Blog

သင့်ဝယ်သူနဲ့ အဆက်အသွယ်မပြတ်ရှိနေစေဖို့ အသုံးပြုသင့်တဲ့ Email Marketing

Website Blog 3
Marketing

သင့်ဝယ်သူနဲ့ အဆက်အသွယ်မပြတ်ရှိနေစေဖို့ အသုံးပြုသင့်တဲ့ Email Marketing

သင့်၀ယ်သူနဲ့  အဆက်အသွယ်မပြတ်ရှိနေစေဖို့ အသုံးပြုသင့်တဲ့ Email Marketing

Digital marketing activities ထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ Email Marketing ဆိုတာကလည်း ယနေ့ခေတ်မှာ တွင်တွင် ကျယ်ကျယ် သုံးလာကြတဲ့ Tools တစ်ခု ဖြစ်လာပါတယ်။

သင့်လုပ်ငန်းအတွက် ရှိနေပြီးသား ဝယ်သူတွေနဲ့ အဆက်အသွယ် မပြတ်ရှိဖို့၊ ဝယ်သူအသစ်တွေရဲ့ စိတ်ဝင်စားမှုရဖို့၊ ဝယ်သူတွေကို မိမိတို့ brand နဲ့ အဆက်အသွယ် မပြတ်ရှိနေဖို့ စတဲ့ ရည်ရွယ်ချက်တွေ အတွက် Email Marketing ကို သုံးကြပါတယ်။

ပထမဆုံး အနေနဲ့ ဝယ်သူတွေ ဆီက email address တွေကို ရအောင် ဘယ်လို လုပ်မလဲ။

၁) သင့်ရဲ့ website မှာ form တစ်ခု ဖန်တီးပြီး စိတ်ဝင်စားတဲ့ website visitor တွေကို subscribe လုပ်ဖို့ တိုက်တွန်းလို့ရပါတယ်။  

၂) Free Webinars တွေကို host လုပ်ခြင်းအားဖြင့် email address တွေရနိုင်ပါတယ်။ win win ပေါ့ သင့် product ကို စိတ်ဝင်စားနေတဲ့ သူတွေအတွက်လည်း information ရသွားမယ်၊ သင့်အနေနဲ့လည်း အလားအလာရှိတဲ့ ဝယ်သူတွေဆီက email address ကိုတစ်ခါထဲ ရသွားမှာပါ။

၃) ကုန်ပစ္စည်းကို တစ်ခါဝယ်ယူသုံးစွဲဖူးတဲ့ ဝယ်သူတွေ အတွက် ဆိုလည်း feedback ကောက်တဲ့ အခါမှာ တစ်ခါထဲ email address ကိုထည့်တောင်းတာမျိုးလုပ်လို့ရပါတယ်။

ဆိုတော့ သင့်လက်ထဲမှာလည်း email တွေရနေပြီ၊ ဒီ campaign ကိုလည်း စတော့မယ်ဆိုရင် အသုံးဝင်မယ့် email marketing service တွေကိုပါ တစ်ခါထဲ မျှဝေပေးလိုက်ပါတယ်။

 paid version ရှိသလို free trail နဲ့သုံးလို့ ရတာတွေလည်းရှိတဲ့ အတွက် သင်နဲ့ အဆင်ပြေနိုင်မယ့် service ကိုအရင်စမ်းသုံးကြည့်လို့ရပါတယ်။ သင့်အနေနဲ့ ပို့ချင်တဲ့ customer name, နဲ့ email address ကိုဖြည့်ပေးပြီး ပို့မယ့်အချိန်တွေလည်းတစ်ခါထဲ schedule ချလိုက်လို့ရပါတယ်။ နောက်တစ်ခု က ပို့လိုက်တဲ့ customer အရေအတွက် နဲ့ ဘယ်နှယောက်က ဖွင့်ဖတ်သွား ကြလဲ၊ email ထဲမှာ သင် share ပေးထားတဲ့ website link ကိုရော ဘယ်နှယောက်နှိပ်ပြီး ဝင်ကြည့်ကြလဲ၊ စတာတွေကို ပါ တစ်ခါထဲ analyse လုပ်ပြီး ကြည့်လို့ရမှာဖြစ်ပါတယ်။ 

ဒါဆို email marketing service တစ်ခုခု မှာ sign up လုပ်ပြီးပြီဆိုပါစို့။ ဝယ်သူတွေ မိမိပို့လိုက်တဲ့ email ကို ဖွင့်ဖတ်စေချင်တယ်ဆိုရင် အခြေခံ အနေနဲ့ ဒီအချက်တွေကို လိုက်နာဖို့လိုပါတယ်။

