Blog

ခေါင်းဆောင်မှု အဆင့်တွေက ဘာတွေ ဖြစ်မလဲ။ သင်က ဘယ်အဆင့်မှာရောက်နေတာလဲ။

အကောင်းဆုံးဦးဆောင်နိုင်ဖို့ သိထားတသင့်တဲ့ ​ခေါင်းဆောင်မှု့ပုံစံများ _ Website Blog
Leadership / Sales

ခေါင်းဆောင်မှု အဆင့်တွေက ဘာတွေ ဖြစ်မလဲ။ သင်က ဘယ်အဆင့်မှာရောက်နေတာလဲ။

ခေါင်းဆောင်မှု အဆင့်တွေက ဘာတွေ ဖြစ်မလဲ။ သင်က ဘယ်အဆင့်မှာရောက်နေတာလဲ။ 

ခေါင်းဆောင်မှု နဲ့ ပတ်သက်ရင် နာမည်ကြီးတဲ့ စာရေးဆရာ John C Maxwell ကတော့ ခေါင်းဆောင်မှုမှာ ၅ ဆင့်ရှိတယ်လို့ ဆိုပါတယ်။ ဆိုပါစို့ သင့်လက်အောက်မှာ စီမံခန့်ခွဲနေရတဲ့ လူ ၁၀ ယောက်ရှိမယ်ဆိုရင် တစ်ယောက်ချင်းနဲ့ သင်နဲ့  ကြားထဲမှာရှိနေတဲ့ ခေါင်းဆောင်မှု အဆင့်က တူမှာ မဟုတ်ပါဘူး။  

အရင်ဆုံး ခေါင်းဆောင်မှု အဆင့် ၅ ဆင့်က ဘာတွေ ဖြစ်မလဲ၊ ဘာကြောင့် သင့်ဦးဆောင်မှုနောက်ကို လိုက်တာလဲ ဆိုတာကို လေ့လာကြည့်ရအောင်။ 

  • Level 1 သင့်ရဲ့ ရာထူးကြောင့် သင့်နောက်ကိုလိုက်တာ (Position – Rights)

အဖွဲ့ထဲကို အခုမှ အသစ်ရောက်လာတဲ့ သူတစ်ယောက်အနေနဲ့ဆိုရင် ဒါမှမဟုတ်လည်း သင်မန်နေဂျာရာထူးနဲ့ ဝင်သွားတဲ့ နေရာတစ်ခုမှာ ဆိုရင် သင့်နောက်ကိုလိုက်ရခြင်း၊ သင်ခိုင်းတာကို လုပ်ရခြင်းဟာ သင့်ရဲ့ရာထူးနဲ့ လုပ်ပိုင်ခွင့် အာဏာ ကြောင့်ဖြစ်ပါတယ်။ 

သင့်နောက်ကိုလိုက်ကိုလိုက်ရမယ့် စည်းမျဉ်း၊ ပေါ်လစီ၊ စည်းကမ်းကြောင့်ပေါ့။ 

သင်သာဒီအဆင့်မှာ ရောက်နေရင် နောက်လိုက်တွေ၊ ဝန်ထမ်းတွေနဲ့ ပိုပြီးနီးနီးကပ်ကပ်ရှိဖို့ သူတို့အကြောင်း ပိုနားလည်အောင်၊ သိအောင် ကြိုးစားဖို့လိုပါတယ်။  

  • Level 2 ပေါင်းသင်းဆက်ဆံရေးကောင်းသွားပြီး ယုံကြည်လို့ သင့်နောက်ကိုလိုက်တာ  (Permission – Relationship) 

ဒီအဆင့်ကကြတော့ သူတို့ကိုယ်တိုင်က သင့်နောက်ကိုလိုက်ချင်စိတ်ရှိလို့၊ ပေါင်းသင်းဆက်ဆံရေး ကောင်းလို့ ယုံကြည်ဖို့၊ သင့်နောက်လိုက်တာမျိုး ဖြစ်ပါတယ်။ 

ဒီအဆင့်ကိုရောက်ဖို့ ဆိုရင် သင့်အနေနဲ့လည်း သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဖြစ်နေအောင် ကြိုးစားဖို့ လိုသလို၊ အမှားတွေ ဖြစ်လာတဲ့အခါ ထောက်ပြပြီး အကြံဉာဏ်ကောင်း ပေးတာမျိုးတွေ စတဲ့ အပြုသဘောဆောင်တဲ့ လွမ်းမိုးမှု ရအောင် ကြိုးစားဖို့လိုပါတယ်။ ပြီးတော့ ဒီလိုမျိုးလုပ်ခြင်းအားဖြင့် သူတို့အနေနဲ့ တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားလိုစိတ်၊ တာဝန်ကျေလိုစိတ်ကိုလည်း ဖြစ်စေပါတယ်။ 

  • Level 3 အဖွဲ့အစည်း ကောင်းကျိုးအတွက် သင်ကြိုးစားပေးထားတာတွေကြောင့် သင့်နောက််ကို လိုက်တာ (Production – Results)

