အရောင်းသမားတွေ အနေနဲ့ ဝယ်သူအသစ်တွေ ဘယ်လိုရှာမလဲ
December 30, 2021 2022-02-10 15:10အရောင်းသမားတွေ အနေနဲ့ ဝယ်သူအသစ်တွေ ဘယ်လိုရှာမလဲ

အရောင်းသမားတွေ အနေနဲ့ ဝယ်သူအသစ်တွေ ဘယ်လိုရှာမလဲ
အရောင်းသမားတွေ အနေနဲ့ ရောင်းအား (sales volume) တွေတက်ဖို့၊ ဝယ်သူအရေအတွက် တိုးလာဖို့ မပြတ်ကြိုစားနေကြရတာ ဖြစ်တော့ တစ်လတစ်လ ဝယ်သူအသစ်တွေရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကလည်း စိန်ခေါ်မှု တစ်ရပ်ဖြစ်နေပါတယ်။
လက်လီရောင်းတဲ့သူတွေ (B2C) ထက် လက်ကား ရောင်းသူ (B2B) မှာဆိုရင်လည်း ဝယ်သူ အသစ်တစ်ယောက် တိုးလာရင် တိုးလာသလောက် ရောင်းအားပမာဏ တက်လာပြီး လုပ်ငန်း ကြီးထွားနှုန်းပေါ်မှာ အများကြီး အကျိုး သက်ရောက်မှုကို ဖြစ်စေပါတယ်။
ဒီတော့ ဝယ်သူ အသစ်တွေရလာအောင် ဘယ်လို နည်းလမ်းတွေ၊ ဘယ်နေရာတွေက နေရှာလို့ရမလဲ လေ့လာ ကြည့်ရအောင်။
၁) သင့်ဆီကဝယ်နေကျ ဖောက်သည်တွေကနေ တစ်ဆင့်ဝယ်သူအသစ်တွေ ရှာလို့ရပါတယ်။
သင့်ဖောက်သည်တွေကို ကုန်ပစ္စည်း၊ ဝန်ဆောင်မှုက သုံးရတာအဆင်ပြေလား service follow up လိုက်တဲ့အခါမျိုးမှာ ဒီကုန်ပစ္စည်းကို သူတို့ ပတ်ဝန်းကျင်မှာရော စိတ်ဝင်စားလို့ ဝယ်ချင်နေသူများ ရှိနေမလားလို့ မေးရင်း ဝယ်သူအသစ်တွေ ရလာအောင် လုပ်နိုင်ပါတယ်။ တတ်နိုင်ရင်တော့ မားကတ်တင်း ပိုင်းနဲ့ တွဲပြီး ပုံမှန် ဝယ်နေကျ ဖောက်သည်တွေကို referral discount card (အခြားသူတွေကို ညွှန်းပေးရင် ဘယ်လောက်ရာခိုင်နှုန်းသက်သာစေပါတယ်) မျိုးတွေပေးပြီး သူတို့ ဆီကနေတစ်ဆင့် သူတို့ရဲ့ recommendation တွေနဲ့ဝယ်သူအသစ်တွေ ရလာအောင် ကြိုးစားလို့ရပါတယ်။ နောက်ပြီး လူတွေသည် ကြော်ငြာတွေကပေးတဲ့ မက်ဆေ့တွေထက် သူတို့ပတ်ဝန်းကျင်က မိတ်ဆွေသူငယ်ချင်းတွေ ပေးတဲ့ အချက်အလက်တွေကို ပိုယုံကြည်တဲ့သဘော ရှိလို့ ဒီနည်းကလည်း သင့်ကို ဝယ်သူအသစ်တွေ တိုးလာဖို့ အထောက်အကူ ဖြစ်စေပါတယ်။
၂) Trade directories တွေထဲကနေတစ်ဆင့် ရှာလို့ရပါတယ်။
