အရောင်းကျလို့ စိတ်ဓါတ်ကျနေတဲ့ အရောင်းသမားတွေကို စိတ်ဓါတ်မြှင့်တင်ပေးနိုင်မယ့် နည်းလမ်း
July 20, 2021 2021-08-13 14:39အရောင်းကျလို့ စိတ်ဓါတ်ကျနေတဲ့ အရောင်းသမားတွေကို စိတ်ဓါတ်မြှင့်တင်ပေးနိုင်မယ့် နည်းလမ်း
အရောင်းကျလို့ စိတ်ဓါတ်ကျနေတဲ့ အရောင်းသမားတွေကို စိတ်ဓါတ်မြှင့်တင်ပေးနိုင်မယ့် နည်းလမ်း
အရောင်းကျလို့ စိတ်ဓါတ်ကျနေတဲ့ အရောင်းသမားတွေကို စိတ်ဓါတ်မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတစ်ခု။
အရောင်းမန်နေဂျာတွေ၊ အရောင်းပိုင်းကိုစီမံခန့်ခွဲနေရသူတွေ ဆိုတာ အရောင်းအဖွဲ့တစ်ဖွဲ့လုံး ရဲ့တိုးတက်ရေးကို တာဝန်ယူရတာဖြစ်ပါတယ်။ အောင်မြင်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့ ဆိုတာ ခေါင်းဆောင် အပေါ်မှာ အများကြီး မှီတည်နေပါတယ်။
ဒီတော့ သင့်အနေနဲ့ ဈေးကွက် အခြေအနေတွေ၊ လက်ရှိ trend တွေ ကို အမြဲတမ်း လေ့လာနေဖို့ လိုသလို သင့်အရောင်းသမား တစ်ယောက်ချင်းစီရဲ့ အခြေအနေ တွေကိုလည်း မျက်ခြေမပြတ် လေ့လာနေဖို့ လိုပါတယ်။
ဆိုပါတော့ သင့်အဖွဲ့ထဲက အရောင်းသမားတစ်ယောက်က ရောင်းအားတွေကျနေပြီ။ သူ့ကို ကြည့်လိုက်ရင်လည်း အလုပ်နဲ့လက်ကမပြတ်ဘူး။ သေချာ လုပ်တတ်တဲ့ သူတစ်ယောက်ဆို တာလည်း သင်သိတယ်။ ဒါဆို သင့်အနေနဲ့ ဘာတွေ လုပ်သင့်နေပြီလဲ။ သူ့ကို ဘယ်လို ကူညီပေးနိုင်မလဲ။
အရောင်းပိုင်းကို စီမံခန့်ခွဲနေရသူ တစ်ယောက်အနေနဲ့ မဖြစ်မနေလုပ်သင့်တာတော့ coaching လုပ်ပေးခြင်း မှန်ကန်သောလမ်းညွှန်မှု ပေးနိုင်ခြင်းပေါ့။
သင့် အနေနဲ့ အရောင်းအဖွဲ့ထဲက တစ်ယောက်ချင်းစီတိုင်းနဲ့ တစ်လတစ်ခါလောက် ဖြစ်ဖြစ် coaching လုပ်ပေးသင့်ပါတယ်။
သူတို့ဘာတွေ ဖြစ်နေလဲ၊ ဈေးကွက် အနေအထားပေါ်မှာ သူတို့ ဘယ်လိုမြင်လဲ။ တစ်ခါတစ်လေ ကြတော့ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်ကို ကိုယ်တိုင်မမြင် တဲ့အခါမျိုးတွေရှိတတ်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ သင်က သူတို့ရဲ့ အားသာချက်ကို ထောက်ပြပြီး ဘယ်လိုမျိုး ဆက်လက် ထိန်းသိမ်းသင့်လဲ၊ အားနည်းချက်ကိုရော တိုးတက်လာအောင် ဘယ်လို လုပ်သင့်လဲဆိုတာကို အကြံပေးနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
အခုကာလလို အနိမ့်အမြင့်၊ အတက်အကျ မြန်နေတဲ့အချိန်မှာ ရောင်းအားတွေ ကျလာရကောင်းလားလို့ အာဏာ သုံးပြီး ဖိအားပေးတဲ့ ခေါင်းဆောင်မှု ပုံစံသုံးတာမျိုး ထက်စာရင် Coaching Style ကို သုံးပြီး အကြံဉာဏ်ပေး၊ နည်းပေးလမ်းပြလုပ်ပြီး၊ ပြဿနာကို တူတူဖြေရှင်းပေးဖို့ ကြိုးစားတဲ့ ခေါင်းဆောင်မှုပုံစံ ကိုသုံးတာက သင့်အတွက် ပိုကောင်းတဲ့ ရလဒ်တွေကို ရစေမှာ ဖြစ်ပါတယ်။
ဒီတော့ သင့်အရောင်းသမား တစ်ယောက် ရောင်းအားတွေ တအားကျလာပြီဆိုရင် ဒီနည်းနဲ့ဖြေရှင်းကြည့်ရင်း ပိုကောင်းတဲ့ရလဒ် တစ်ခုခု ရလာမယ်လို့ မျှော်လင့်ပါတယ်။
အကယ်လို့များ သင့်အနေနဲ့ သင့်အရောင်းသမားတွေကို စိတ်ဓါတ်တက်ကြွအောင်၊ motivation ရော performance ရော တက်လာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ရမလဲဆိုတာ ပိုပြီးလေ့လာချင်ရင် Better Version ကဖွင့်တဲ့ Better Sales Leader အတန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
သင့်ရဲ့ ၀န်ထမ်းတွေကို ဘယ်လို manage လုပ်ပြီး Leading လုပ်မလဲ။ မတူညီတဲ့ ခေါင်းဆောင်မှုပုံစံတွေ၊ Target တွေ ပြည့်နေတဲ့ အရောင်း team တစ်ခုဖြစ်ဖို့ အရေးကြီးတဲ့ လူဘယ်လိုရွေးပြီး ခန့်မလဲ။ ငွေကြေးတစ်ခုတည်းမဟုတ်ပဲ တစ်ခြား ဘယ်လို motivationပေးမလဲ။ performance တွေကိုရော ဘယ်လိုအကဲဖြတ်ပြီး ပိုကောင်းလာဖို့ လုပ်ပေးနိုင်မလဲ။
ရောင်းအားကျ၊ စိတ်ဓါတ်ကျနေတဲ့ ၀န်ထမ်းတွေကိုရော ဘယ်လို support ပေးပြီး စီမံပေးနိုင်မလဲ နဲ့ အရေးကြီးတာက မီတင်တွေ၊ briefing တွေကျရင် စနစ်တကျဖြစ်အောင်ရယ်၊ ရလာဒ်ကောင်းတွေ ထွက်အောင် စီမံနိုင်တာမျိုးကို Better Sales Leader အတန်းမှာ အသေးစိတ်လေ့လာရမှာဖြစ်တဲ့ အတွက် အရောင်းမန်နေဂျာတွေ၊ အရောင်းပိုင်းကို ဦးဆောင်နေတဲ့ လူတွေအတွက် အများကြီးအထောက်အကူပြုစေမှာဖြစ်ပါတယ်။
အရောင်းသမားတွေရဲ့ စွမ်းဆောင်ရည် တိုင်းတာခြင်း နဲ့ ဆုကြေးငွေပေးဖို့ တွက်ချက်ခြင်း
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။