အဖွဲ့အစည်းပေါ်မှာ၊ ရုံးပေါ်မှာ ကောင်းကျိုးအများကြီးကို ဖန်တီးနိုင်သူတစ်ယောက်ဖြစ်တာကြောင့် သင့်ရဲ့ စေတနာကို နားလည်ပြီး သင့်နောက်ကို လိုက်တဲ့အဆင့်ဖြစ်ပါတယ်။ သင့်ရဲ့ ဦးဆောင်မှုနဲ့ အရောင်းတွေ ပုံမှန်ထက် လတိုင်းတက်လာတာ၊ သင့်ရဲ့ မှန်ကန်ထိရောက်တဲ့ စီမံခန့်ခွဲနိုင်စွမ်းကြောင့် ဝန်ထမ်းတွေ အလုပ်လုပ်ရတာ အဆင်ပြေလာတာ၊ အလုပ်အပေါ်မှာ ပိုပြီး motivate ဖြစ်လာတာ တွေ ကြောင့်လည်း ဖြစ်ပါတယ်။ ဒီအဆင့်ကို ရောက်နေပြီဆိုရင် နောက်တစ်ဆင့်တက်ဖို့ သင့်အပေါ်ပိုပြီး လေးစားယုံကြည်မှုတိုးဖို့ ကြိုးစားဖို့လိုပါပြီ။ 

  • Level 4 သင့်လိုမျိုး အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တွေကို ဖန်တီးနိုင်စွမ်းရှိလို့ သင့်နောက်ကိုလိုက်တာ (People Development – Reproduction)

အဖွဲ့အစည်းကြီးတစ်ခုရဲ့ ခေါင်းဆောင်နေရာယူဖို့ဆိုရင် သင့်လက်အောက်က လူတွေကိုလည်း ခေါင်းဆောင်ကောင်းတွေ ဖြစ်လာအောင် မွေးထုတ်ပေးတတ်ဖို့ လိုပါတယ်။  ဒီအဆင့်ကကြတော့ သင့်အနေနဲ့ လက်အောက်က လူတွေကို မသိ၊မတတ်တာကို သိလာ၊ တတ်လာအောင် ကူညီပံ့ပိုးပေးတာ၊ သူတို့ရဲ့ leadership skill ကိုပါ မြှင့်တင်ပေးတာ၊ တစ်နေ့ထက် တစ်နေ့ ပိုတော်လာအောင် လက်တွဲခေါ်ပေးတာမျိုးတွေကြောင့် သင့်လိုမျိုး အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေ ထွက်လာစေလို့ အဲ့ဒီ ခေါင်းဆောင်တွေရော သူတို့ လက်အောက်က လူတွေရော  သင့်ကိုလေးစားပြီး သင့်နောက်ကိုလိုက်တဲ့ အဆင့်ဖြစ်ပါတယ်။ 

  • Level 5 လေးစားလို့ သင့်နောက်ကို လိုက်တာ (Pinnacle – Respects)

ဒီအဆင့်ကိုရောက်ဖို့ ကတော့ အဆင့် ၄ မှာ သင့်လိုမျိုး အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေ မွေးထုတ်ပေးတယ်။ သူတို့တွေကမှ တစ်ဆင့် သူတို့လိုအရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေကို ပြန်မွေးထုတ်ပေးတယ်။ ဒီလိုမျိုး အဆင့်ဆင့် အချိန်ကြာလာတဲ့အခါ သင့်လက်အောက်မှာ သင့်ကိုလေးစားတဲ့သူတွေ ပိုပိုများလာပြီး ဒီအဆင့်ကိုရောက်ပါတယ်။ သင့်နာမည်ကြားလိုက်တာနဲ့ကို နာမည် ဂုဏ်သတင်းကြောင့် သင့်ကို လေးစား သဘောကျ အားကျလာကြတဲ့ အဆင့်ဖြစ်ပါတယ်။

ဒါဆို သင်က အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေရတဲ့ team leader, managere, owner ဖြစ်နေမယ်ဆိုရင် သင့်လက်အောက်က လူတွေ သင့်နောက်ကို လိုက်ဖို့၊ ပြောတာနားထောင်ဖို့ သင်ကိုယ်တိုင်ရော ခေါင်းဆောင်မှုရဲ့ ဘယ်အဆင့်တွေမှာရှိနေလဲ။ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး နောက်တစ်ဆင့်တက်ဖို့အတွက် ဘယ်လိုမျိုး ကြိုးစားနိုင်မလဲ၊ ဘယ်လို အရည်အချင်းမျိုးတွေ ရှိအောင် လေ့လာသင်ယူဖို့လိုလဲ စဥ်းစားပြင်ဆင်ကြည့်ပါ။

#betterversion #morethanyouthink #makeyourprogress #levelsofleadership

[ သင်ခန်းစာနဲ့ပတ်သက်ပြီး မေးချင်တာများရှိရင် comment ရေးခဲ့ပါ။ ]

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
I got Better offer

အောက်တိုဘာ ၁၅ ရက်နေ့ မတိုင်ခင်ထိ "BVM30" ကုဒ် အသုံးပြုပြီး Special Offer ၃၀% ရယူပါ။