Blog

စျေးလျော့ရောင်းစရာမလိုဘဲ ထိရောက်တဲ့ ပရိုမိုးရှင်းနည်းလမ်း (၃) ခု။

ထိရောက်တဲ့ပရိုမိုးရှင်း wed size
Marketing / Sales

စျေးလျော့ရောင်းစရာမလိုဘဲ ထိရောက်တဲ့ ပရိုမိုးရှင်းနည်းလမ်း (၃) ခု။

လုပ်ငန်းအများစုက ၀ယ်သူ၊ ဖောက်သည်တွေရဲ့ စိတ်၀င်စားမှုတွေကို ပြန်ပြီး လှုံ့ဆော်နိုင်ဖို့၊ ၀ယ်လိုအားတွေ အချိန်တိုအတွင်း အမြန်တက်လာနိုင်ဖို့အတွက် Discount တွေပေး၊ လျှော့စျေးတွေပေးပြီး အပြိုင်အဆိုင်ရောင်းကြတယ်။ ဒီလိုရောင်းချတဲ့နည်းကို  နည်းလမ်းကျကျ အသုံးမပြုနိုင်ရင်တော့  သင့်လုပ်ငန်းကို ပိုပြီးဆိုးကျိုးတွေဖြစ်လာနိုင်စေပါတယ်။ 

ဒါကြောင့် လျော့စျေးပေးပြီး အရောင်းမြှင့်တင်မယ့်အစား ၀ယ်သူတွေအတွက်အကျိုးရှိစေမယ့် ပရိုမိုးရှင်းနည်းလမ်း(၃)ခုအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ 

၁) အခမဲ့လက်ဆောင်များပေးခြင်း (Free Gift)

လူတွေရဲ့ စိတ်ထဲရောက်စေမယ့် ပထမအမျိုးအစားကတော့ အခမဲ့လက်ဆောင်များဖြစ်သည်။ ဤနည်းလမ်းသည် ၀ယ်သူတွေကို ၀ယ်ယူဖို့အတွက် စိတ်အားထက်သန်စေရန် လွယ်ကူသောနည်းလမ်းဖြစ်ပြီး အရောင်းအပေါ် ခိုင်မာသောအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ 

တစ်ခုခုကို အခမဲ့ရတဲ့အခါ လူတွေက မူရင်းပစ္စည်းအပေါ်စိတ်၀င်စားမှု ပိုရှိလာတာကို အလိုလိုတွေ့လာကြရပါတယ်။ ဒီနေရာမှာ အဓိကအချက်က လက်ဆောင်ကို လုံးဝအခမဲ့ပေးခြင်းပဲဖြစ်ရပါမယ်။ တကယ်လို့ သင်က ၀ယ်သူကိုပေးမယ့် လက်ဆောင်ပစ္စည်းတစ်ခုကို အခမဲ့ပေးမယ့်အစား Discount စျေးနှုန်းနဲ့ ရောင်းချလိုက်တဲ့အခါ လက်ဆောင်ရဲ့တန်ဖိုးရော မူရင်းထုတ်ကုန်နှစ်ခုစလုံးရဲ့ တန်ဖိုးကိုရော ကျစေမှာဖြစ်ပါတယ်။ နောက်တစ်ချက်က ပေးတဲ့လက်ဆောင်က ၀ယ်သူတွေကို ဆွဲဆောင်နိုင်အောင် လိုချင်တပ်မက်ဖွယ်ကောင်းတဲ့ လက်ဆောင်မျိုး ဖြစ်ပါစေ။ 

၂) အပိုဆုများပေးခြင်း (Bonus Features)

၀ယ်သူတွေအတွက် အကျိုးရှိသွားစေမယ့် နောက်ထပ် ပရိုမိုးရှင်းအမျိုးအစားလေးကတော့ သင့်ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတွင် ဘောနပ်စ်အင်္ဂါရပ်များကို ပေါင်းထည့်ခြင်းဖြစ်သည်။ ဒီထဲမှာဆိုရင် အခမဲ့ပို့ဆောင်မှုတွေ၊ အထူးအခွင့်အရေးရယူခွင့်တွေ၊ ထုတ်ကုန်တစ်ခုမှာ အပိုပစ္စည်း ထပ်ထည့်ပေးတာမျိုးတွေ အစရှိတာတွေပါ၀င်ပါတယ်။

ဥပမာ− အိမ်မှာ wifi တပ်ဆင်ဖို့အတွက် wifi company တွေကိုရွေးချယ်နေတယ်ဆိုပါစို့။ ကုမ္ပဏီတစ်ခုက ဘောနပ်အနေနဲ့ တပ်ဆင်ခ အခမဲ့နဲ့ စက်ကိုတပ်ပေးတယ်။ နောက်ကုမ္ပဏီတစ်ခုက တပ်ဆင်ခ အပိုဆောင်းပေးရတယ်။ ဒါပေမယ့်စျေးလျော့ပေးထားတယ်။ တွက်ကြည့်ရင်စျေးနှုန်းကလည်း အတူတူပဲ ကုန်ကျမယ်။ ဒီအခြေအနေနှစ်ခုစလုံးတွင် လူတွေက တူညီတဲ့စျေး၊ တူညီတဲ့၀န်ဆောင်မှုကို ရရှိမှာဖြစ်ပေမယ့် ၀ယ်သူတွေက လျော့စျေးရရှိတာထက် ဘောနပ်စ်အဖြစ်သတ်မှတ်ထားတဲ့ အပိုပစ္စည်း၀န်ဆောင်မှုရရှိတာကို ပိုပြီးရွေးချယ်၀ယ်ယူလေ့ရှိကြပါတယ်။ ဒါကြောင့ ၀ယ်သူတွေက လျော့စျေးထက် ဘောနပ်စ်ပေးခြင်းကို ပိုပြီးတန်ဖိုးထားကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

