Blog

အရောင်းသမားတွေ ဘာ့ကြောင့်အငြင်းခံရတာလဲ_ အပိုင်း (၂)

Website Blog (11)
Customer Service / Sales

အရောင်းသမားတွေ ဘာ့ကြောင့်အငြင်းခံရတာလဲ_ အပိုင်း (၂)

အရောင်းသမားတွေ ဘာ့ကြောင့် အငြင်းခံရတာလဲ_ အပိုင်း (၁) မှာ ဝယ်သူတွေ ငြင်းရတဲ့ အကြောင်းရင်း ၄ ခုကို လေ့လာခဲ့ကြရပါတယ်။

ဒီတော့ ဝယ်သူတွေ ငြင်းရတဲ့ ဘယ်လိုအကြောင်းအရင်းတွေ ရှိသေးလဲ ဆိုတာကို ဒီတစ်ခေါက်မှာ အပိုင်း (၂) အနေနဲ့ ထပ်ပြီးမျှ၀ေပေးချင်ပါတယ်။

၅) တစ်ယောက်ထဲရဲ့ ဆုံးဖြတ်ချက်ထဲနဲ့ မပြီးလို့ ငြင်းတာ ဖြစ်ပါတယ်။ 

တခြားသူတွေရဲ့ ခွင့်ပြုချက်ကို လိုအပ်နေလို့၊ လက်ရှိမှာ ဝယ်ဖို့ ဆုံးဖြတ်ချက်ကို မချနိုင်သေးလို့ ငြင်းတာဖြစ်ပါတယ်။ B2B selling မှာဆိုရင် ဒီသဘောတရားက ပိုပြီးတော့ သက်ရောက်မှုရှိပါတယ်။ တခါတလေမှာ ဝယ်ယူတဲ့သူက တစ်ယောက်တည်းနဲ့ မပြီးသွားပါဘူး။ အပေါ်မှာ ဒါရိုက်တာတွေ၊ စီအီးအိုတွေ၊ Chairman တွေ ဒီလူတွေနဲ့ သူတို့သည် ခွင့်ပြုချက်တွေ တောင်းဖို့လိုတဲ့အတွက်ကြောင့် လက်ရှိမှာ မဝယ်သေးဘူး ဆိုပြီးတော့ပြောတာဖြစ်နိုင်ပါတယ်။ တခါတလေလဲ B2C ဈေးကွက်ကို ကြည့်မယ်ဆိုရင်လဲ ကိုယ်ကတော့ ဒီပစ္စည်းကို ကြိုက်နေတယ်။ ဝယ်ချင်တယ်။ ဒါပေမယ့် အဖေ၊ အမေ ရဲ့ ခွင့်ပြုချက်ကို လိုနေသေးတဲ့အခါမျိုးမှာ လောလောဆယ်တော့ မဝယ်သေးပါဘူးလို့ပြောတာ ဖြစ်နိုင်ပါတယ်။ 

၆) ကိုယ်တိုင်က ဒီဆုံးဖြတ်ချက်ကို ချပါတယ်ဆိုတဲ့ ခံစားချက် လိုချင်လို့ ငြင်းတာ ဖြစ်ပါတယ်။ 

ဆိုလိုတာက ဝယ်သူက သူတို့ကိုယ်တိုင် ဒီဆုံးဖြတ်ချက်ကိုချမှတ်ပါတယ် ဆိုတဲ့ခံစားချက်ကို လိုချင်တာဖြစ်ပါတယ်။ ဒါ့ကြောင့် မယူသေးဘူး မဝယ်သေးဘူး လို့ငြင်းတာပါ။ ဒီအချက်က တွန်းရောင်းနေတယ်လို့ ခံစားရလို့ငြင်းတာ (feel pressure) ဆိုတဲ့ သဘောတရားနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို သူတို့ကိုယ်တိုင် ချမှတ်ပါတယ်ဆိုတဲ့ ခံစားချက် လိုချင်ပြီးတော့ လက်ရှိမှာ pressure (ဖိအား) ပေးနေတဲ့ဆိုတဲ့ ခံစားချက် ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ မဝယ်သေးဘူး မယူသေးဘူးပြောတာ ဖြစ်နိုင်ပါတယ်။

၇) အပိုဆောင်း ရချင်လို့ ငြင်းတာ ဖြစ်ပါတယ်။ 

ဒီအချက်ကတော့ လူတော်တော်များများလည်း လုပ်ဖူးတဲ့အကြောင်းအရာ ဖြစ်မှာပါ။ အပိုဆောင်း (additional benefits) လိုချင်လို့ ငြင်းတာ ဖြစ်ပါတယ်။ ဝယ်သူက ဒီပစ္စည်းကို မဝယ်သေးဘူး၊ မယူသေးဘူး လို့ပြောလိုက်တဲ့အခါကျရင် တစ်ခုခုများ ထပ်ရဦးမလား ဆိုတဲ့ စိတ်နဲ့ ငြင်းလိုက်ခြင်းပါ။ ငါအခုမယူသေးဘူးဆိုရင် “ဟာ အစ်ကိုရေ ကျွန်တော်တို့ကတော့ ဒီပစ္စည်းလေး အပိုဆောင်းထပ်ပေးမှာပါနော်” ဆိုပြီး တစ်ခုခု ထပ်ရဦးမလား ဆိုတာ သိချင်တဲ့အတွက်ကြောင့်မို့လို့ မယူသေးဘူးဆိုပြီးတော့ နဲနဲတောက်ကြည့်လိုက်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ တစ်ခုခု အရောင်းအဝယ်ကိစ္စတွေ လုပ်ခဲ့ဖူးတဲ့ လူတွေဆိုရင် သေချာပါတယ်ဒီသဘောတရားကို နားလည်မှာပါ။ ကိုယ်ကိုတိုင်လဲ ဝယ်သူ ဘက်ကနေပြီးတော့ ဒီလိုမျိုး လုပ်မိခဲ့ဖူးတာတွေ ရှိနိုင်ပါတယ်။ 

ဒါတွေက ငြင်းခံရခြင်းရဲ့ အဓိကအကြောင်းရင်း ၇ ခု ဖြစ်ပါတယ်။ အရောင်းသမား အနေနဲ့ လူတွေ ဘာကြောင့် မဝယ်ဖြစ်ကြသလဲ​၊ ဘာလို့ ငြင်းကြသလဲဆိုတာကို သိပြီးတဲ့အခါမှာ  ဘယ်လိုအကောင်းဆုံး ကျော်လွှားမလဲ၊ ငြင်းပယ်မှုတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို လည်း စဉ်းစားဖို့ လိုပါတယ်။

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress 

 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