Message Strategy: Applied Behavioral Economics Principles In Sales & Marketing

Message Strategy: Applied Behavioral Economics Principles In Sales & Marketing

Message Strategy: Applied Behavioral Economics Principles In Sales & Marketing

Course Description

ဘာပြောလဲဆိုတာထက် ဘယ်လိုပြောလဲဆိုတာ အရေးကြီးတယ်။ 

Message Strategy 

Boost Your Sales & Marketing Effectiveness and Influences 

ပစ္စည်းနှစ်ခုရှိတယ်။ အရည်အသွေးတူတယ်။ ဈေးနှုန်း မတိမ်းမယိမ်းဖြစ်နေတယ်ဆိုပါတော့။ ဈေးနည်းနည်းပိုတဲ့ ပစ္စည်းကို ပိုရောင်းချင်ရင် ဘယ်လို လုပ်မလဲ။

“ဘာပြောလဲဆိုတာထက် ဘယ်လိုပြောလဲဆိုတာ အရေးကြီးတယ်” 

သင့်ရောင်းတဲ့ရောင်းကုန် (ကုန်ပစ္စည်း၊ ဝန်ဆောင်မှု) က အရည်အသွေးကောင်းတယ်။ ဒါပေမယ့် လူမသိရင် မရောင်းရဘူး။ 

သင် လူသိအောင် နည်းပေါင်းစုံနဲ့ ကြိုးစားမယ်။ ကြော်ငြာမယ်။ ပြောဆိုတင်ဆက်ပုံမကောင်းရင် ကြော်ငြာစရိတ်လဲ ကုန်၊ သင့်ဝယ်သူရဲ့ ရင်ထဲမရောက်လို့ မဝယ်ရင် နှစ်ခါနာဖြစ်သေးတယ်။ 

ဈေးရောင်းရင်လဲ ဝယ်သူရဲ့ စိတ်ကို လွှမ်းမိုးနိုင်ဖို့ Message structure မရှိတာမျိုးကြောင့် ထင်သလောက်မပေါက်ခဲ့တဲ့အချိန်တွေရှိမှာပေါ့။ 

အသစ်တွေထွင်တာထားဦးတော့ နောက်က ချက်ချင်းနီးပါးလိုက်လာမယ့် ပြိုင်ဘက်တွေရှိလာတယ်။ 

အဲလို အနေအထားမှာ

– သင်ရောင်းအားကောင်းဖို့၊ 

– ကြော်ငြာစရိတ်သက်သာဖို့၊ 

– သင်ကိုယ်တိုင် ဂုဏ်ယူနိုင်လောက်တဲ့ Brand ဖြစ်ဖို့ဆိုရင်

သင့်ဝယ်သူတွေကိုဘယ်လိုတင်ဆက်ပြောဆိုသလဲဆိုတဲ့ Message Strategy က ခရာဘဲ။ 

ဥပမာတစ်ခု ကြည့်ရအောင်။ 

၁) မင်းသားလေးဟာ ရောဂါကြောင့်သေသွားတယ်။ နောက်ပြီး မင်းသမီးလေးဟာ သေသွားတယ်။

၂) မင်းသားလေးဟာ ရောဂါကို ပြင်းပြင်းထန်ထန် အလူးအလဲ ခံစားရပြီး သေသွားတယ်။ မင်းသမီးလေးဟာ မင်းသားလေးကို လွမ်းတဲ့စိတ်ကြောင့် လွမ်းနာကျပြီး သေသွားတယ်။

ဘယ်တစ်ခုကို လူတွေပိုမှတ်မိကြမလဲဆိုရင် (၂) ကို ပိုမှတ်မိကြလိမ့်မယ်။ Behavioural Science မှာတော့ Story Bias လို့ခေါ်တယ်။ လူတွေက အချက်အလက်ထက်ကို ဇာတ်လမ်းတွေ၊ပုံပြင်တွေကို ပိုသဘောကျတဲ့ သဘောပါ။ 

နောက်တစ်ခုကြည့်ရအောင်။ Loss Aversion.

