Integrated Marketing Communication Plan တစ်ခုကိုဘယ်လိုရေးဆွဲကြမလဲ။
March 16, 2022 2022-03-18 9:53Integrated Marketing Communication Plan တစ်ခုကိုဘယ်လိုရေးဆွဲကြမလဲ။

Integrated Marketing Communication Plan တစ်ခုကိုဘယ်လိုရေးဆွဲကြမလဲ။
Integrated Marketing Communication Plan တစ်ခုကိုဘယ်လိုရေးဆွဲကြမလဲ။
မားကတ်တင်းပရိုဂရမ်တစ်ခုထဲက လုပ်ငန်းစဥ်တစ်ခုဖြစ်တဲ့ ပရိုမိုးရှင်း (promotion) ဆိုတာကတော့ စျေးကွက်ထဲမှာ ဘယ်လိုထိုးဖောက်မလဲ၊ လူတွေသိအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ အိုင်ဒီယာတွေကို စဥ်းစားဆုံးဖြတ်ရတဲ့ လုပ်ငန်းစဥ်တစ်ခုဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ပရိုမိုးရှင်း (promotion) ကို Marketing Communication (Marcom)လို့ ခေါ်ကြသလို Integrated Marketing Communication (IMC) လို့ပြောင်းလဲခေါ်လာကြပါတယ်။
နောက်ပိုင်း ကျွန်မတို့တွေက Communicationလို့ ပြောရင် Promotion ကို ဆိုလိုကြောင်း နားလည်ထားရပါမယ်။ ကုမ္ပဏီကြီးကြီးသေးသေး၊ B2B အတွက်ပဲ ဖြစ်ဖြစ်၊ B2C အတွက်ပဲဖြစ်ဖြစ် ထိရောက်တဲ့ IMC strategy တွေချမှတ်ဖို့ခြင်းက Business Plan တစ်ခုလိုပဲ မရှိမဖြစ်လိုအပ်ပါတယ်။
ဒါဆိုရင် IMC ချမှတ်ဖို့ ဘယ်လို Planning တွေလုပ်ကြမလဲ။
၁။ ကိုယ်ပစ်မှတ်ထားချင်တဲ့ ၀ယ်သူအမျိုးအစားတွေကို သိအောင်လုပ်ခြင်း။
ပထမအဆင့်အနေနဲ့ ကိုယ့်ရဲ့ communication လုပ်တိုင်း လုပ်တိုင်းမှာ ဒီစာကိုဖတ်မယ့်သူ၊ ဒီမက်ဆေ့ကိုကြည့်မယ့်သူက ဘယ်သူလဲဆိုတာကို ရှင်းအောင်လုပ်ထားရမယ်။ကိုယ့်၀ယ်သူကိုသိဖို့အတွက်ဆို customer segmentation တွေ၊ customer profile၊ customer persona တွေလုပ်ထားရပါမယ်။ တိကျတဲ့ ၀ယ်သူအုပ်စုတွေပိုင်းခြားခြင်းက သင့်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူရန် သို့မဟုတ် အသုံးပြုရန် ဖြစ်နိုင်ခြေအရှိဆုံးသူများကို ရှင်းရှင်းလင်းလင်းသိအောင် ကူညီပေးပါလိမ့်မယ်။
၂။ Communication ပုံစံချမှတ်ခြင်း။
ဒုတိယအဆင့်ကတော့ အတော်လေးအရေးကြီးတဲ့အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာဆို ဘာကိုပြောမှာလဲ၊ ဘယ်လိုပြောမှာလဲ၊ ဘယ်သူ့ကိုပြောခိုင်းမှာလဲ၊ ဘယ်လို အသုံးအနှုန်း (message structure) နဲ့ သွားမှာလဲ၊ ဒါတွေကို brainstorm လုပ်ရတယ်၊ သေချာစဥ်းစားရတဲ့အဆင့်ဖြစ်တဲ့အတွက် အရမ်းအရေးကြီးပါတယ်၊
ဥပမာ− ကုန်ပစ္စည်းတစ်ခုကို ကြော်ငြာရိုက်မယ်ဆိုပါစို့၊ ဒီကြော်ငြာမှာ ဘာကိုပြောမှာလဲဆိုတာကိုအရင်စဥ်းစားကြည့်ရမယ်။ ပေးချင်တဲ့messageမှာ အနည်းဆုံးဘာတွေပါရမလဲ၊ ဘာလို့ကိုယ့်ကိုရွေးရမှာလဲဆိုတဲ့အချက်တွေကို ထည့်ပြောရမယ်၊
