Blog

သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၁)

Magic Words _ 1
Customer Service / Sales

သင့်အရောင်းအတွက် အကျိုးရှိစေမယ့် စကားစုများ _အပိုင်း (၁)

မိတ်ဆွေ နဲ့ ကိုက်ပါ့မလားတော့ မသိဘူး။ ဒါပေမဲ့ (I am not sure It’s for you, but) 

ကျွန်တော်တို့တွေ နေ့စဥ်ဘ၀မှာ စကားပြောဆက်ဆံတဲ့အခါပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ Ideas၊ အကြံဉာဏ်တွေကို တစ်ခြားလူတစ်ယောက်၊ ၀ယ်သူပဲဖြစ်ဖြစ်၊ အထက်အရာရှိပဲ ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ပဲ ဖြစ်ဖြစ် ရှင်းလင်း၊ ပြောပြရတဲ့ အခါ စကားလုံးအသုံးအနှုန်းတွေကို သေချာ ရွေးချယ် အသုံးပြုတတ်ဖို့ လိုပါတယ်။ 

သင် လိုချင်တဲ့ ရလာဒ်တွေရဖို့ အသုံးပြုနိုင်တဲ့ စကားလုံးတွေ၊ Magic word တွေအကြောင်း ကို ကျွန်တော်တို့ Better Version ကနေပြီး မျှဝေပေးပါမယ်။ 

ပထမဆုံး အနေနဲ့ ကတော့ “I am not sure it’s for you, but, မိတ်ဆွေနဲ့ ကိုက်ပါ့မလားတော့မသိဘူး။ ဒါပေမဲ့” ဆိုတဲ့ စကားပါ။ 

သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို တစ်ခုခု မိတ်ဆက်ပေးချင်တာမျိုး အစရှိတဲ့ အခြေအနေမျိုးမှာ ဒီစကားကို အသုံးပြုနိုင်တယ်။ 

ဒီစကားကိုပြောလိုက်ခြင်းအားဖြင့် တစ်ဖက် နားထောက်တဲ့ လူအနေနဲ့  စိတ်ထဲမှာ ပထမဆုံးအနေနဲ့  “အတင်းအကြပ်” မဖြစ်မနေလုပ်ရမယ်ဆိုတဲ့ စိတ်ကိုလျော့ချပေးနိုင်တယ်။ ၀ယ်သူဆိုလည်း ရှင်းပြတာ နားထောင်ပြီးတာနဲ့ ငါတော့ ၀ယ်ရတော့မှာပဲဆိုတဲ့ စိတ်ကြီး မဖြစ်စေတော့ ပိုပြီးပေါ့ပေါ့ပါးပါးနဲ့  communicate လုပ်ပြီး ပြောဆိုဆွေးနွေးလို့ရတယ်။ 

နောက်တစ်ခုအနေနဲ့က ဒီစကားလုံးကို ပြောလိုက်ခြင်းအားဖြင့် တစ်ဖက်လူရဲ့ သိချင်စိတ်ကို ပိုပြီးနှိုးဆွ လိုက်သလို ဖြစ်သွားတဲ့ အတွက် တစ်ဖက်လူအနေနဲ့လည်း သင့်ရဲ့ နောက်ဆက်တွဲ စကားပေါ်မှာ အာရုံစူးစိုက်မှု အပြည့်ရလို့ သင်လိုချင်တဲ့ ရလာဒ်ရဖို့အတွက် ညှိနှိုင်းဆွဲဆောင်နိုင်တယ်။ 

ဥပမာဆိုရင် Cosmetic ကောင်တာတွေသွားတဲ့အခါကျရင် Sales promoter လေးတွေ ရှင်းပြတာကို အချိန်တစ်ခုပေးပြီး နားထောင်ကြည့်ရင် သူတို့ ဒီစကားလုံးကို အများဆုံးသုံးတာတွေ့ရပါလိမ့်မယ်။ 

အမ အသားအရေနဲ့ ကိုက်မလားတော့မသိဘူး။ ဒါပေမယ့် ဒီပစ္စည်းလေးက အသစ်ထွက်ထားပြီး အရမ်းလူကြိုက်များတယ်။ စျေးနှုန်းကလည်း သင့်တင်တယ်လေ ဆိုတဲ့ ကုန်ပစ္စည်းအသစ်မိတ်ဆက်တာ မျိုးလုပ်ပါတယ်။ 

အဲ့လိုပြောတဲ့ အခါ ၀ယ်သူကလည်း “အမက အသားခြောက်တာ၊ အဆီပြန်တာ” အစရှိတာနဲ့ စကားစပ်မိသွားပြီး ၀ယ်ဖို့ရည်ရွယ်ထားတဲ့ ပစ္စည်းရော၊ မိတ်ဆက်ပေးလိုက်တဲ့ ပစ္စည်းရော နှစ်မျိုးလုံး  ၀ယ်ယူသွားတာတွေတောင် တွေ့ရပါတယ်။ 

ဒါကြောင့် တစ်ခုခုကို မိတ်ဆက်ဖို့ ရှိနေရင် ဒီစကားလုံးကို စမ်းပြီးသုံးကြည့်လိုက်ပြီး တစ်ဖက်လူရဲ့ တုံ့ပြန်တဲ့ ပုံစံကိုလည်း အကဲခတ်ဖို့ မမေ့နဲ့နော်။ 

#betterversion #morethanyouthink #magicword

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