ပိုက်ဆံတစ်သိန်းကောက်ရလို့ ပျော်တဲ့ခံစားချက် နဲ့ ပိုက်ဆံ တစ်သိန်းပျောက်သွားလို့ ဆုံးရှုံးရတဲ့ ခံစားချက်ရဲ့ ရေချိန်မှာ ဘယ်ဟာပိုမြင့်မလဲ။ 

ပျောက်သွားလို့ရတဲ့ ဆုံးရှုံးရတဲ့ ခံစားချက်က ပိုမြင့်မှာပေါ့။ ဒါကို Loss Aversion လို့ ခေါ်ပါတယ်။ လူတွေဟာ ဆုံးရှုံးရတဲ့ ခံစားချက်ကို ပိုကြောက်ကြတယ်။ ဆုံးဖြတ်ချက်တော်တော်များများဟာ အကြောက်တရားက လာတယ်။

နောက်တစ်ခု ကြည့်ရအောင်။ Compromising Effect 

ပစ္စည်းနှစ်ခုရှိတယ်။ အရည်အသွေးတူတယ်။ ဈေးနှုန်း မတိမ်းမယိမ်းဖြစ်နေတယ်ဆိုပါတော့။ ဈေးနည်းနည်းပိုတဲ့ ပစ္စည်းကို ပိုရောင်းချင်ရင် ဘယ်လို လုပ်မလဲ။ 

လွယ်လွယ်လေးဘဲ။ ဈေးနှုန်းပိုကြီးတဲ့ တတိယ Product တစ်ခု ထပ်တိုးပေးလိုက်ရုံဘဲ။ ဘာလို့လဲ ဆိုရင် လူတွေက ထူးခြားမှု၊ ကွဲပြားမှု သိပ်မရှိတဲ့ ပစ္စည်းတွေ ကို ရွေးတဲ့နေရာမှာ အလယ်ကဟာကို ရွေးကြတာပိုများတယ်။ ဒါကို Behavioural Economics မှာ Compromise Effect လို့ခေါ်ပါတယ်။ 

ဒီဥပမာတွေလို့ဘဲ Behavioural Science မှာ တွေ့ရှိချက်တွေအရ လူတွေမှာ၊ သင့်ဝယ်သူတွေမှာ မမြင်ရတဲ့ (ဒါပေမယ့် ခန့်မှန်းလို့ရတဲ့) ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးမှုရှိတဲ့ အကြောင်းအရာတွေအများကြီးရှိတယ်။ 

ဒီလွှမ်းမိုးမှုတွေကိုသာ သင်နားလည်ထားမယ်ဆိုရင် 

  • သင့်ကြော်ငြာ ဒီဇိုင်း၊ စာသား စဥ်းစားဖန်တီးတဲ့အခါ
  • Sales presentation လုပ်ဖို့ Sales call ထွက်ဖို့ရှိတဲ့အခါ
  • Content ရေးဖို့ စဥ်းစားတဲ့အခါ၊ Website design စဥ်းစားတဲ့အခါ
  • ပိုင်ရှင်၊ မန်နေဂျာအနေနဲ့ Speech ပြောဖို့ ရှိလာတာ 
  • ဝန်ထမ်း၊ Freelancer ဖြစ်နေရင်တောင် အလုပ်ရဖို့ ကြိုးစားတဲ့အခါ 

သင့်တန်ဖိုး၊ သင့်ရောင်းကုန်ရဲ့ တန်ဖိုးကို Message Strategy ကောင်းကောင်းသုံးနိုင်မယ်ဆိုရင် ပိုကောင်းတဲ့ ရလာဒ်တွေ ရလာမှာပါ။ 