နောက်တစ်ဆင့်အနေနဲ့ ဘယ်လိုပြောမှာလဲဆိုတာကို စဥ်းစားရမယ်။
ဒီအဆင့်မှာဆို ၂နည်းစဥ်းစားလို့ရတယ်။
က)Information Appeals – ကိုယ့်ကုန်ပစ္စည်းက ဘယ်လိုကောင်းပါတယ်၊ ဘယ်လိုထုတ်ထားတယ်၊ ဘာတွေအားသာလဲဆိုတာကိုရိုက်ပြမှာလား၊
ခ) Transformation Appeals – ကိုယ့်ကုန်ပစ္စည်းကိုသုံးလိုက်လို့ ဘယ်လိုအကျိုးကျေးဇူးတွေရသွားမလဲ၊ ဘယ်လောက်အဆင်ပြေသွားမလဲ၊ ပျော်ရွှင်ရမလဲဆိုတာကိုရိုက်ပြမှာလားဆိုတာကို ရွေးချယ်ပြီးရိုက်ပြလို့ရတာပေါ့နော်။ဖြစ်နိုင်ရင်ဒီနှစ်ခုကို တတ်နိုင်သမျှ သင်တင့်မျှတအောင် လုပ်နိုင်ရင်တော့ပိုကောင်းပါတယ်။
နောက်အဆင့်တွေဖြစ်တဲ့ ဘယ်သူ့ကိုပြောခိုင်းမှာလဲ (ဥပမာ− Celebrity တွေကိုပြောခိုင်းမှာလား၊ Social influencer ဆိုတွေကိုပြောခိုင်းမှာလား၊ CEO ကိုယ်တိုင်ပြောမှာလား ဆိုတာကို စဥ်းစားရပါမယ်)၊ ပြီးရင် ဘယ်လို message structureနဲ့ သွားမှာလဲဆိုတာတွေကိုလည်း မှန်မှန်ကန်ကန်ရွေးချယ်နိုင်ရင် ထိရောက်တဲ့ကြော်ငြာတစ်ခု ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။
၃။ Channel ရွေးချယ်ခြင်း။
ဘယ်ကနေပြောမှာလဲဆိုရင် ဒီနေရာမှာ Personal Communication နဲ့ Non-Personal Communication ဆိုပြီး နှစ်မျိုးစဥ်းစားလို့ရပါတယ်။
Personal communication အောက်မှာ ဘာ Channel တွေရှိလဲဆိုရင်တော့ ကုမ္ပဏီရဲ့ အရောင်း၀န်ထမ်းတွေကိုယ်တိုင် ပေးချင်တဲ့မက်ဆေ့ကို ၀ယ်သူကိုရှင်းပြတာ၊ influencer တွေကို reviewပေးခိုင်းတာမျိုး၊ ကိုယ့်သူငယ်ချင်းတွေ အသိမိတ်ဆွေအချင်းချင်းကိုပြောခိုင်းတာမျိုးတွေ ပါ၀င်ပါတယ်။
Non-Personal Communication မှာဆိုရင် Advertising တွေပါမယ်၊ Sales promotion တွေပါမယ်၊ Public Relation တွေ၊ Event and experience တွေပါမယ်ပေါ့နော်။
အဲ့မှာမှ ကိုယ့်ဘယ်Channel အမျိုးအစားကိုရွေးချယ်ပြီး ပြောမှာလဲဆိုတာကို သေချာစဥ်းစားရပါတယ်။ ဘယ် channel ကပိုပြီးအရေးကြီးတယ်၊ ပိုပြီးထိရောက်တယ်ဆိုတာမရှိပါဘူး။ အကုန်လုံးကို ပေါင်းစပ်ပြီးတစ်လှည့်စီ သုံးရမှာဖြစ်တဲ့အတွက် Integrated Marketing Communication လုံးခေါ်ခြင်းဖြစ်ပါတယ်။
၄။ Budget သတ်မှတ်ခြင်း။
ဒီအဆင့်မှာဆို ကိုယ့်ကြော်ငြာအတွက် ဘတ်ဂျက်ဘယ်လောက်သုံးမှာလဲဆိုတာကို စဥ်းစားရပါမယ်။ အရင်ဆုံး ကိုယ်တတ်နိုင်တဲ့အပေါ်မူတည်ပြီး Communication Budget ကိုချမှတ်ရပါမယ်။
ဥပမာ − ငါတို့ကုမ္ပဏီကတော့ communication ဒီတစ်နှစ်လုံးမှာ သိန်း၁၀၀ သုံးမယ် လို့သတ်မှတ်ထားရင် ဒီဘတ်ဂျက်အတွင်း၀င်အောင် မှန်ကန်ထိရောက်တဲ့ communication strategy ရွေးချယ်အသုံးပြုရပါမယ်။