ရန်ကုန်လမ်းညွှန်၊ မန္တလေး လမ်းညွှန်လိုမျိုး trade directories တွေထဲမှာလည်း သင့်ရောင်းတဲ့ ကုန်ပစ္စည်းကို ဝယ်ယူ သုံးစွဲဖို့အလားအလာ ရှိတဲ့ ဝယ်သူတွေ ကိုရှာလို့ရပါတယ်။ ဒီထဲမှာဆိုရင် လုပ်ငန်းအမည်တွေ၊ အမျိိုးအစားတွေ၊ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေလည်းပါတဲ့အတွက် တိုက်ရိုက် ဆက်သွယ်ပြီး ကုန်ပစ္စည်း မိတ်ဆက်တာမျိုး လုပ်လို့ရပါတယ်။
၃) အင်တာနက်၊ သင့် website ကနေ ဒါမှမဟုတ် social media ကနေ တစ်ဆင့်ရှာလို့ရပါတယ်။
Social media marketing လုပ်ပြီး ဝယ်သူအသစ်တွေ ရှာနိုင်သလို၊ သင့်ရဲ့ website မှာစိတ်ဝင်စားလို့ ဝင်ကြည့်တဲ့ လူတွေကို email address တောင်းတာ၊ register လုပ်ဖို့ ဖန်တီးတာမျိုး လုပ်ပြီးလည်း အလားအလာရှိတဲ့ ဝယ်သူတွေရဲ့ အချက်အလက်တွေ ရအောင် ကြိုးစားလို့ရပါတယ်။ ပြီးရင်တော့ သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ ကိုက်ညီနိုင်မယ့် အချက်အလက်တွေ၊ သင့်ကုန်ပစ္စည်းရဲ့ catalogue တွေ ပို့ပေးပြီးတော့လည်း ဝယ်သူအသစ်တွေ တိုးလာအောင် လုပ်နိုင်ပါတယ်။
၄) Cold calling လုပ်လို့ရမယ်။
တစ်အိမ်တစ်ဆင်း (door to door) လိုက်ရောင်းတာမျိုးတွေ၊ ဖုန်းခေါ်ပြီး ကုန်ပစ္စည်းအကြောင်း မိတ်ဆက်ပေးတာမျိုး (cold calling) တွေ လုပ်ပြီးတော့လည်း ဝယ်သူ အသစ်တွေ ရလာအောင် ကြိုးစားလို့ရပါတယ်။ ဒီလို လုပ်ဖို့ ဆိုရင်တော့ အရောင်းသမား တစ်ယောက်အနေနဲ့ စိတ်ဓာတ် ခိုင်ကြည်မှုတွေ၊ ဇွဲလုံ့လနဲ့ အငြင်းခံရခြင်းတွေ ကို ဘယ်လောက်ထိ ကောင်းကောင်း ကျော်လွှားနိုင်လဲ၊ လူမှု ဆက်ဆံရေး ဘယ်လောက်ထိ ကောင်းလဲ ဆိုတဲ့ အချက်တွေပေါ်မူ တည်ပါတယ်။
ဒီတော့ အလားအလာရှိတဲ့ဝယ်သူ ရှာဖွေတတ်ခြင်း ဆိုတာသည် အရောင်းသမားတစ်ယောက်မှာ ရှိကိုရှိရမယ့် အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်ရောင်းကုန်အတွက် ကိုက်ညီမယ့်ဝယ်သူ၊ အလားအလာရှိတဲ့ ဝယ်သူတွေကို ရှာဖွေတတ်ဖို့လိုပါတယ်။ တချို့ရုံးတွေမှာ မန်နေဂျာတွေက စနစ်တကျ လေ့ကျင့်သင်ကြားပေးတတ်ကြပေမယ့် တချို့ရုံးတွေမှာ အရောင်းသမားတွေကို ဒီတိုင်းကိုယ့်စိတ်ကြိုက် ရှာခိုင်းတတ်တာမျိုးတွေ တွေ့ရတတ်ပါတယ်။
ဒီနည်းတွေကို လက်တွေ့အသုံးချကြည့်ရင်းဝယ်သူ အသစ်တွေ တိုးလာပြီး၊ ကိုယ့်လုပ်ငန်းရဲ့ ရောင်းအားတွေမြှင့်တင်နိုင်ကြပါစေ။
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။