Blog

ထိပ်တန်း အာမခံအရောင်းကိုယ်စားလှယ်ဖြစ်လာဖို့အတွက် လိုအပ်တဲ့ အရည်အသွေး ၆ခု

insurance 3 1200 x 600
Uncategorized

ထိပ်တန်း အာမခံအရောင်းကိုယ်စားလှယ်ဖြစ်လာဖို့အတွက် လိုအပ်တဲ့ အရည်အသွေး ၆ခု

ပြောင်းလဲလာတဲ့ လူမှုရေး၊ ကျန်းမာရေး အခြေအနေတွေ ကြောင့် အာမခံလုပ်ငန်း ဟာ လူအများ စိတ်ဝင်စားတဲ့ အရာ တစ်ခု ဖြစ်လာပါတယ်။ ဒီလို အခြေအနေမျိုး မှာ သင့်အနေနဲ့ အာမခံ ရောင်းချတဲ့ ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ ရပ်တည်ဖို့ ပြင်ဆင်နေပြီဆိုရင် ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ ဗဟုသုတတွေ၊ ကိုယ်‌ရည် ကိုယ်သွေး တွေသင့်ဆီမှာ ရှိရဲ့လား ဆိုတာကလည်း မဖြစ်မနေထည့်သွင်းစဉ်းစားသင့်တဲ့အချက်တစ်ခု ဖြစ်ပါတယ်။ လိုအပ်တဲ့ product knowledge ကိုတော့ training တွေတက်၊ အချက်အလက်တွေ ရှာဖတ်ပြီးဖြည့်ဆည်း နိုင်ပေမယ့်၊ ရှိသင့်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကတော့ သင်ကိုယ်တိုင်လေ့လာပြီး လေ့ကျင့်ယူဖို့ လိုပါတယ်။
 
ဒီတော့ ထိပ်တန်း အာမခံ အရောင်း ကိုယ်စားလှယ်တစ်ယောက်ဖြစ်လာဖို့ အတွက် ဘယ်လို အရည်အသွေးတွေ လိုအပ်သလဲ ဆိုတာ ကြည့်လိုက်ရအောင်။
 
၁) ပြောဆို ဆက်ဆံရေး ကောင်းမွန်မှု
ပြောဆိုဆက်ဆံရေးမှာ နားထောင်တာရော၊ ပြောဆိုတင်ပြတာရော ၂ ခုပါပါတယ်။ ဝယ်သူတွေရဲ့ လိုအပ်ချက်၊ လိုအင်ကို နားလည်ဖို့က သူတို့ပြောတာကို နားလည်အောင်နားထောင် တတ်ဖို့လိုပါတယ်။ ဖြစ်နေတာဘာလဲ ဆိုတာကို နားလည်သွားတဲ့အခါမှ သူတို့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အရာကို ရောင်းနိုင်မှာ ပါ။ ဒါ့ကြောင့် သင့်အနေနဲ့ အောင်မြင်တဲ့အရောင်းတွေ ရဖို့ အတွက် ဆိုရင် သင်ရောင်းတဲ့ အာမခံ ပေါ်လစီတွေ၊ ဝန်ဆောင်မှုတွေကို အလွတ်ကျက်ပြီး ပြန်ပြောနေတာ မျိုးထက် ဝယ်သူ ပြောတာကို သေချာ နားထောင်ပြီး သူတို့နဲ့ ကိုက်ညီတာကို ထိထိရောက်ရောက် ပြောဆို တင်ပြနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီတော့ အာရုံစိုက် နားထောင်နိုင်စွမ်းနဲ့ ၊ လိုအပ်ချက်ကို ထိထိမိမိ ပြောဆို တင်ပြနိုင်စွမ်း ရှိဖို့ ကိုလည်း လေ့ကျင့်ထားသင့်ပါတယ်။
 
