Blog

အရောင်းသမားတွေ ဘာ့ကြောင့်အငြင်းခံရတာလဲ_ အပိုင်း (၁)

Website Blog (10)
Uncategorized

အရောင်းသမားတွေ ဘာ့ကြောင့်အငြင်းခံရတာလဲ_ အပိုင်း (၁)

Objection (အငြင်းခံရခြင်း) ဆိုတာ အရောင်းသမားတိုင်း ကြုံတွေ့ရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဝယ်သူတွေ မငြင်းအောင်ဆိုပြီး ရှောင်လို့မရပါဘူး။ အကောင်းဆုံးကျော်လွှားပြီး အရောင်းရနိုင်ဖို့တော့ ကြိုစားလို့ရပါတယ်။ ဒီတော့ ဘာ့ကြောင့် လူတွေက သင့်ဆီက မဝယ်သေးဘူး၊ မယူသေးဘူး၊ နောက်မှ ပြန်ပြောပေးမယ်နော်ဆိုပြီး ငြင်းရသလဲ ဆိုတဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်ရအောင်။ 

၁) သင်ပြောတာကို နားမလည်လို့ ငြင်းတာပါ။ 

အရောင်းသမားတွေ ဘာဖြစ်လို့ အငြင်းခံရလဲ ဆိုတဲ့ အကြောင်းအရင်းတွေ ထဲမှာ ပထမဆုံးတစ်ခုကတော့ နားလည်မှုလွဲခြင်း (misunderstanding) ဖြစ်ပါတယ်။ misunderstanding ဆိုတာက  သွားပြီးတော့ ပြောဆိုတင်ပြရတဲ့ အကြောင်းအရာတွေကို ဝယ်သူ၊ဖောက်သည်တွေက နားမလည်လို့ငြင်းတာပါ။ အရောင်းသမား ကိုယ်တိုင်က ကိုယ့်ကုန်ပစ္စည်းအကြောင်းကို သေသေချာချာ မသိတဲ့အခါ၊ ဝယ်သူရဲ့ စိတ်ထဲကို ရောက်သွားအောင်၊ ဝယ်သူမှတ်မိသွားအောင် ဝယ်သူရဲ့ motivation နဲ့ ချိတ်ဆက်ပြီးတော့ မပြောနိုင်ခဲ့တဲ့ အခါ နားလည်မှုလွဲသွားတဲ့ အတွက်ကြောင့် “မဝယ်သေးဘူးနော်” ဆိုပြီး အငြင်းခံရတာ ဖြစ်ပါတယ်။ 

၂) တွန်းရောင်းနေတယ်လို့ ခံစားရလို့ ငြင်းတာပါ။ 

ဒုတိယတစ်ခုကတော့ ဖိအားပေးနေတယ်ဆိုတဲ့ ခံစားချက် (feel pressure) ဖြစ်ပါတယ်။ တခါတလေမှာ လူတွေက ကိုယ့်ရဲ့ဘဝကို ကိုယ်ကိုတိုင်ထိန်းချုပ်နိုင်ပါတယ်ဆိုတဲ့ ခံစားချက်တွေ လိုချင်တာပါ။ ဒီတော့ တစ်ဦးတစ်ယောက်က ဖိအားပေးနေတယ်ဆိုတဲ့ ခံစားချက်ဖြစ်တယ်ဆိုရင် ဒီလုပ်ရက်ကို မလုပ်ချင်တော့ဘူး။ ဒီလိုပဲ ဝယ်သူတွေအနေနဲ့လည်း အရောင်းသမားတွေက ငါတို့ကို ဖိအားပေးနေတယ်၊ အတင်းတွန်းရောင်း နေတယ်ဆိုတဲ့ ခံစားချက် ရသွားတဲ့အခါမျိုးမှာဆိုရင် သင့်ရဲ့ကုန်ပစ္စည်းကို ဝယ်ချင်နေရင်တောင် မဝယ်တော့ပဲ အငြင်းခံရတာဖြစ်ပါတယ်။ 