၁) Strong subject line

ဘာရေးထားတယ်ဆိုတာ အသေးစိတ်ဖွင့် မဖတ်ခင် အရင်ဆုံး မြင်ရတာ က email subject ဖြစ်တဲ့အတွက် လိုရင်းတိုရှင်းနဲ့ စိတ်ဝင်စားဖွယ်ဖြစ်ဖို့ လိုပါတယ်။ တတ်နိုင်သလောက် စကားလုံးကိုချုံပြီးရေးပါ။ ၁၀ လုံးအောက် ရေးနိုင်ရင် အကောင်းဆုံးပေါ့။ “free,” “percent off,” “reminder,” “specials,” “currency symbols” စတာတွေက spam လို့ထင်စေတဲ့ စာလုံးမျိုး တွေဖြစ်လို့ ဖြစ်နိုင်ရင် မပါအောင် ရှောင်ရေးတာ အကောင်းဆုံးပါ။

၂) Relevant content ‌and links

Subject line ကိုစိတ်ဝင်စားလို့ ဝင်ကြည့်လိုက်ပါတယ်။ ဘာတွေရေးထားမှန်းမသိ၊ စာပိုဒ်လိုက်ကြီးတွေဆိုလည်း အသေးစိတ် ဆက်ဖတ်ကြည့်မယ့် customer အရေအတွက်က အရမ်းကို နည်းသွားမှာပါ။ ဒါကြောင့် သင့်အနေနဲ့ စာကြောင်း ၃ ကြောင်းထက်မပိုတဲ့ short paragraph တွေ နဲ့ ပြောချင်တဲ့အကြောင်းအရာ၊ ပေးချင်တဲ့မက်ဆေ့ကို ထိထိမိမိ ပေးနိုင်ဖို့ လိုပါတယ်။ ပိုမိုအသေးစိတ် သိလိုပါက ဒီ link ကိုနှိပ်ပါ ဆိုတာမျိုးနဲ့ link sharing လုပ်ပေးလိုက် ခြင်းအားဖြင့်လည်း ဝယ်သူရဲ့ စိတ်ဝင်စားမှု ကို ဆွဲခေါ်သွားလို့ရပါတယ်။

၃) Strong CTA

သင့်အနေနဲ့ ဒီလိုမျိုး email campaign စလုပ်ထဲက ဘာရချင်တာလဲ ဆိုတဲ့ goal ထားဖို့လိုပါတယ်။ ဝယ်သူက သင့်  email ကို ဖတ်လိုက်တယ်၊ စိတ်ဝင်စားတယ်၊ what is next? ဘာဆက်လုပ်ရမလဲပေါ့။ ဒါ့ကြောင့် ခိုင်မာတဲ့၊ call to action (CTA) ကလဲ တစ်ခါထဲ ထည့်ရေးထားဖို့ လိုပါတယ်။ ဥပမာ – ဒီလအတွင်းမှာ ဝယ်ရင် 25% off အခွင့်အရေးကို ရယူလိုပါက ဒီ link ကို နှိပ်လိုက်ပါ ဆိုတာမျိုး။ ပြီးရင် ဒါကို highlight လုပ်ပြီး ထင်သာမြင်သာရှိအောင် ရေးထားဖို့ လိုပါတယ်။

နောက်ဆုံး အနေနဲ့ကတော့ ဒီ Task ကို သင့်အဖွဲ့ထဲက ဘယ်သူက တာဝန်ယူ ကြီးကြပ်မလဲ ဆိုတဲ့ action plan, control plan ပါတစ်ခါထဲ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

ဒါမှပဲ ထိရောက်တဲ့ အကျိုးရှိတဲ့ email marketing campaign တစ်ခု ဖြစ်မှာပါ။

 

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
Sales Techniques - E book

သင့်ရောင်းအားကို မြှင့်တင်ဖို့ နည်းလမ်းကောင်းတွေပါတဲ့ E-book ကို FREE (အခမဲ့) ရယူပါ။

ကမ္ဘာကျော် ရုပ်ရှင်ကား တစ်ခုဖြစ်တဲ့ “Wolf Of Wall Street” ရဲ့ ပဲ့ကိုင်ရှင် Jorden Belford ရဲ့ အရောင်းပညာရပ်တွေကို ဖတ်ရှုလေ့လာ သင့်လုပ်ငန်းမှာကျင့်သုံးနိုင်ပါတယ်။