Blog

ကျင့်ဝတ်နဲ့ အညီ ရောင်းချခြင်း

4
Sales

ကျင့်ဝတ်နဲ့ အညီ ရောင်းချခြင်း

Professional လို့ပြောလိုက်ပြီဆိုပြီး ဒီစကားလုံးနဲ့ အတူတွဲပြီး ပါလာတာတွေကတော့ Skills (လုပ်ကိုင်နိူင်စွမ်း) နှင့် Ethic (ကျင့်ဝတ်) တို့ဘဲ ဖြစ်ပါတယ်။ ဒီနှစ်ခုလုံးပေါင်းတဲ့ အခါကျမှသာ Professional  ပီသတယ်လို့ပြောလို့ရပါတယ်။ အရောင်းသမားတွေနဲ့ ပတ်သက်ပြီးတော့ လိုအပ်တဲ့ အရည်အချင်းတွေ၊ ထားရှိရမယ့်စိတ်နေသဘောထား၊သိထားသင့်တဲ့ ဗဟုသုတ စတာတွေကို အရင်ပို့စ်တွေမှာ ရေးခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ကျင့်ဝတ်နဲ့ ပတ်သက်ပြီးတော့ အရောင်းသမားတစ်ယောက်အနေနဲ့ ကျင့်ဝတ်နဲ့ ညီတဲ့ ရောင်းချခြင်းဆိုတာ ဘာကို ပြောတာလဲ။ ကျင့်ဝတ်နဲ့ ညီညွှတ်စွာ ရောင်းချခြင်းဟာ ဘယ်လောက် အရေးပါသလဲဆိုတာ ပြောပြမှာ ဖြစ်ပါတယ်။

အပေါ်မှာပြောခဲ့သလို Pro လို့ပြောလိုက်ရင် သူ့မှာ သူအသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုလို့ သတ်မှတ်ထားတဲ့ အလုပ်ကို ပြီးမြောက်အောင်မြင်အောင်လုပ်နိူင်ရမှာဖြစ်သလို ကျင့်ဝတ်နဲ့ညီဖို့လဲ လိုပါတယ်။

ဥပမာဆိုပါတော့ – တရားသူကြီးတစ်ယောက်ဟာ သူ့အလုပ်အတွက် လုံလောက်တဲ့ အရည်အချင်း၊ စဉ်းစားတွေးခေါ်နိူင်စွမ်း၊ ပညာဗဟုသုတ ပြည့်စုံတယ်။ ဒါပေမယ့် ကျင့်ဝတ်ကို အလေးမထားတဲ့ အခါမှာ လာဘ်စားတာမျိုးတွေဖြစ်လာတော့ လူမှုပတ်ဝန်းကျင်အတွက်မလိုလားအပ်တဲ့ ရေရှည်ပြသနာတွေဖြစ်လာနိူင်တာမျိုးဖြစ်ပါတယ်။ အင်ဂျင်နီယာဆိုပါတော့။ ကိုယ့်အလုပ်အတွက် လုံလောက်တဲ့ အရည်အချင်းရှိတဲ့ ဒါပေမယ့် ကျင့်ဝတ်မရှိလို့ လိုအပ်တဲ့ပမာဏတွေမသုံးဘဲ ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်သွားတဲ့အခါမှာ အရည်အသွေးအားနည်းတဲ့ လမ်းတံတားမျိုးတွေ ဖြစ်လာလို့ နောက်ဆက်တွဲ ပြသနာတွေ အများကြီး ဖြစ်လာတာမျိုးတွေရှိပါတယ်။ ဒါတွေဟာ ကျင့်ဝတ် နဲ့မကိုက်ညီတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်တာဖြစ်ပါတယ်။

 

အရောင်းသမားဆိုတာ နှစ်ဖက်ကို ဝန်ဆောင်မှုပေးရတဲ့ အလုပ်မျိုးဖြစ်ပါတယ်။ တစ်ဖက်ကတော့ ကိုယ့်လုပ်ငန်းအကျိုးအမြတ်ရရှိရေး ဖြစ်ပြီးတော့ တစ်ဖက်မှာတော့ ဝယ်သူ၊ သုံးစွဲသူ ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းရင်း စိတ်ကျေနပ်မှု ရရှိအောင်လုပ်ရတာပါ။ ဒီအလုပ်အတွက် အရေးကြီးတာကတော့ ရေရှည်ဆက်ဆံရေးတည်ဆောက်ခြင်း ဖြစ်ပါတယ်။ ရေရှည်တည်မြဲတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့အတွက် အလိုအပ်ဆုံး အရာတစ်ခုကတော့ ယုံကြည်မှုဖြစ်ပါတယ်။ ယုံကြည်မှုဆိုတာ တည်ဆောက်ရတာကြာပေမယ့် ပျက်ဆီးဖို့တော့ အင်မတန်လွယ်ကူတဲ့ အရာမျိုးပါ။

အရောင်းသမားတွေမှာ ရှိသင့်တဲ့ အရည်အချင်းတွေရှိလို့၊ အပြောအဆိုကျွမ်းကျင်လို့ ဘယ်လို ဝယ်သူမျိုးကိုမဆို ရောင်းချနိူင်တဲ့လူတွေကို အက်စကီးမိုးကို အဲယားကွန်း ရောင်းနိူင်တဲ့လူတွေလို့တောင်တင်စားလေ့ရှိကြပါတယ်။ ဒါပေမယ့် တကယ်တော့ တကယ်မလိုအပ်တဲ့အရာကို ဝယ်သူကို ရောင်းချခြင်းဟာ ရေတိုအတွက် အဆင်ပြေနိူင်ပေမယ့် ရေရှည်မှာတော့ ဆက်ဆံရေးပျက်ပြားပြီး မကောင်းတဲ့ ရလာဒ်တွေသာ ရဖို့များလို့ ကျင့်ဝတ်ရှိရှိ ရောင်းချရေးဟာ မဖြစ်မနေ ဂရုတစိုက် စဉ်းစားပြီး လုပ်ဆောင်ရမယ့် အရာလဲ ဖြစ်ပါတယ်။

 

ကျင့်ဝတ်နဲ့ အညီရောင်းချခြင်းဆိုတာဘာလဲ။

ကျင့်ဝတ်နဲ့အညီရောင်းချခြင်းဆိုတာ တကယ်တော့ ယုံကြည်မှုတည်ဆောက်ပြီး ရေရှည်ဆက်ဆံရေးတည်ဆောက်ခြင်းအားဖြင့် ကိုယ့်လုပ်ငန်းအတွက်လဲ အကျိုးရှိ၊ ဝယ်သူဖောက်သည်တွေအတွက်လဲ စိတ်ကျေနပ်မှုရစေတဲ့ ရောင်းချခြင်းမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

အရောင်းမန်နေဂျာတွေ၊ ပိုင်ရှင်တွေအနေနဲ့လဲ ကို်ယ့်အရောင်းသမားတွေကို အရောင်းပိုင်းနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန်လုပ်ဆောင်နိူင်ဖို့ လေ့ကျင့်သင်ကြားပေးရမယ်။ ဘာတွေနဲ့ ပတ်သက်ပြီးတော့ သင်ကြားရမှာလဲဆိုရင် ဝယ်သူတွေကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံဖို့၊ တာဝန်ယူမှုရှိဖို့၊ရိုးသားဖို့၊ ဝယ်သူကို ပြောဆိုတင်ပြရောင်းချတဲ့ ဆက်သွယ်ရေးနည်းလမ်းပေါင်းစုံ (အီးမေးလ်၊ လက်ကမ်းစာစောင်၊အစရှိသည်) မှာလဲ ကိုယ်ရောင်းမယ့်ထုတ်ကုန် (ဝန်ဆောင်မှု) အကြောင်းတွေကို သေချာ တိတိကျကျ ရေးသားဖော်ပြ၊ ပြောဆိုဖို့၊ ကိုယ်တကယ်လုပ်ပေးနိူင်တာထက် ကတိကဝတ်ပိုမပေးဖို့၊ နှစ်ဦးနှစ်ဖက် ဝယ်ယူခြင်း နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ မှန်သမျှကို သိရှိနေအောင်လုပ်ဖို့ သင်ကြားပေးထားရမှာ ဖြစ်ပါတယ်။

 

ကျင့်ဝတ်နဲ့အညီရောင်းချခြင်း ဖြစ်ဖို့အတွက်_

၁) ယဉ်ကျေးပျူငှာစွာ ပြောဆို ဆက်ဆံပါ။

၂) တာဝန်ယူမှုရှိပါ။

၃) ရိုးသားပါ။

၄) ကိုယ့်ထုတ်ကုန်၊ ရောင်းကုန်ရဲ့ တကယ်ရရှိမယ်၊ အကျိုးကျေးဇူးတွေသာ ပြောပါ။ အပိုတွေ မပြောပါနဲ့။

၅) ကတိနည်းနည်းပေးပါ။ ပေးထားတဲ့ ကတိထက် ပိုပေးနိူင်အောင်လုပ်ပါ။

၆) ရောင်းကုန်နဲ့ ပတ်သက်သမျှအားလုံး ဝယ်သူကို အသိပေးပါ။

၇) သိသင့်တဲ့ အချက်အလက်တွေ ထိန်ချန်ထားတာမျိုးရှောင်ပါ။

၈) ကိုယ့်ဝယ်သူနဲ့ ပတ်သက်တဲ့ ထိန်းသိမ်းထားရမယ့် အချက်အလက်တွေကို သေချာထိန်းသိမ်းပါ။

၉ ) ကိုယ့်ဝယ်သူရဲ့ Privacy ကိုတန်ဖိုးထားပါ။

၁၀) ကိုယ်ဝယ်သူရှေ့မှာ ကိုယ့်ပြိုင်ဘက်မကောင်းကြောင်းပြောတာ၊ ဝေဖန်တာမျိုးကို ရှောင်ပါ။

 

ကျင့်ဝတ်နဲ့ အညီရောင်းချရင်း  အရောင်းတွေ အများကြီးတိုးကြပါစေ။

#BetterVersion #EthicalSelling #SalesSharks 

#BetterSalesMasterySeries

#UnlockingYourHighestPotential

[ သင်ခန်းစာနဲ့ပတ်သက်ပြီး မေးချင်တာများရှိရင် comment ရေးခဲ့ပါ။ ]

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
Sales Techniques - E book

သင့်ရောင်းအားကို မြှင့်တင်ဖို့ နည်းလမ်းကောင်းတွေပါတဲ့ E-book ကို FREE (အခမဲ့) ရယူပါ။

ကမ္ဘာကျော် ရုပ်ရှင်ကား တစ်ခုဖြစ်တဲ့ “Wolf Of Wall Street” ရဲ့ ပဲ့ကိုင်ရှင် Jorden Belford ရဲ့ အရောင်းပညာရပ်တွေကို ဖတ်ရှုလေ့လာ သင့်လုပ်ငန်းမှာကျင့်သုံးနိုင်ပါတယ်။