ဝယ်သူစိတ်ဝင်စားအောင် ပြောဆိုတင်ပြတဲ့နေရာမှာ ဆောင်ရန်၊ ရှောင်ရန်များ
December 20, 2021 2022-02-10 15:10ဝယ်သူစိတ်ဝင်စားအောင် ပြောဆိုတင်ပြတဲ့နေရာမှာ ဆောင်ရန်၊ ရှောင်ရန်များ

ဝယ်သူစိတ်ဝင်စားအောင် ပြောဆိုတင်ပြတဲ့နေရာမှာ ဆောင်ရန်၊ ရှောင်ရန်များ
အရောင်းသမားတွေ၊ မားကတ်တင်း သမားတွေ အနေနဲ့ ကိုယ်ပြောတာကို ဝယ်သူကို နားထောင်စေချင်တယ်၊ လက်ခံစေချင်တယ်ဆိုရင် ပြောဆို တင်ဆက်ပုံက အရေးကြီးတယ်။ ဝယ်သူကို သွားတွေ့ပြီး စကားပြောတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ဖုန်းခေါ်တဲ့အခါပဲ ဖြစ်ဖြစ်၊ အီးမေးလ် ပို့တဲ့အခါပဲ ဖြစ်ဖြစ်၊ social media တွေမှာ blog တွေ ရေးတဲ့အခါပဲ ဖြစ်ဖြစ် တစ်ဖက်လူရဲ့ စိတ်ဝင်စားမှု၊ ယုံကြည်မှုကိုရဖို့၊ သင့်ရဲ့ ပြောဆို တင်ပြပုံကို ပိုပြီး ရုပ်လုံး ကြွလာစေဖို့၊ ဘယ်လိုအချက်တွေကို လိုက်နာ ကျင့်သုံးသင့်လဲ ဆိုတာကို လေ့လာကြည့်ရအောင်။
၁) ဝယ်သူနဲ့ စကားပြောတဲ့အခါမှာ တောက်လျှောက် မနားတမ်း ပြောနေတာမျိုးကို ရှောင်ပါ။
သင်ပြောနေတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ဝယ်သူကို စဉ်းစားစေချင်တဲ့အချိန်မှာ ပြောနေတာတွေကို ခဏလောက် ရပ်ပြီး ဝယ်သူ့ အသံကို နားထောင်ဖို့လိုပါတယ်။ မက်ဆေ့ ပို့တယ်ဆိုရင်လည်း ဝယ်သူဘက်က reply ကိုမစောင့်ပဲ အရောင်းသမားတွေ အနေနဲ့ သူစိတ်ဝင်စားမယ် ထင်လို့ ဆိုပြီး စာအရှည်ကြီးတွေ ကိုတောက်လျှောက်မနားတမ်း ပို့တာမျိုး မလုပ်သင့်ပါဘူး။ အရောင်းသမားတွေ အနေနဲ့ ဝယ်သူအကြောင်းကို နားလည်မှ သူနဲ့ ကိုက်ညီတဲ့ ကုန်ပစ္စည်းကို ရောင်းနိုင်မှာဖြစ်လို့ တဖက်လူကို ပြောခွင့်မပေးတဲ့အခါ သူ့ပြဿနာကဘာလဲ ဆိုတာ အကဲခတ်ဖို့လည်းမလွယ်ပါဘူး။
၂) လိုရင်းတိုရှင်း စကားလုံးများကို သုံးပါ။
စကားလုံးတွေ ဖောင်းပွနေတာ၊ စကားလုံး အမြင့်ကြီးတွေ ပြောနေတာသည် အလုပ်မဖြစ်ပါဘူး။ ရိုးရိုးရှင်းရှင်းနဲ့ တိကျ ပြတ်သားမှု ရှိတဲ့ စကားလုံး အသုံးအနှုန်းမျိုးကို မက်ဆေ့ ပို့တဲ့အခါမှာ ပဲ ဖြစ်ဖြစ်၊ ကြော်ငြာတွေ ဖန်တီးတဲ့အခါမှာပဲ ဖြစ်ဖြစ် သုံးသင့်ပါတယ်။
၃) သင့်ဝယ်သူတွေ သုံးလေ့သုံးထ ရှိတဲ့ အသုံးအနှုန်းတွေကို လေ့လာပါ။
သင့်လုပ်ငန်းအတွက် targeted customers (ပစ်မှတ်ထားတဲ့ ဝယ်သူ) တွေ နေ့စဉ် သုံးနေတဲ့ စကား အသုံးအနှုန်းမျိုးကိုသုံးနိုင်လေလေ သူတို့ စိတ်ဝင်စားမှုကို ပိုရလေလေပါပဲ။ ဥပမာ _ ၁၇, ၁၈ အရွယ် လူငယ်တွေကို ပစ်မှတ်ထားတဲ့ brand တစ်ခုဟာ ကြော်ငြာ မက်ဆေ့ပေးတဲ့အခါ သူတို့သုံးနေကြ စကားလုံးတွေ ဖြစ်တဲ့ ” မိုက်တယ်၊ လန်းတယ်” ဆိုတဲ့အသုံးအနှုန်းမျိုးတွေ များများ ထည့်သုံးပေးတာမျိုး သည် သူတို့ စိတ်ဝင်စားမှုကို ပိုရစေပါတယ်။
၄) သင့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှုကို ပိုပြီး သိသာထင်ရှားစေတဲ့ စကားလုံးတွေကို ရွေးချယ်သုံးပါ။
အကြံပေးတဲ့ပုံစံမျိုးနဲ့ ရောင်းတာ ကောင်းပေမယ့် ” ကျွန်တော်ထင်ပါတယ်” ဆိုတဲ့ အသုံးအနှုန်းမျိုး တွေ များလာတဲ့အခါ ဝယ်သူရဲ့ ယုံကြည်မှုကိုလျော့ကျစေတဲ့ သဘောရှိပါတယ်။ ဒါ့ကြောင့် သင့်ဘက်က တိကျ သေချာတဲ့ အချက်အလက်နဲ့ သင့်ဆီက ယုံယုံကြည််ကြည်နဲ့ ဝယ်လို့ရပါတယ်ဆိုတဲ့ အချက်ကို ပြနိုင်ဖို့ ” ကျွန်တော် သေချာပြောနိုင်တာကတော့” ဆိုတာမျိုးကို ပြောင်းလဲ သုံးနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
၅) Presentation လုပ်တဲ့အခါ၊ ဖုန်းပြောတဲ့အခါ စာတွေရွတ်ပြတာမျိုး မလုပ်ပါနဲ့။
ဝယ်သူကို sales presentation သွားလုပ်တဲ့အခါမျိုးမှာလည်း powerpoint slide မှာရေးထားတဲ့ စာတွေကိုပဲ ဖတ်ပြနေတာမျိုးတွေ၊ ဝယ်သူကို ဖုန်းခေါ်တဲ့အခါ၊ sales calls သွားတွေ့တဲ့အခါမှာလည်း အလွတ်မှတ်ထားတဲ့ အချက်တွေကိုပဲ ပြောနေတာမျိုးတွေ မဖြစ်ဖို့ သတိထားရမှာပါ။
ဒီအချက်တွေကို လိုက်လုပ်ကြည့်ပါ။ သင့်ရဲ့ ပြောဆိုတင်ပြပုံက ပိုရုပ်လုံးကြွ၊ ဝယ်သူရဲ့ စိတ်ဝင်စားမှုကို ပိုရလာပြီး ပိုရောင်းရလာပါလိမ့်မယ်။
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။