  • အရင်ကထက် ရောင်းအားတိုးလာဖို့
  • ကြော်ငြာစရိတ်တွေ လျှော့ချနိုင်ဖို့ 
  • ကိုယ်တိုင် ဂုဏ်ယူလောက်တဲ့ Brand ဖန်တီးနိုင်ဖို့ပေါ့။ 

ကျွန်တော်တို့ Better Version Institute မှာ နည်းလမ်းတွေလုပ်ပြီး တလ အတွင်းမှာ 

◾️ဝယ်နိုင်ချေရှိတဲ့ ဖောက်သည် – ၄၁.၅ %တက်သွားခြင်း

◾️ဝယ်သူတစ်ယောက်ရဖို့ သုံးစွဲလိုက်ရတဲ့ ကြော်ငြာစရိတ် – ၃၇.၇ %

◾️ရောင်းအားအရင်ကထက် ၆၂.၅% တိုးတက်လာခြင်း

◾️စုံစမ်းရာကနေ ဝယ်ယူမှု ဖြစ်သွားတဲ့နှုန်း (Sales Conversion) – ၅၀% တက်လာခြင်း

လက်တွေ့အသုံးမချနိုင်ရင် Better Version ကသင်တန်းမဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် အသုံးချတဲ့ ပညာရပ်တွေ၊ နည်းလမ်းတွေကို သာ သင်ကြားပါတယ်။ 

လာမယ့် Message Strategy: Boost Your Sales & Marketing Effectiveness and Influence သင်တန်းကို တက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် “MSM” လို့ မက်ဆေ့ပို့၊ ကွန့်မန့်ရေးခဲ့ပါ။ သင်တန်း အသေးစိတ်ကို ပို့ပေးပါမယ်။ 

ဦးမင်းသန်းထွဋ်
ကျွန်တော် Pro Niti Co., Ltd ရဲ့ Founder/CEO တစ်ယောက်ဖြစ်ပါတယ်။ CCI France ကပေးတဲ့ ၂၀၁၈ ခုနှစ်အတွက် Myanmar Young Entrepreneur Award ရရှိထားပါတယ်။ BBC News မှာ Myanmar Tourism Young Entrepreneur အနေနဲ့ လည်းကောင်း၊ Rising Star Of Asesan အနေနဲ့ TTG Asia News တွင်လည်းကောင်း ဖော်ပြခံရပါတယ်။ လက်ရှိမှာတော့ စကော့တလန် နိုင်ငံမှ Heriot-Watt University ရဲ့ Edinburgh Business School တွင် မာစတာဘွဲ့အတွက် မာကက်တင်း ဘာသာရပ်အထူးပြုဖြင့်တက်ရောက်နေပါသည်။ Rotman School Of Management, University Of Toronto မှ ပို့ချတဲ့ Behavioural Economics (အပြုအမူဆိုင်ရာ ဘောဂဗေဒ)ဘာသာရပ်ကိုလဲ တက်ရောက်လေ့လာခဲ့ပါသည်။ ကျွန််တော် B.Sc. Chemistry ဘွဲ့ ရရှိပြီးနောက်တွင် ခရီးသွားလာရေးစီမံခန့်ခွဲမှု (Tourism Studies and Management) နှင့် UK နိုင်ငံ ICM အသိအမှတ်ပြု Marketing Management၊ Financial Management နှင့် Digital Marketing Strategy တို့ကိုလည်း လေ့လာခဲ့ပါသည်။ ထို့ပြင် Neuro-Linguistic Programming၊ TimeLine Therapy၊ NLP coaching by American Board of NLP နှင့် Alliances from North American ကဲ့သို့သော အဖွဲ့အစည်းများမှာ အသိအမှတ်ပြု Practitioner တစ်ဦး၊ Trainer တစ်ဦး လည်း ဖြစ်ပါသည်။

Reviews

Average Rating

0
(0 rating)

Detailed Rating

0
0
0
0
0
Price 150,000K
Instructor ဦးမင်းသန်းထွဋ်
Duration 6 hours
Lectures 49
Enrolled 20 students
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping