Blog

ဝယ်သူတွေရဲ့ အာရုံစိုက်မှု ရလာအောင် ဘယ်လို လုပ်မလဲ။

Website Blog (9)
Uncategorized

ဝယ်သူတွေရဲ့ အာရုံစိုက်မှု ရလာအောင် ဘယ်လို လုပ်မလဲ။

လူတွေဟာ တစ်နေ့မှာ ကြော်ငြာပေါင်းများစွာ ကိုမြင်နေရတာဖြစ်ပါတယ်။ social media မှာဆိုလည်း လုပ်ငန်းအသီးသီးက ကိုယ့်ရောင်းကုန်နဲ့ပတ်သက်လို့ ပြောဆို ရေးသားထားတဲ့ အချက်အလက်ပေါင်း များစွာကိုလည်း နေ့စဉ် နေ့တိုင်း မြင်နေရတာပါ။ ဒါပေမယ့် ကြော်ငြာတိုင်းကို မမှတ်မိနိုင်သလို တွေ့လိုက်တဲ့အချက်အလက်တိုင်း၊ ကိုယ့်ဆီရောက်လာတဲ့ အချက်အလက်တိုင်းကိုလည်း အာရုံစိုက်ဖို့၊ မှတ်မိဖို့ မလွယ်ကူပါဘူး။ ဒီတော့ ကြော်ငြာတွေ ရေးတဲ့အခါ၊ sales presentation လုပ်တဲ့အခါ၊ ဆိုရှယ် မီဒီယာမှာ စာရေး တဲ့အခါမှာ သင်ရေးတဲ့၊ ပြောတဲ့အကြောင်းအရာကို လူတွေ အာရုံစိုက်စေချင်တယ်၊ ဖတ်စေချင်တယ်ဆိုရင် ဘယ်လို လုပ်လို့ ရနိုင်မလဲ၊ ဘယ်နည်းလမ်းတွေကို သုံးလို့ရနိုင်မလဲ ဆိုတာကို လေ့လာကြည့်ရအောင်။ 

၁) Mini-drama

လူတစ်‌ယောက်ရဲ့ ပုံမှန် လက်တွေ့ဘဝမှာ သင့်ကုန်ပစ္စည်းကို ဝယ်ယူသုံးစွဲလိုက်ခြင်း အားဖြင့် အရင်နဲ့ မတူပဲ ပိုမိုကောင်းမွန် သွားတဲ့အခြေအနေကို drama အသေးစားနဲ့ ပြောပြလိုက်ပြီး ဝယ်သူတွေရဲ့ အာရုံစိုက်မှု ရဖို့ ကြိုးစားလို့ရပါတယ်။ ဥပမာ – အသက် ၂၀ ~ ၃၀ ကြားဝယ်သူတွေကို ပစ်မှတ်ထားတဲ့ Enervon-C လိုဆေးမျိုးဆိုရင် ဒီဆေးကို မသောက်ခင်က လုပ်ငန်းခွင်မှာ မီတင်တွေကြောင့် စိတ်ဖိစီးရတာ တွေရှိနေမယ်၊ report တွေအချိန် တန်လို့မပြီးတဲ့အခါ အဆင်မပြေတာတွေဖြစ်နေမယ်၊  ကိုယ်တိုင် စိတ် ဖိစိီးမှု များနေတော့ ကိုယ့်လက်အောက်က လူတွေကို ကောင်းကောင်းစီမံခန့်ခွဲမှု မလုပ်နိုင်တဲ့အခါ ပိုပြီး စိတ်ညစ်နေရတဲ့ အခြေအနေ တစ်ခုမှာ ဒီဆေးကို မနက်မိုးလင်း ရုံးမလာခင် သောက်ထားလိုက်ခြင်း အားဖြင့် စိတ်ဖိစီးမှု ကင်းဝေးပြီး မီတင်တွေမှာလည်းတက်တက်ကြွကြွ ပါဝင်ဆွေးနွေးနိုင်လာတယ်။ စိတ်ကြည်ကြည်လင်လင် နဲ့အလုပ်လုပ်တဲ့အခါ လိုအပ်တဲ့ report တွေလည်းအချိန်မှီ အပြီးသတ်နိုင်တယ်။ ကိုယ့်လက်အောက်က လူတွေကိုလည်း ကောင်းကောင်း စီမံခန့်ခွဲနိုင်လာပြီး လုပ်ငန်းခွင်မှာ ပျော်လာတဲ့အနေအထားတစ်ခု ရောက်သွားပါတယ်။ ဒါသည် drama အသေးစားလေး တစ်ခုပါပဲ။ ဒီတော့ midi-drama ဆိုတာ သင့်ရဲ့ ကုန်ပစ္စည်းကို မသုံးခင်နဲ့ သုံးတဲ့အချိန်မှာ ဘယ်လောက် ကွာခြားသွားပါတယ် ဆိုတာမျိုးကို ဝယ်သူတွေ အာရုံစိုက်မိသွားအောင် ပြောပြတဲ့ နည်းလမ်းဖြစ်ပါတယ်။

၂) Wordplays

စကားလုံးတွေနဲ့ဆွဲဆောင်မှု လုပ်တာ ဖြစ်ပါတယ်။ လက်ရှိလူတွေကြားထဲမှာ၊ social media မှာ ခေတ်စားနေတဲ့ စကားလုံးတွေ၊ မြင်လိုက်တာနဲ့လူတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တဲ့ စကားလုံးတွေနဲ့ သင့်ကုန်ပစ္စည်းကို ချိန်ဆက်ပြီး ဝယ်သူတွေ အာရုံစိုက်မိလာအောင် ပြောဆိုရေးသားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Better Version မှာဆိုရင်လည်း “ရောင်းမထွက်လို့ တွေးရင်းငေးရင်း ခေါင်းကိုက်မခံပါနဲ့ ဝင်ငွေစာရင်းတွက်ရင်း ဒူးနံ့နေပါ” ဆိုတဲ့ မက်ဆေ့မျိုး ဖန်တီးထားတာကိုလည်း တွေ့နိုင်ပါတယ်။ အရောင်းပိုင်းဆိုင်ရာ သင်တန်းတွေ တက်လို့ရပါတယ် ဆိုတာထက် ဒီလို မက်ဆေ့မျိုးသည် ဖတ်သူရဲ့ attention ကိုပိုပြီးတော့ ရစေပါတယ်။ 

၃) What if – Questions

မေခွန်းတွေ မေးပြီးလည်း သင်ပြောနေတဲ့ အကြောင်းအရာအပေါ်မှာ ဝယ်သူ အာရုံစိုက်မှု ပိုလာအောင် လုပ်လို့ရပါတယ်။ ဒီနေရာမှာ မေးတဲ့မေးခွန်းတွေသည် သင့်ရောင်းကုန်ရဲ့ benefit (အကျိုးကျေးဇူး) နဲ့ ချိတ်ပြီး မေးတတ်ဖို့တော့ လိုပါတယ်။ ဥပမာ – car insurance ရောင်းတဲ့ သူတစ်ယောက် အနေနဲ့ဆိုရင် ကားအာမခံသာ ထားထားမယ်ဆိုရင် ကားတစ်ခုခု ဖြစ်ခဲ့ရင် စိတ်အေးချမ်းမှု ဘယ်လောက် ရနိုင်မလဲ၊ ပိုက်ဆံကုန် ဘယ်လောက် သက်သာ သွားနိုင်မလဲ ဆိုတဲ့ မေးခွန််းမျိုးနဲ့ ဝယ်သူက သူ့ရဲ့ ပြဿနာ ကို စပြီး သတိထားမိသွားအောင်၊ ကိုယ်ပေးနိုင်တဲ့ solution ပါ တစ်ခါထဲ ထည့်ပြီး မေးလိုက်တာမျိုး ဖြစ်ပါတယ်။ သင်ရောင်းတဲ့ ပစ္စည်းသည် ဘယ်လောက် ကောင်းပါတယ်ဆိုတာကို ပြောနေတာမျိုးမဟုတ်ဘဲနဲ့ ဝယ်သူ ကိုယ်တိုင် မြင်လာအောင် မေးခွန်းမေးပြီး attention ရအောင် ကြိုးစားလို့ရပါတယ်။

၄) Metaphor Objects

ဒီနည်းကတော့ သင်ရောင်းတဲ့ ကုန်ပစ္စည်းနဲ့သဘောတရားတူတဲ့ အရာ တစ်ခုခု နဲ့ချိတ်ပြီးတော့၊ ဥပမာပေးပြီးတော့ ပြောဆိုတင်ပြတာ ဖြစ်ပါတယ်။ ဥပမာ – သော့တစ်ခုကို ပြပြီး လူကြီးမင်းအနေနဲ့ အိမ်မှာ တံခါး တွေ ပွင့်နေမယ်ဆိုရင် အဖိုးတန်ပစ္စည်းတွေ ဘယ်လောက်ထိ ဆုံးရှုံးမှု ရှိနိုင်မလဲ။ ဒီလိုပဲ လူကြီးမင်းလုပ်ငန်းမှာ အရေးကြီးတဲ့အချက်အလက်တွေ ကို လုံခြုံအောင် မသိမ်းဆည်းနိုင်တဲ့အတွက် အပြင်ကိုပေါက်ကြားမယ်ဆိုရင် ဘယ်လောက်ထိ ဆုံးရှုံးမှုတွေ ဖြစ်နိုင်မလဲ။ ဒီလိုအနေအထားမှာ ကျွန်တော်တို့ ရောင်းတဲ့ software ကိုသာ ဝယ်ယူ သုံးစွဲလိုက်မယ်ဆိုရင် သော့တစ်ခုကဲ့သို့ အားလုံးကို လုံခြုံအောင် သိမ်းဆည်းပေးနိုင်ပါတယ်ဆိုပြီး ကိုယ်ရောင်းနေတဲ့ software ကသူ့ရဲ့လုပ်ငန်းမှာ ဘယ်လောက်အထိ အသုံးဝင်ပါတယ်ဆိုတဲ့ သဘော တရားကို မြင်အောင် ပြောပြပြီး အရောင်းရဖို့ ကြိုးစားတဲ့ နည်းလမ်းဖြစ်ပါတယ်။ 

၅) Stories

လူတွေက ပုံပြင်တွေကို နှစ်သက်တဲ့ သဘောတွေရှိပါတယ်။ ဒီတော့ ပုံပြင်တွေနဲ့ လည်းလူတွေရဲ့ attention ကို ဆွဲဆောင်ဖို့ ကြိုးစားလို့ရပါတယ်။ ကျွန်တော်တစ်ခါ တွေ့ဖူးတဲ့ ကြော်ငြာအကြောင်းကို ဥပမာ အနေနဲ့ပြောပြရရင် သူက အားလုံးသိပြီးဖြစ်တဲ့ စင်ဒရဲလား ပုံပြင်ကို အခြေခံထားပါတယ် _ တစ်ခါက တိုင်းပြည်တစ်ပြည်မှာ မင်းသားလေး တစ်ပါးရှိတယ်။ တစ်နေ့ တော့ ကြင်ရာတော်ရွေးပွဲ အတွက် တိုင်းပြည်မှာရှိတဲ့ ချောမောလှပတဲ့ အမျိုးသမီးလေး တွေကို ဖိတ်ပြီး ကပွဲသဘင်လုပ်ပါတယ်။ အဲ့ဒီထဲမှာ မိန်းကလေး တစ်ယောက်ကို သဘောကျသွားတယ်။ သူတို့ တွဲက ကြတယ်ပေါ့။ ဒီ မိန်းကလေးက ၁၂ နာရီထိုးတဲ့အခါ နန်းတော်ထဲကနေ ထွက်ပြေးသွားပါတယ်။ စင်ဒရဲလား ပုံပြင်မှာတော့ ဖိနပ် တစ်ရံ ကျန်ခဲ့ပေမယ့် ဒီထဲမှာတော့ မိန်းကလေးရဲ့ ခေါင်းက ဘီးလှလှ လေးက ပြုတ်ကျ ကျန်ခဲ့ပါတယ်။ နောက်တစ်ရက်မှာ မင်းသားလေးက ဘီးပိုင်ရှင် မိန်းကလေးကို ရှာပါတော့တယ်။ တိုင်းပြည်မှာ ရှိတဲ့ မိန်းကလေးတိုင်းရဲ့ ဆံပင်ကို ဒီဘီးနဲ့လိုက်ဖီးကြည့်ပါတယ်။ ဘယ့်သူ့ဆံပင်ကမှ ဒီဘီးနဲ့ချောချော မွေ့မွေ့ ဖီးလို့ မရပါဘူး။ အားလုံးရဲ့ဆံပင်တွေက ရှုပ်နေလို့ပါ။ နောက်ဆုံး မိန်းကလေး တစ်ယောက်ရဲ့ ဆံပင်ကို ဖီးလိုက်တော့မှ ကောင်းကောင်းမွန်မွန် ချောချော မွေ့မွေ့ ဖီးလို့ရသွားပါတယ်။ ဒီမိန်းကလေးက သူတို့ကြော်ငြာတဲ့ ခေါင်းလျှော်ရည်ကို အမြဲ စွဲသုံးသူ ဖြစ်နေလို့ပါ။ ပုံမှန် ခေါင်းလျှောက်ရည် ကြော်ငြာ ဆိုရင် သတိထားမကြည့်မိပေမယ့် ဒီလိုပုံပြင် တစ်ခုနဲ့တွဲလာတဲ့ အခါမှာ လူတွေရဲ့ စိတ်ဝင်စားမှုနဲ့ ကြည့်ရှု့နှုန်းဟာ ပိုတက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ stories သုံးမယ်ဆိုရင်တော့ အဓိက ပါဝင်ရမယ့် အကြောင်းအရာ  ၃ ခုက characters (ဇာတ်ကောင်), conflits/problem (ဖြစ်နေတဲ့ပြဿနာ), solutions (အဖြေ)ဖြစ်ပါတယ်။ ဒီ ၃ ခုလုံးပါမှသာလျှင် ဖတ်တဲ့သူ၊ ကြည့်တဲ့သူ စိတ်ဝင်စားမှုများတဲ့ ဖန်တီးမှု ဖြစ်မှာပါ။ 

ဒီနည်းလမ်းတွေကိုသင့်ရဲ့ လုပ်ငန်းခွင်မှာ လက်တွေ့ အသုံးချကြည့်ပါ။ သင့် product၊ သင်ဖန်တီးတဲ့ ကြော်ငြာ၊ သင်လုပ်တဲ့ sales presentation ကို လူတွေ စိတ်ဝင်စားမှု၊ အာရုံစိုက်မှု ပိုပြီး တက်လာမှာ အသေအချာပါပဲ။

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress

[ သင်ခန်းစာနဲ့ပတ်သက်ပြီး မေးချင်တာများရှိရင် comment ရေးခဲ့ပါ။ ]

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
I got Better offer

အောက်တိုဘာ ၁၅ ရက်နေ့ မတိုင်ခင်ထိ "BVM30" ကုဒ် အသုံးပြုပြီး Special Offer ၃၀% ရယူပါ။