Digital ခေတ်မှာဝယ်သူရဲ့ ဝယ်ယူမှု ဆုံးဖြတ်ချက်ကို လွှမ်းမိုးနေသော အချက် ၆ ချက်။
August 6, 2021 2021-08-21 10:57Digital ခေတ်မှာဝယ်သူရဲ့ ဝယ်ယူမှု ဆုံးဖြတ်ချက်ကို လွှမ်းမိုးနေသော အချက် ၆ ချက်။

Digital ခေတ်မှာဝယ်သူရဲ့ ဝယ်ယူမှု ဆုံးဖြတ်ချက်ကို လွှမ်းမိုးနေသော အချက် ၆ ချက်။
နှစ်ဆယ့်တစ်ရာစုမှာ လုပ်ငန်းတော်တော်များများက digital platform ပေါ် ရောက်လာကြတာကို တွေ့ရပါတယ်။ နေ့စဉ်သုံး ကုန်ပစ္စည်းတွေက စလို့ အိမ်ခြံမြေလို ငွေကြေးရင်းနှီးမြှပ်နှံမှု များတဲ့ လုပ်ငန်းကြီးတွေထိ ဒီလိုမျိုး website တွေ၊ social media platform တွေကနေ အရောင်းအဝယ် ပြုလုပ်နေကြတာလည်း များလာပါတယ်။ အခုလိုမျိုး ကျန်းမာရေးနဲ့ပတ်သက်ပြီး သတိထား သွားလာနေရတဲ့ အခြေအနေမျိုးတွေဆိုရင် ပိုဆိုးပါတယ်။
ဒီတော့ သင့်လုပ်ငန်းက အလတ်စားလုပ်ငန်းပဲဖြစ်ဖြစ်၊ အသေးစားလုပ်ငန်းပဲ ဖြစ်ဖြစ် ဒီဂျစ်တယ်ခေတ်မှာ brand ကြီးတွေနဲ့အပြိုင်အောင်မြင်ချင်ရင် လူတွေ ဘယ်လိုဝယ်လဲ၊ ဝယ်ဖို့ ဆုံးဖြတ်ချက် ဘယ်လိုချလဲ၊ ဘယ်လိုအရာတွေက လွမ်းမိုနေလဲ ဆိုတဲ့ ဒီအချက် ၆ ချက်ကို သိထားဖို့လိုပါတယ်။
ဒါတွေကို နားလည်ထားတဲ့ အခါကြတော့ သင့်အနေနဲ့ မှန်ကန်ထိရောက်တဲ့ digital strategy ကို စဉ်းစားနိုင်တာပေါ့။
- Category heuristics (ရောင်းတဲ့ ကုန်ပစ္စည်းအမျိုးအစားနဲ့ပတ်သက်လို့ ထိိမိတဲ့ ဖော်ပြချက်)
သင့်ရဲ့ brand၊ ရောင်းတဲ့ ပစ္စည်းအမျိုးအစားကိုဝယ်သူရဲ့စိတ်ထဲမှာ လွယ်လွယ်ကူကူ နားလည်စေတဲ့ မက်ဆေ့မျိုး ပေးထားခြင်းအားဖြင့် သင့်ဆီက နေဝယ်ဖို့ အခွင့်အရေးပို များစေမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ဝယ်သူကို သင့်ကုန်ပစ္စည်း အကြောင်း information ပေးတဲ့အခါမှာ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းနဲ့ နားလည်လွယ်အောင် ပေးဖို့လိုပါတယ်။ အများကြီး ပေးစရာမလိုပါဘူး။ သူ့ရင်ထဲကို ထိသွားစေမယ့် အသုံးအနှုန်း တွေကို သေချာရွေးချယ် သုံးစွဲတတ်ဖို့ပဲ လိုပါတယ်။ ဒါမှသာ သူတို့က ဒီအမျိုးအစားလိုတယ်လို့ စဉ်းစားလိုက်တာနဲ့ သင့် brand ကသူတို့ စိတ်ထဲ မှာရှိနေပြီး သင့်ဆီကနေ ဝယ်ယူသုံးစွဲမှာ ဖြစ်ပါတယ်။
ဥပမာ_ ကျွန်တော်တို့ သင်တန်းကျောင်းဖွင့်တယ်ဆိုပါစို့။ customer က အရောင်းပိုင်း၊ မားကတ်တင်းပိုင်း တိုးတက်ဖို့ လိုအပ်လို့ သင်တန်းတက်ဖို့ စဉ်းစားတာနဲ့ ကျွန်တော်တို့ ကျောင်းက သူ့ခေါင်းထဲမှာ ရှိနေစေတဲ့ မက်ဆေ့မျိုး ပေးထားရမှာ ဖြစ်ပါတယ်။