၂) ကိုယ်ချင်းစာစိတ်နဲ့ ဝယ်သူကို နားလည်နိုင်စွမ်း
အာမခံ ရောင်းတယ် ဆိုတာကလည်း ဝယ်သူတွေရဲ့ ပြဿနာ၊ အခက်အခဲ၊ လိုအပ်ချက်၊ လိုအင်ကို ဖြည့်ဆည်း ပေးရတာမျိုး ဖြစ်ပါတယ်။ “ငါသာသူ့နေရာမှာဆိုရင်” ဆိုပြီး ဝယ်သူဘက်ကနေ ဝင်စဉ်းစားပေးနိုင်မှ သူ့ရဲ့ ခံစားချက်နဲ့ အခက်အခဲကို နားလည်မှာပါ။ သူတို့အတွက် သင်က ဘာလေး ဝယ်ဖို့ အကြံပေးလိုက်ရင် ပိုအဆင်ပြေသွားမလဲ၊ သူတို့ လိုအပ်ချက်နဲ့ ပိုကိုက်ညီသွားမလဲ စသည်ဖြင့် ဝယ်သူဘက်ကနေတွေးပေးတတ်တာမျိုးက သင့်ကို ရေရှည်မှာ အောင်မြင်တဲ့ ထိပ်တန်း အာမခံ အရောင်းကိုယ်စားလှယ်ဖြစ်ဖို့ ထောက်တိုင် တစ်ခု ဖြစ်မှာပါ။
 
၃) ကျင့်ဝတ်လိုက်နာမှုနဲ့ ရိုးသားမှု
White lie ဆိုတာရဲ့ နောက်မှာ တစ်ခါတစ်လေတော့ ဒီအချက်ကိုမေ့သွားတတ်ကြပါတယ်။ သင့်ဝယ်သူကို ရိုးသားပါ။ ကျင့်ဝတ်လိုက်နာမှုနဲ့ ရိုးသားမှုဆိုတဲ့ နေရာမှာ မှန်ကန်စွာပြောဆိုတာ၊ တာဝန်ယူမှုရှိတာ၊ လုပ်နိုင်တာ၊ ပေးနိုင်တာထက် ပိုမပြောတာ၊ ဝယ်သူကို အစကနေ အဆုံးသေသေချာချာ အချက်အလက်ပေးတာမျိုး တွေပါဝင်ပါတယ်။ ကိုယ်တိုင်မဝယ်ချင်တဲ့ အရာမျိုး၊ ကိုယ့်လိုအပ်ချက်နဲ့ မကိုက်ညီတဲ့ အရာမျိုးကို ဘယ်သူကိုမှ မရောင်းသင့်ပါဘူး။
 
၄) ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ဇွဲရှိမှု
သင်သွားရောင်းလိုက်တိုင်း၊ ရောင်းဖို့ ကြိုစားတိုင်း အရောင်းရနေမှာ မဟုတ်ပါဘူး။ မဝယ်သေးဘူး အငြင်း ခံရတဲ့အချိန်တွေ၊ ရစ်တဲ့ ဝယ်သူတွေ စသည်ဖြင့် ဘာမှ မလုပ်ချင်တော့လောက်အောင် ဖြစ်တဲ့ အချိန်တွေလည်း ကြုံရပါလိမ့်မယ်။ ဒီလို အချိန်တွေမှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ စိတ်ရှည်မှုတွေ၊ ဇွဲ ရှိိမှု တွေနဲ့ပဲ ဒီနယ်ပယ်မှာ ရေရှည် ရပ်တည်နိုင်ဖို့၊ အောင်မြင်မှု ရဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
 
၅) စိတ်အားထက်သန်ပြင်းပြမှု
ဆိုလိုတာက သင့်အလုပ်ကို ချစ်တဲ့စိတ် ရှိဖို့ လိုတာဖြစ်ပါတယ်။ သင်စိတ်ဝင်စားသည် ဖြစ်စေ၊ စိတ်မဝင်စားသည် ဖြစ်စေ အကြောင်းကြောင်း ကြောင့်ဒီအလုပ်ကို လုပ်မှ ဖြစ်တော့မယ်ဆိုတဲ့ အခြေအနေ တစ်ခု ဖြစ်လာတဲ့အခါ သင်လုပ်ရတဲ့အလုပ်အပေါ် ချစ်တဲ့ စိတ်မွေးမြူနိုင်ဖို့ လိုပါတယ်။ သင့်အလုပ်ကို ချစ်မှ စိတ်အားထက်သန်မှု ရှိလာမှာဖြစ်ပါတယ်။ ခံစားချက်ဆိုတာ ကူးစက်တတ်ပါတယ်။ သင်ဖုန်းပြောတဲ့အခါတိုင်းမှာ၊ မက်ဆေ့ပို့တဲ့အခါတိုင်း၊ ဝယ်သူနဲ့ ပြောဆိုရတဲ့အခါတိုင်းမှာ ဝယ်သူက သင့်ရဲ့ စိတ်အားထက်သန်မှုကို ခံစားမိစေပါတယ်။ ဒါတွေကမှ တစ်ဆင့် သင့်ဆီကနေ ဝယ်ချင်စိတ်ကို ဖြစ်ပေါ်လာမှာပါ။
 
