သင့်အရောင်းသမားတွေ လေးစားယုံကြည်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေ လုပ်ရမလဲ။
February 1, 2022 2022-02-10 15:04သင့်အရောင်းသမားတွေ လေးစားယုံကြည်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေ လုပ်ရမလဲ။

သင့်အရောင်းသမားတွေ လေးစားယုံကြည်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေ လုပ်ရမလဲ။
လုပ်ငန်းတစ်ခုမှာ ဦးဆောင်နေရသူတွေ၊ အရောင်း မန်နေဂျာတွေ၊ အရောင်းကြီးကြပ်သူတွေ အနေနဲ့ သင့်အဖွဲ့သားတွေကို အလုပ်ကြိုးစားစေချင်တယ်၊ သင်ပြောတဲ့အတိုင်း လုပ်စေချင်တယ်ဆိုရင် သင့်အပေါ်မှာ လေးစား ယုံကြည်မှု ရှိနေဖို့ လိုအပ်ပါတယ်။
သင့်ကို ယုံမှ သင့်ဦးဆောင်မှု နောက်ကို လိုက်မှာပါ။ ဒီတော့ သင့်အပေါ်လေးစားယုံကြည်မှုရှိစေဖို့၊ သင်ပြောတဲ့အတိုင်း လိုက်လုပ်ဖို့ ဆိုရင် ဘယ်လို အချက်တွေ သင်လက်တွေ့ လုပ်ငန်းခွင်မှာ ကျင့်သုံးဖို့ လိုအပ်လဲဆိုတာ ကိုလေ့လာကြည့်ရအောင်။
- လေးစားမှုရှိပါ။
သင့်ကိုလေးစားဖို့ဆိုရင် သင်ကိုယ်တိုင်ကလည်း အခြားသူအပေါ်လေးလေး စားစားဆက်ဆံပေးဖို့ လိုပါတယ်။ ကိုယ့်ထက်အသက်ငယ်လို့ပဲဖြစ်ဖြစ်၊ ရာထူးငယ်သူပဲဖြစ်ဖြစ် အကြံဉာဏ်ပေးတာမျိုးပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ ထင်မြင်ချက်ပေးတာမျိုးကိုပဲ ဖြစ်ဖြစ်လေးလေးစားစား နားထောင်ပေးတာ၊ ဆက်ဆံတာမျိုး လုပ်သင့်ပါတယ်။
- အသိအမှတ်ပြုပေးပါ။
အောင်မြင်မှု တိုင်းကို သေးသေးကြီးကြီး အသိအမှတ်ပြုပေးပါ။ complain တစ်ခုခု ကို အဆင်ပြေသွားအောင် ရှင်းနိုင်သွားတဲ့အခါမျိုးကစလို့ တစ်လစာ၊ တစ်နှစ်စာ သတ်မှတ်ထားတဲ့ sales target ထိအောင် ရောင်းနိုင်တဲ့ အခါမျိုးထိ သင့်လက်အောက်က သူတွေရဲ့ အောင်မြင်မှုတိုင်း ကို ခေါင်းဆောင် တစ်ယောက်အနေနဲ့ အသိအမှတ်ပြုပေးပါ။ ဒါမှပဲ သူတို့ကိုယ်သူတို့ ယုံကြည့်မှုရှိရှိ နဲ့ ဖြေရှင်းဖို့ ကြိုးစားကြမှာဖြစ်ပြီး၊ အလုပ်အပေါ်မှာ လည်း ပိုပြီးတက်တက်ကြွကြွ လုပ်ချင်စိတ်ပေါ်မှာ ဖြစ်ပါတယ်။
- မှားတာကို ဝန်ခံပါ။
လူဆိုတာ အမှားနဲ့မကင်းပါဘူး။ ခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း ဆုံးဖြတ်ချက်တွေ မှားတာမျိုး၊ အဆင်ပြေမယ်ထင်လို့ရွေးချယ်သုံးလိုက်တဲ့ နည်းလမ်းက မှားထာမျိုး စသည်ဖြင့် အမှားတွေ ရှိလာတဲ့အခါလည်း၊ သင့်ရဲ့ အမှားတွေကို ဝန်ခံပြီးနောက်ဒီလို အမှားမျိုးထပ်မဖြစ်အောင် လုပ်နိုင်မယ့် နည်းလမ်းကို စဉ်းစားပြီး ကျရှုံးခဲ့ တာကို အတွေ့အကြုံကောင်းတစ်ခု အနေနဲ့ သင်ယူတတ်ဖို့ ကြိုးစားရပါမယ်။
- တာဝန်ယူမှုရှိပါ။ accountability
ဒီအချက်သည်လည်း ခေါင်းဆောင်ဆိုတာနဲ့တွဲပါလာတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ သင်လုပ်လိုက်တဲ့ အလုပ်အပေါ်မှာ ကောင်းတာရော၊ ဆိုးတာရော ဖြစ်လာတဲ့နောက်ဆက်တွဲတွေကို တတ်နိုင်သမျှ တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ် အပြည့်ရှိနေဖို့ လိုပါတယ်။
- နားလည်အောင် နားထောင်ပါ။ Be an Active Listener
အခြားသူတစ်ယောက်ရဲ့ လေးစားယုံကြည်မှုကို ရဖို့ဆိုရင် သင်ကိုယ်တိုင်က နားထောင်ကောင်း သူတစ်ယောက်ဖြစ်ဖို့လည်း လိုပါတယ်။ နားထောင်တယ်ဆိုတဲ့ နေရာမှာ သူ့ရဲ့ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ဖို့၊ လိုအပ်ချက်ကိုဖြည့်ဆည်ပေးနိုင်ဖို့ နားလည်အောင် နားထောင် တတ်ဖို့လိုပါတယ်။ သေချာတာကတော့ ပြဿနာတိုင်းကို သင်ကိုယ်တိုင် ဖြေရှင်းပေးနိုင်ချင်မှ နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့အပေါ်ထားတဲ့ သင့်ရဲ့စိတ်စေတနာကို ခံစားမိတယ်ဆိုရင်တော့ သင့်ကို ပွင့်ပွင့် လင်းလင်း ဖွင့်ဟ တိုင်ပင်ဖို့ တွန်းအားတစ်ခု ဖြစ်စေပါလိမ့်မယ်။
သင့်အဖွဲ့သားတွေ လေးစားယုံကြည်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် အဖြစ် ရပ်တည်နိုင်ကြပါစေ။
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။