နောက်တစ်ခုက ရောင်းအားပေါ်မူတည်ပြီးတော့လည်း ဘက်ဂျက်သတ်မှတ်လို့ရပါတယ်။ ဥပမာ − တစ်လမှာ ၁၀သိန်းဖိုးရောင်းရတယ်ဆိုရင် ရောင်းရတဲ့ငွေရဲ့ ၅% လောက်ကို ကြော်ငြာစရိတ်အဖြစ်သတ်မှတ်တဲ့သဘောကိုပြောတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုသတ်မှတ်တာက လုပ်ငန်းတစ်ခုနဲ့ တစ်ခုမတူပါဘူး။ တကယ်လို့ ကိုယ့်လုပ်ငန်းက ၀န်ဆောင်မှုလုပ်ငန်းဆိုရင် ၆%ကနေ ၁၇−၁၈% လောက်ထိသတ်မှတ်လို့ရပါတယ်။ ကုန်ပစ္စည်းရောင်းတဲ့ လုပ်ငန်းဆိုရင်တော့ ၂%လောက်ကနေ ၆%လောက်အထိ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကုန်ပစ္စည်းရဲ့ Product Life Cycle အပြင် တခြား Environmental Factors တွေကိုပါ ထည့်သွင်းစဥ်းစားဖို့လိုပါသေးတယ်။
၅။ ရလဒ်တွေကို အကဲဖြတ်ခြင်း နှင့် တိုင်းတာခြင်း။
Communication အကောင်အထည်ဖော်တော့မယ်ဆိုရင် အရင်ဆုံး တိကျတဲ့ goals တွေ Objectives တွေ ချမှတ်ရပါမယ်။ ဥပမာ− ရောင်းအားဘယ်လောက်ထိတိုးချင်တာလဲ၊ ကိုယ့်ကုန်ပစ္စည်းကို လူဘယ်လောက်များများသိစေချင်တာလဲ။ ဘယ်လိုရလဒ်တွေရချင်တာလဲ အစရှိတဲ့ goalsတွေကိုသတ်မှတ်ထားရပါမယ်။
Goals တွေလည်းသတ်မှတ်ပြီးသွားပြီ၊ အပေါ်ကplan တွေအတိုင်းလုပ်ပြီးသွားပြီ၊ လုပ်နေပြီဆိုရင် ကိုယ့်ရဲ့ရလဒ်ကို အကဲဖြတ်တာတွေ၊ တိုင်းတာ တာတွေလုပ်ရပါမယ်။ ဥပမာ − တစ်နှစ်စာ၊ ခြောက်လစာ planတွေဆွဲပြီး ဒီTimeline အတွင်းမှာ ဘာတွေပြီးရမယ်၊ ဘယ်လိုရလဒ်မျိုးတွေရသင့်လဲဆိုတာကို KPI (Key Performance Indicator) တွေနဲ့ ပြန်ပြီးတိုင်းတာရပါမယ်။ ကိုယ့်ရဲ့ communication ကအောင်မြင်လား၊ မအောင်မြင်ဘူးလားဆိုကို တိုင်းတာပါမယ်။
ဒီလိုမျိုး Goals တွေမချထားဘူးဆိုရင် တကယ်အကောင်အထည်ဖော်တဲ့အခါ လုပ်ရမှာတွေ မလုပ်မိတာမျိုး၊ လိုတာထက် ကုန်ကျစရိတ်တွေ ပိုသွားတာမျိုး၊ အချိန်တွေချော်ထွက်နေတာမျိုး၊ လိုချင်တဲ့ ရလဒ်တွေမရတာမျိုးတွေဖြစ်တတ်ပါတယ်။
အပေါ်မှာပြောပြထားတဲ့ အချက်တွေက Promotion (သို့) Marketing Communication ကို ဘယ်လို Planning လုပ်ရမလဲဆိုတာကို တစ်ဆင့်ချင်းစီအကျဥ်းချုပ်ပြီး ပြောပြပေးထားတာဖြစ်ပါတယ်။
ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ အသေးစိတ်လေ့လာနိုင်ဖို့အတွက်ဆိုရင်တော့ ကျွန်မတို့ရဲ့ Practical Marketing Strategies အတန်းလေးမှာ လေ့လာနိုင်ပါတယ်ရှင့်။
သင်တန်းအသေးစိတ်စုံစမ်းနိုင်ဖို့အတွက် Better Version Institute chat box မှာ “PMS” လို့ပဲပို့ပေးပါနော်။ မက်ဆေ့ကနေပြီးတော့ ပြန်လည်ဖြေကြားပေးပါမယ်ရှင့်။
————————–
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
————————–
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။