မရေရာ မသေချာတဲ့ အခက်အခဲကာလမှာ ရေရှည်ရပ်တည်နိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ပြင်ဆင်မလဲ။
February 8, 2022 2022-02-10 15:01မရေရာ မသေချာတဲ့ အခက်အခဲကာလမှာ ရေရှည်ရပ်တည်နိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ပြင်ဆင်မလဲ။

မရေရာ မသေချာတဲ့ အခက်အခဲကာလမှာ ရေရှည်ရပ်တည်နိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ပြင်ဆင်မလဲ။
အခက်အခဲတွေဟာ အောင်မြင်မှုရဲ့ လမ်းစဆိုပေမယ့် လုပ်ငန်းတွေအတွက်ရော၊ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ၊ လက်ရှိ၀န်ထမ်းလောကက သူတွေအကုန်လုံးအတွက်ရော အခုလက်ရှိအခြေအနေတွေဟာဆိုရင် မရေမရာနဲ့ တော်တော်ကို ရုန်းကန်ရတဲ့ ကာလပဲဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ စိတ်ဓါတ်မကျသွားပဲ ကြံ့ကြံ့ခံပြီး အချင်းချင်းအားပေး၊ ဖေးမပြီး ရေရှည်ရပ်တည်နိုင်အောင် အတူတကွလုပ်ကိုင်နိုင်မယ် ဆိုရင် ပန်းတိုင်ကိုဖြေးဖြေးနဲ့ မှန်မှန်သွားနိုင်မှာပါ။
ဒါကြောင့် ဒီနေ့ တော့ အကြပ်အတည်းကာလ၊ ဒီအခက်အခဲတွေကြားမှာ လုပ်ငန်းတွေ အနေနဲ့ ရေရှည်ရပ်တည်နိုင်ဖို့ ဘယ်လို နည်းလမ်းတွေလုပ်ရမလဲဆိုတာကို မျှဝေပေးပါ့မယ်။
၁) မျက်ခြေမပြတ်ရှိပါ။
အချိန်နဲ့အမျှပြောင်းလဲနေတဲ့အခြေအနေတွေ၊ သတင်းတွေမှန်သမျှ မျက်ခြေမပျက်ရှိပါ။ ဒါမှ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းစဥ်တွေ၊ ဗျူဟာတွေနဲ့ ကိုက်ညီမှုရှိရဲ့လား။ ပြုပြင်ပြောင်းလဲဖို့ လိုလားဆိုတာ သိမှာပါ။ သတင်းတွေ၊ အချက်အလက်တွေကို မျက်ခြေမပြတ်ဖို့ လိုပေမယ့် ဘယ်အချက်အလက်တွေ၊ ဘယ်လို သတင်းမျိုးတွေဟာ ကိုယ့်လုပ်ငန်းအတွက် အရေးကြီးလဲ၊ သက်ရောက်မှု ဘယ်လောက် ကြီးသလဲ ဆိုတာ ကိုလဲ အရင်ဆုံး သတ်မှတ်ထားဖို့လိုပါတယ်။
သတင်းနောက်လိုက်တာ၊ အချက်အလက်တွေ စုဆောင်းတဲ့အခါမှာ မှန်ကန်တိကျ၊ စိတ်ချယုံကြည်ရတဲ့ အရင်းအမြစ်တွေ ဖြစ်နေဖို့တော့ သတိချပ်ရမှာပါ။
၂) ရေတိုအစီစဥ်ဆွဲပါ။
ပလန်မရှိရင် ဒီကာလက ပိုပြီးပလက်လန်နိုင်ခြေများပါတယ်။ ဒါကြောင့် စီးပွားရေးနဲ့ ပတ်သတ်တဲ့ စီမံချက်တွေ၊ အရောင်းမားကတ်တင်း၊ ငွေကြေးပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ရေတို ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေထားပြီး ရေတိုအစီစဥ်ဆွဲပါ။ အရေးပေါ် စီမံချက် (Emergency Plan) တွေကိုလည်း မဖြစ်မနေ ကြိုစဥ်းစားထားပါ။
၃) သုံးသပ်ပါ။
ချမှတ်ထားတဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေနဲ့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းစဥ်တွေ၊ နည်းလမ်းတွေက ကိုက်ညီမှုရှိရဲ့လား ပြန်သုံးသပ်ပါ။ ပြောင်းလဲနေတဲ့ အခြေအနေတွေပေါ်မူတည်ပြီး ထိရောက်နိုင်မယ့် နည်းလမ်းအသစ်၊ ဗျူဟာအသစ်တွေစဥ်းစားပါ။
၄) ပြင်လွယ်၊ ပြောင်းလွယ်ရှိပါ။
အစီစဥ်တွေလည်းဆွဲထားတယ်။ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ ဗျူဟာတွေလည်းချထားတယ်ဆိုပေမယ့် ပြောင်းလဲနေတဲ့ အခြေအနေတွေပေါ်လိုက်ပြီး အချိန်နဲ့ တစ်ပြေးညီ ပြုပြင်ပြောင်းလဲနိုင်အောင် ပြင်ဆင်ထားပါ။ လုပ်ငန်းရှင်တွေ၊ လုပ်ငန်းကို ဦးဆောင်နေရတဲ့လူတွေ၊ PESTLE Analysis ပေါ်မူတည်ပြီး လုပ်ငန်းရဲ့ ဗျူဟာကို ပြောင်းလဲပါ။ မားကက်တင်းပိုင်း၊ အရောင်းသမားတွေအနေနဲ့လည်း အရင်သုံးနေကျ နည်းစနစ်တွေ အလုပ်မဖြစ်ဘူးဆိုရင် ရောင်းတဲ့ နည်းလမ်းပြောင်းတာမျိုး စဥ်းစားပါ။
၅) ပူးပေါင်းဆောင်ရွက်ပါ။
ဒီကာလမှာ လုပ်ငန်းတူတွေကို ပြိုင်ဖက်လို့ သဘောထားတာမျိုးထက် မတူညီတဲ့ အားသာချက်တွေပေါ်မူတည်ပြီး ဘယ်လိုနည်းလမ်းမျိုးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတာ အဖြေရှာပါ။ ရုံးတွင်းမှာဆိုရင်လည်း အချင်းချင်း နားလည်မှုပိုထားပြီး ပူးပေါင်းလုပ်ဆောင်ပါ။ အတွင်းအပြင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုမှာပါ။
၆) လေ့လာသင်ယူပါ။
လုပ်နေကြတွေလုပ်နေပြီး ပိုကောင်းတဲ့ရလာဒ်ကို မျှော်လင့်လို့ မရပါဘူး။ ပိုကောင်းတဲ့ရလာဒ်လိုချင်ရင် နည်းလမ်းအသစ်တွေကို၊ ကျွမ်းကျင်မှုအသစ်တွေကို စဥ်ဆက်မပြတ်လေ့လာသင်ယူနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် လေ့လာသင်ယူမှုအတွက် သီးသန့် အချိန်ပေးပါ။
၇) လေ့လာမှုတွေအတွက်လည်း ပံ့ပိုးပေးပါ။
အဖွဲ့အစည်း၊ လုပ်ငန်းတစ်ခုမှာ တစ်ယောက်တည်းတော်နေရုံနဲ့ အလုပ်မဖြစ်ပါဘူး။ ဘေးနားမှာ ရှိတဲ့ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် နဲ့ အတူတူရုန်းကန်နေတဲ့ သူတွေကိုလည်း မေ့ထားလို့ မရပါဘူး။ ဒါကြောင့် ကိုယ့် လုပ်ငန်းက အဖွဲ့၀င်တွေအတွက်လည်း လေ့လာမှုတွေ လုပ်ဆောင်နိုင်ဖို့ ပံ့ပိုးပေးပါ။
၈) ရိုးသားပွင့်လင်းပါ။
ဒီကာလမှ ၀ယ်သူဖောက်သည်နဲ့ ပဲဖြစ်ဖြစ်၊ ရုံးတွင်းလုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ suppliers တွေနဲ့ ပဲဖြစ်ဖြစ် ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ပြောပါ။ လမ်းခရီးအခက်အခဲကြောင့် ပစ္စည်းပို့ဖို့ နောက်ကျနေတာမျိုး ဆိုရင်တောင် ၀ယ်သူကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ပြောဆိုထားမယ်ဆိုရင် ၀ယ်သူ၊ ဖောက်သည် အနေနဲ့ စိတ်ပူနေစရာမလိုပဲ ဒီလုပ်ငန်းကို ယုံကြည်ရပါတယ်ဆိုတာမျိုး ဖြစ်လာမှာပါ။ ဒါကြောင့် အနည်းဆုံးတော့ ရိုးသားပွင့်လင်းပါ။
၉) အဖြေရှာပါ။
အခက်အခဲတွေ၊ စိတ်ညစ်စရာတွေကြုံလာရင် ခဏတော့ စိတ်ဓါတ်ကျလို့ရပါတယ်။ ဒါပေမယ့် ဒါကအဖြေမဟုတ်ပါဘူး။ ဒီအခက်အခဲကို ဘယ်လိုနည်းလမ်းတွေသုံးပြီး အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်မလဲ ဆိုတာ အဖြေရှာပါ။ အတွေးသစ်တွေ၊ အမြင်သစ်တွေနဲ့ ဖြတ်ကျော်နိုင်အောင် ကြိုးစားပါ။
ဒီအချက်တွေလုပ်ကြည့်ပြီး ဒီအခက်အခဲ၊ အကြပ်အတည်းကာလကို အကောင်းဆုံးအတူ ကျော်ဖြတ်ပြီး ပိုကောင်းတဲ့ ရလာဒ်တွေ ပိုင်ဆိုင်နိုင်ပါစေ။
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။