၃) ဆုလာဒ်များ ရရှိစေခြင်း (Earn Rewards) 

နောက်ဆုံး ပရိုမိုးရှင်းအမျိုးအစားကတော့ ဆုလာဒ်များရရှိစေခြင်းပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ၀ယ်သူတွေက ကိုယ့်ကုန်ပစ္စည်းကို ထပ်ကာထပ်ကာ၀ယ်အောင် ဆွဲဆောင်ခြင်းနည်းပဲဖြစ်ပါတယ်။ ဥပမာ− ကမ္ဘာကျော် Starbucks ကုမ္ပဏီမှာ Reward System ရှိပါတယ်။ သင်ကော်ဖီတစ်ခွက်သောက်တိုင်း ကြယ်ပွင့်လေးတွေရရှိပြီး rewards အနေနဲ့ ကော်ဖီတစ်ခွက် ပေါင်းထည့်ပေးပါတယ်။ 

ပိုစိတ်၀င်စားစရာကောင်းတာတစ်ခုက ကြယ်ပွင့်လေးတွေကို သတ်မှတ်ထားတဲ့ Level တစ်ခုထိရရှိတဲ့အခါမှာ မန်ဘာတွေကနေ ” Gold Level” အဖြစ် အဆင့်မြှင့်သွားပါတယ်။ “Gold Level” အဆင့်သုံးစွဲသူတွေကိုတော့ espresso, syrups, and whipped cream အပိုထည့်ပေးပြီး အပိုဆောင်းအနေနဲ့ရရှိကြပါတယ်။ ၀ယ်သူတွေကလည်း ဆုလာဒ်တွေ ရရှိနိုင်ဖို့အတွက် ကြိုးစားအားထုတ်ထားရတဲ့အတွက် ဒီ ဆုလာဒ်တွေက ၀ယ်သူတွေအတွက်လည်း ပိုပြီးတန်ဖိုးရှိလာပါတယ်။ 

Rewards ရရှိစေတဲ့ ပရိုမိုးရှင်းသုံးပြီး ၀ယ်သူဖောက်သည်တွေ သုံးစွဲတဲ့ အကြိမ်ရေ၊ ၀ယ်ယူတဲ့ အကြိမ်ရေ တိုးလာရင်တော့ ဒီပရိုမိုးရှင်းက ထိရောက်မှုရှိပါတယ်။ ဒါကြောင့် ၀ယ်သူတွေဖောက်သည်တွေရှာဖွေဖို့အတွက် ကုန်ကျစရိတ်က ရှိပြီးသား၀ယ်သူ၊ဖောက်သည်တွေကို ထိန်းထားဖို့အတွက် ကုန်ကျစရိတ်ထက် ပိုများနေတဲ့အခါ ဒီနည်းလမ်းကို သေသေချာချာ ထည့်သွင်းစဥ်းစားသင့်ပါတယ်။

ပရိုမိုးရှင်းအမျိုးအစားတိုင်းက သူ့အသုံး၀င်ပုံနဲ့သူရှိကြပါတယ်။ premium မဟုတ်တဲ့ ကုန်ပစ္စည်းတွေ၊ Brand Equity အပေါ်သက်ရောက်မှုနည်းတဲ့ ကုန်ပစ္စည်းအမျိုးအစားတွေအတွက်  လျော့စျေးနဲ့ရောင်းချခြင်းနဲ့ အသုံးပြုတာ ပိုကောင်းပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းကို မကြာခဏ ပေါ့ပေါ့ဆဆ တလွဲအသုံးပြုမိတဲ့အခါ သင့်လုပ်ငန်းအပေါ် အမှန်တကယ် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စျေးလျော့စရာမလိုပဲ ကိုယ့် brand ကိုလည်း ထိခိုက်မှုမရှိစေဖို့အတွက် ပရိုမိုးရှင်းနည်းလမ်းအများကြီးထဲမှာမှ အပေါ်မှာ အကြံပြုထားတဲ့ ပရိုမိုးရှင်းနည်းလမ်းလေးတွေကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်။ 

အဓိကအောင်မြင်စေတဲ့သော့ချက်ကတော့ ပရိုမိုးရှင်းတွေမှာ ကိုယ်ပေးတဲ့ ၀ယ်သူအတွက်အကျိုးရှိစေမယ့် တန်ဖိုး၊ လုပ်ဆောင်ချက်၊ ကူညီဆောင်ရွက်ပေးမှု(Value) တွေကို မြင်သာအောင်ပြနိုင်ဖို့ပဲဖြစ်ပါတယ်။

အရောင်း၊မားကတ်တင်းနဲ့ ပတ်သတ်ပြီး Better Version မှာလေ့လာနိုင်ပါတယ်။ သင်တန်းအသေးစိတ်ကို မက်ဆေ့က တစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

#သင်ထင်ထားတာထက်ပိုပါတယ်#တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ#MakeYourProgress

 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