Sale Forecasting လုပ်တဲ့အခါ ထည့်သွင်းစဥ်းစားသင့်သောအချက်များ
March 4, 2022 2022-03-07 9:32Sale Forecasting လုပ်တဲ့အခါ ထည့်သွင်းစဥ်းစားသင့်သောအချက်များ

Sale Forecasting လုပ်တဲ့အခါ ထည့်သွင်းစဥ်းစားသင့်သောအချက်များ
အရင်ပို့စ်တွေမှာ Sales Forecasting အကြောင်း နဲ့ Sales forecasting လုပ်တဲ့အခါ အသုံးပြုတဲ့ နည်းလမ်းတွေကို Learners တွေအတွက်မျှဝေခဲ့ဖူးပါတယ်။ လေ့လာပြီးသူများရော၊ မလေ့လာရသေးတဲ့သူများရော Better Version Website ထဲမှာ ပြန်လေ့လာလို့ရပါတယ်။
ဒီတစ်ခေါက်မှာတော့ လုပ်ငန်းအတွက် ရောင်းအားအတက်အကျ၊ ၀ယ်လိုအား၊ ရောင်းလိုအားတွေကို ခန့်မှန်းတွက်ချက်တဲ့အခါမှာ မဖြစ်မနေ ထည့်သွင်းစဥ်းစားဖို့လိုအပ်တဲ့ အချက်လေးတွေရှိပါတယ်။ တစ်ချို့အချက်တွေကတော့ လုပ်ငန်းအတွင်းပိုင်း (internal) နဲ့ဆိုင်သလို တစ်ချို့အချက်တွေကတော့ လုပ်ငန်းပြင်ပ (external) မှာဖြစ်ပေါ်နေတဲ့အခြေအနေများကြောင့် သက်ရောက်မှုတွေရှိပါတယ်။ ဒါကြောင့် Sales Forecasting အပေါ်သက်ရောက်မှုရှိနိုင်ပြီး ထည့်သွင်းစဥ်းစားသင့်တဲ့ အကြောင်းအရင်းလေးတွေကို ပြောပြချင်ပါတယ်။
၁။ Economic Condition
နိုင်ငံတစ်နိုင်ငံလုံးရဲ့ အထွေထွေစီးပွားရေးအခြေအနေများက ကုမ္ပဏီရဲ့ အရောင်းခန့်မှန်းချက်အပေါ် သိသိသာသာ သက်ရောက်မှုရှိပါတယ်။ စီးပွားရေးအားကောင်းလာတဲ့အခါ လူတွေက ၀ယ်ယူသုံးစွဲမှုတွေပိုများလာမယ်၊ လုပ်ငန်းရှင်တွေကလည်း လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံဖို့ အလားအလာတွေပိုများလာမယ်။ စီးပွားရေးကျဆင်းနေတဲ့အခါမှာတော့ ၀ယ်လိုအားတွေကျနေတတ်ပြီး အရောင်းစက်၀န်း (Sales cycle) တွေက များသောအားဖြင့် ပိုကြာနေတတ်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့လက်ရှိစီးပွားရေးအခြေအနေနဲ့ ဖြစ်လာနိုင့်မယ့်အခြေအနေတွေကို သုံးသပ်ပြီး ကိုယ့်ရဲ့ ရောင်းအားကို ကြိုတင်ခန့်မှန်းထားသင့်ပါတယ်။
၂။ Business Conditions
လုပ်ငန်းနယ်ပယ်တွင် အကျိုးသက်ရောက်စေမည့် အပြောင်းအလဲတွေက ကုမ္ပဏီ၏ရောင်းအားကို လွှမ်းမိုးစေပါတယ်။ ဒါကြောင့် လုပ်ငန်းနယ်ပယ်အတွင်း အပြိုင်အဆိုင်တွေများလာခြင်း၊ ၊ လူမှုရေး၊ ၀ယ်သူတွေရဲ့ လိုအပ်ချက်တွေ ပြောင်းလဲလာခြင်း၊ နည်းပညာတွေ တိုးတက်ပြောင်းလဲလာခြင်း အစရှိတဲ့ အပြောင်းအလဲတွေကို ထည့်သွင်းစဥ်းစားရပါမယ်။
၃။ Internal Conditions
Internal conditions ဆိုတာကတော့ လုပ်ငန်းအတွက် ကုမ္ပဏီမှချမှတ်ထားတဲ့ မူ၀ါဒတွေနှင့် မဟာဗျူဟာတွေကို ဆိုလိုပါတယ်။ မားကတ်တင်းနဲ့ အရောင်းပိုင်းဆိုင်ရာ မူ၀ါဒတွေ၊ ဖြန့်ဖြူးရေ၊ ဘဏ္ဍာရေး၊ ၀န်ထမ်းမြှင့်တင်ရေး၊ အရည်အသွေးနဲ့ စျေးနှုန်းသတ်မှတ်ရေး အစရှိတဲ့အပိုင်းတွေနဲ့ ပတ်သတ်ပြီး ချမှတ်ထားတဲ့ မူ၀ါဒတွေ အကုန်လုံးက Sales Forecasting လုပ်တဲ့အခါမှာ ထည့်သွင်းစဥ်းစားရမယ့် အရေးကြီးတဲ့ အချက်တွေဖြစ်ပါတယ်။
၄။ Sociological Conditions
Sociological condition အပြောင်းအလဲတွေကလည်း Sales Forecasting လုပ်တဲ့နေရာမှာ သက်ရောက်မှုတွေရှိပါတယ်။ Demographic condition လို့ခေါ်တဲ့ လူဦးရေ အရွယ်အစား၊ သိပ်သည်းဆ၊ အသက်အုပ်စုများ ပြောင်းလဲခြင်း၊ မွေးဖွားခြင်းနှင့် သေဆုံးမှုနှုန်း၊ မိသားစု အရွယ်အစား၊ ပညာရေးအဆင့်၊ မိသားစုဝင်ငွေ တည်နေရာသည် ကျေးလက်နှင့် မြို့ပြစားသုံးမှု အလေ့အထ ကွဲပြားသောကြောင့် စျေးကွက်မှာ ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအလဲတွေကို လေ့လာသုံးသပ်တတ်ဖို့ လိုပါတယ်။
၅။ Competitive Conditions
ဒီအချက်ကတော့ လုပ်ငန်းတိုင်းကို အပြိုင်အဆိုင်တွေကြားထဲကနေ တိုးတက်အောင်မြင်စေနိုင်တဲ့အချက်ပဲဖြစ်ပါတယ်။ စျေးကွက်အပြောင်းအလဲတွေများလာတဲ့အမျှ ပြိုင်ဆိုင်မှုတွေကလည်း ဆက်တိုက်ဆိုသလို များလာပါတယ်။ လုပ်ငန်းလည်ပတ်မှုစနစ်တွေ၊ နည်းပညာကျွမ်းကျင်မှုတွေ၊ ကုန်ပစ္စည်းအရည်အသွေးမြှင့်တင်မှုတွေပေါ်မူတည်ပြီး ကုမ္ပဏီရဲ့ အောင်မြင်မှုနှုန်းကို ဆုံးဖြတ်နိုင်ပါတယ်။
ကိုယ့်ကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ မားကတ်တင်းဗျူဟာတစ်ခုချမှတ်ဖို့အတွက်ဆိုရင် အရင်ဆုံး မဟာဗျူဟာမြောက်တဲ့ အရောင်းခန့်မှန်းခြင်းတွေလုပ်ဖို့လိုအပ်ပါတယ်။ မှန်ကန်တဲ့ အရောင်းခန့် မှန်းတွက်ချက်တဲ့နည်းတွေအပြင် Sales Forecasting ကို သက်ရောက်လွှမ်းမိုးစေတဲ့ ဒီအချက်တွေကိုပါထည့်သွင်းစဥ်းစားတဲ့အခါ သင်က ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် လုပ်ငန်းအနာဂတ်အတွက် အမြဲအသင့်ရှိနိုင်မှာပဲဖြစ်ပါတယ်။
သင့်အနေနဲ့ အရောင်းခန့်မှန်းတွက်ချက်နည်းတွေ လိုအပ်တယ်၊ မားကတ်တင်း plan ကောင်းကောင်းဆွဲဖို့ လိုအပ်နေတယ်၊ စျေးကွက်နဲ့ ကိုက်ညီတဲ့ ဗျူဟာတွေ ချမှတ်ဖို့ လိုအပ်နေပြီဆိုရင် ကျွန်မတို့ Practical Marketing Strategies အတန်းလေးရှိပါတယ်။
သင်တန်းအသေးစိတ်စုံစမ်းချင်ရင်တော့ comment မှာ “PMS” လို့မန့်ထားခဲ့ပေးပါ။ မက်ဆေ့မှတစ်ဆင့်ပြန်လည်ရှင်းပြပေးပါမယ်ရှင့်။
—
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
—
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။