၃) မယုံလို့ ငြင်းတာပါ။ 

မယုံတဲ့နေရာ မှာ ၃ ခု ဖြစ်နိုင်ပါတယ်။ တစ်ခုက အရောင်းသမားကိုမယုံတာ၊ ဒုတိယက လာရောင်းနေတဲ့ ကုန်ပစ္စည်းကို မယုံတာ၊ တတိယ တစ်ခုက လုပ်ငန်း နဲ့ ကုမ္ပဏီ ကိုမယုံလို့ ငြင်းတာဖြစ်ပါတယ်။  ဥပမာ ဒီပစ္စည်းလေးကို သုံးလိုက်ရင်တော့ ဘယ်လိုဖြစ်သွားမယ်။ ဒီ cosmetic ကို သုံးလိုက်ရင်တော့ ၁လ အတွင်းမှာ ဘယ်လိုဖြူသွားမယ်။ ဘယ်လိုလှသွားမယ်။ စသည်ဖြင့် ဒီလိုမျိုး သင်သွားပြောတာကို ဝယ်သူတွေက နောက်မှပဲ ဝယ်တော့မယ်နော်လို့ ပြောတာဟာ ကုန်ပစ္စည်းကိုလည်းမယုံသလို၊ သင့်ကိုလည်း မယုံကြည်တဲ့ အတွက်ကြောင့် ငြင်းရခြင်း ဖြစ်နိုင်ပါတယ်။

၄) ဝယ်ယူဖို့အဆင်သင့် မဖြစ်သေးလို့ငြင်းတာ ဖြစ်ပါတယ်။ 

ဝယ်သူတွေအနေနဲ့ ငွေကြေးအရသော်လည်းကောင်း၊ အချိန်အရသော်လည်းကောင်း အဆင်သင့် မဖြစ်သေးလို့ ဝယ်ချင်ပေမယ့်လည်း ငြင်းရတာ ဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့ Better Version မှာဆိုရင် Better Sales Strategist_အရောင်းမန်နေဂျာကောင်းတွေ ဖြစ်လာဖို့အတွက် အတန်း ဖွင့်ပါတယ်။  အရင်ထဲက ဒီသင်တန်းကို ဖွင့်ပါလို့ ပြောတဲ့သူတွေ အများကြီးရှိပါတယ်။ တကယ်ဖွင့်တဲ့အခါလည်း အရောင်းမန်နေဂျာတွေ၊ အရင်သင်တန်းသားတွေလာ ပြန်တက်ကြပါတယ်။ ဒါပေမယ့် အချို့တွေကတော့ အရင်တုန်းက တက်ချင်ပါတယ်လို့ ပြောတယ်။ အခုအချိန်မှာ Better Version Team ကအကြောင်းကြားပေးတဲ့အခါမှာ  “ကျွန်မကတော့ သင်တန်းကြေးကလဲ အဆင်ပြေပါတယ်။ ဒါပေမယ့် Live session ဆိုတော့ အချိန်က အဆင်မပြေဘူးဖြစ်နေတယ်။ record video တွေပြန်ကြည့်လို့ရတယ် ဆိုပေမယ့်လဲ ဆရာနဲ့ တစ်ခါထဲ Live session ကို join လို့ရမှပဲ တက်ချင်ပါတယ်။ ဒီတော့ နောက်တစ်ခေါက်ဖွင့်ရင် ပြောပေးပါ” ဆိုပြီးတော့ ပြောလာတာမျိုးတွေ ရှိပါတယ်။ ဆိုလိုတာက ကိုယ့်ရဲ့ကုန်ပစ္စည်းကို မကြိုက်တာလဲမဟုတ်ပါဘူး။ လက်ရှိအနေအထားမှာဆိုရင် သူကဒီပစ္စည်းကို ဝယ်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ အနေအထား ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ငြင်းတာဖြစ်ပါတယ်။ 

ဒီအချက်တွေက “မဝယ်သေးဘူးနော်၊ နောက်မှ ပြန်လာခဲ့မယ်၊ အခုတော့ မလိုသေးလို့ပါ” စသည်ဖြင့် ပြောပြီး အငြင်း ခံရခြင်း (objection) ရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။ အရောင်းရချင်ရင် မဝယ်ရခြင်း အကြောင်းရင်းတွေကို သိကိုသိရပါတယ်။ အရောင်းသမားတွေအနေနဲ့ လူတွေ ဘာ့ကြောင့် ငြင်းလေ့ ရှိသလဲ ဆိုတာကို သိမှ များများရောင်းရဖို့ ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာကို သိမှာပါ။ 

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress 

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

[ သင်ခန်းစာနဲ့ပတ်သက်ပြီး မေးချင်တာများရှိရင် comment ရေးခဲ့ပါ။ ]

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
I got Better offer

အောက်တိုဘာ ၁၅ ရက်နေ့ မတိုင်ခင်ထိ "BVM30" ကုဒ် အသုံးပြုပြီး Special Offer ၃၀% ရယူပါ။