွယ်ပါဘူး။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရပါဘူး။ ဒါပေမယ့် အရင်ဆုံးလုပ်နိုင်တာကတော့ တန်း၀ယ်သွားမယ်ဆိုတဲ့ အဆင့်ထက်ကို ၀ယ်ဖို့အတွက်စဥ်းစားကြည့်လိုက်မယ်နော် (Maybe) ဆိုတဲ့ အဆင့်ကို တက်လာအောင် စကားလုံးတစ်ချို့ကိုသုံးပြီး ၀ယ်သူရဲ့ စိတ်ပါ၀င်စားမှုကို မြှင့်တင်နိုင်ပါတယ်။ 

တစ်စုံတစ်ယောက်က ငြင်းပယ်တော့မယ့် အမူအရာမျိုး၊ ဆုံးဖြတ်ချက်ချမယ့် အနေအထားမျိုးမှာဆိုရင် “ဆုံးဖြတ်ချက်မချခင်မှာလေ” ဆိုတဲ့ စကားလုံးအသုံးအနှုန်းကို သုံးပြီးတော့ ကိုယ်လိုချင်တဲ့ ရလာဒ်ဖြစ်လာနိုင်မယ့် အနေအထားတစ်ခုကို ပြောင်းလဲ နိုင်မှာဖြစ်ပါတယ်။ 

“ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုကို မသုံးတော့ဘူးလို့ ဆုံးဖြတ်ချက်မချခင်မှာလေ ဘာတွေပါလဲ၊ ဘာတွေအပိုဆောင်းပေးစရာမလိုဘူးလဲ ဆိုတာ သေချာလေးများဖတ်ကြည့်ပြီးသွားပြီလား ခင်ဗျာ” ဆိုတဲ့ အသုံးအနှုန်းမျိုး၊ 

“မယူတော့ဘူးလို့ မဆုံးဖြတ်ခင်လေ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုမှာပါတဲ့ အချက်လက်လေးတော့သေချာပြန်စစ်ပြီး ညှိနှိုင်းမှုတွေများလုပ်ချင်သေးလား ခင်ဗျာ” ဆိုတာမျိုး၊ 

ကျွန်တော်တင်တဲ့ project၊ proposal (အဆို)ကို မပယ်ခင်မှာ စျေးကွက်ထဲမှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို အရင်လေ့လာကြည့်ပြီး သက်ဆိုင်တဲ့အဖွဲ့အစည်းနဲ့များ တိုင်ပင်ကြည့်ဦးမလား” ဆိုတဲ့ အပြောမျိုးနဲ့ လိုချင်တဲ့ ရလာဒ်ရဖို့ ပိုနီးစပ်တဲ့ နောက်တစ်ဆင့်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ 

ဒီနည်းလမ်း၊ ဒီစကားလုံးက ငြင်းတော့မယ့် လူတွေရဲ့ အနေအထားကနေ ညှိနှိုင်းမှုတွေလုပ်နိုင်တဲ့ အဆင်ထိ တိုးတက်လာအောင် ဖန်တီးပေးနိုင်မှာဖြစ်လို့  ဒီစကားလုံးကို အလျဥ်းသင့်သလို အသုံးပြုနိုင်မယ်ဆိုရင် ရလာဒ်ကောင်းတွေ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ 

#betterversion #morethanyouthink #magicwords

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