၆) လုပ်ငန်းကျွမ်းကျင်မှု
သင့်အနေနဲ့ ပုံစံမျိုးစုံ၊ လိုအပ်ချက်မျိုးစုံ ရှိတဲ့ မတူညီတဲ့ ဝယ်သူတွေဆီကနေ အောင်မြင်တဲ့အရောင်းတွေ ရဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီတော့ ဝယ်သူရဲ့ စိတ်ဝင်စားမှုက ဘာဖြစ်မလဲ၊ သူ့ရဲ့ပြဿနာကဘာလဲ၊ သင်ရောင်းတဲ့ ဝန်ဆောင်မှုထဲက ဘယ် policies၊ ဘယ် package နဲ့ ကိုက်ညီဆုံးဖြစ်နိုင်မလဲ ဆိုတာကို ပြောနိုင်၊ ရှင်းပြနိုင်ဖို့က သင်ကိုယ်တိုင် သင်ရောင်းနေတဲ့ ကုန်ပစ္စည်းအကြောင်း အသေးစိတ် ကျွမ်းကျင်ဖို့ လိုပါတယ်။ ဒါကြောင့် လုပ်ငန်းကျွမ်းကျင်တဲ့ အရည်အချင်း ကလည်း များများရောင်းရဖို့အတွက် အခြေခံ အချက် ဖြစ်ပါတယ်။
 
လူတိုင်းက သူပုံစံနဲ့ သူ၊ သူ့အရည်အသွေးနဲ့ သူရှိကြပါတယ်။ ဒါပေမယ့် အောင်မြင်တဲ့ လူတွေကို လေ့လာမယ်ဆိုရင်တော့ တူညီတဲ့အချက်တွေ၊ တူညီနေတဲ့ အရည်အသွေးတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့လည်း ဒီနယ်ပယ်မှာ အောင်မြင်ဖို့ဆိုရင် သူတို့လို အရည်အသွေးတွေ သင့်မှာလည်း ရှိနေအောင် မွေးမြူဖို့ လိုပါတယ်။ ဒါ့ကြောင့် သင်ကိုယ်တိုင် ထိပ်တန်း အာမခံ အရောင်းကိုယ်စားလှယ် ဖြစ်လာဖို့အတွက်ဆိုရင် ဒီအရည်အသွေးတွေ ရှိနေအောင် ဖြည့်ဆည်းထားဖို့ အကြံပြုလိုက်ပါတယ် ။
 
အာမခံအရောင်းနဲ့ပတ်သတ်ပြီး အသေးစိတ်ပိုပြီးလေ့လာချင်တယ်ဆိုရင်တော့ Better Version မှဖွင့်လှစ်သင်ကြားပေးမယ့် ထိပ်တန်းအာမခံကိုယ်စားလှယ်ဖြစ်လာဖို့ (Selling Care: Becoming Top Insurance Agent) ဆိုတဲ့ သင်တန်းရှိပါတယ်။
 
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

[ သင်ခန်းစာနဲ့ပတ်သက်ပြီး မေးချင်တာများရှိရင် comment ရေးခဲ့ပါ။ ]

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
I got Better offer

အောက်တိုဘာ ၁၅ ရက်နေ့ မတိုင်ခင်ထိ "BVM30" ကုဒ် အသုံးပြုပြီး Special Offer ၃၀% ရယူပါ။