- Power of now (ချက်ချင်းအရောင်းရစေဖို့ တိုက်တွန်းချက်များ)
အခုဝယ်ရင် ဘာရမယ်ဆိုတဲ့ အနေအထားမျိုး ဖန်တီးတာကိုပြောတာပါ။ ဥပမာ_ ဒီနေ့ဝယ်ရင် 10% လောက်ပိုသက်သာသွားမယ်ဆိုပြီး ပြောထားတဲ့ မက်ဆေ့မျိုး။ ဒီဂျစ်တယ်ခေတ်မှာ ဒီလို မက်ဆေ့ မျိုးတွေက ဝယ်သူတွေရဲ့ motivation ကို ပိုပြီးတက်စေပြီးတော့ ချက်ချင်းဝယ်ဖို့ ဆုံးဖြတ်တဲ့ ရာခိုင်နှုန်းလည်း ပိုမြင့်တာကို တွေ့ရပါတယ်။
- Social proof (သူစွဲခဲ့ဖူးသူတွေရဲ့ ထင်မြင်ယူဆချက်များ)
သင့်ကုန်ပစ္စည်းကို ဝယ်ယူသုံးစွဲခဲ့ဖူးသူတွေရှိတယ် ဆိုတာကို ပြရမှာ ဖြစ်ပါတယ်။ ဥပမာ_ ကျွန်တော်တို့ သင်တန်းဆိုပါစို့။ ကျွန်တော်တို့ Better Version မှာ တက်ရောက်လေ့လာနေတာ အယောက် တစ်ထောင်ရှိနေပါပြီဆိုတဲ့ မက်ဆေ့မျိုးပါ။ ဒါဆိုရင် သင်တန်းတက်ဖို့ စဉ်းစားနေသူတစ်ယောက် ကဒီ မက်ဆေ့ကိုမြင်ရင် လူတော်တော်များများ တောင် တက်ထားတာပဲ။ ဒါဆို ကောင်းမှာပဲဆိုတဲ့ (တကယ်လည်း လက်တွေ့အသုံးချနိုင်တဲ့ နည်းလမ်းတွေကို မျှဝေတာဖြစ်လို့ စိတ်ချလို့ရပါတယ်) အတွေးမျိုး ဝင်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ဒီဂျစ်တယ် ခေတ်မှာရှေ့ကပြေးဖို့ customer review ကအရေးကြီးပါတယ်။
- Scarcity bias (ရှားပါးမှု ဖန်တီးခြင်း)
သင်အွန်လိုင်းက ဈေးဝယ်တဲ့အခါမှာ တွေ့ဖူးမှာပါ။ အခုဆိုရင် ဒီပစ္စည်းက ၆ ခုပဲကျန်ပါတော့တယ် ဆိုတဲ့ မက်ဆေ့မျိုး။ ရှားပါးမှုကို လူတွေက ကြိုက်ကြပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့လည်း သင်ရောင်းတဲ့ ပစ္စည်းက အကန့်အသတ်တစ်ခု ဖြစ်ဖို့ လိုပါတယ်။ အရမ်းပေါပေါသီသီ ရနေတဲ့ အနေအထားဆိုရင် လူတွေရဲ့ စိတ်ဝင်စားမှုက နည်းတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် မားကတ်တင်းသမားတွေက ကြော်ငြာတွေမှာ ဆိုရင် ၃ ထည်ပဲကျန်တော့တယ်။ ၅ ခုပဲကျန်တော့တယ်။ ၃ ယောက်ပဲ လက်ခံတော့မယ် စသည်ဖြင့် ရှားပါးမှု (scarcity) တစ်ခုကို ဖန်တီးထားတဲ့ မက်ဆေ့မျိုးထည့်သွင်း ရေးသားလာတာ ကိုတွေ့ရမှာ ဖြစ်ပါတယ်။
- Authority bias (လွှမ်းမိုးနိုင်စွမ်းရှိသူတွေပြောတဲ့ အချက်များ)
ဆိုလိုတာက ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းကို နာမည်ကြီး ဘယ်သူတွေကတော့ သုံးနေပါတယ်။ ဘယ်လိုလူတွေက ထောက်ခံထားပါတယ် ဆိုပြီး ဝယ်သူကိုရောင်းဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ ဥပမာ_ social influencer ဘယ်သူတောင် ဒီကုန်ပစ္စည်း ကိုသုံးနေပြီဆိုတာကို တွေ့လိုက်ရင် ဝယ်သူတွေက ကောင်းပါ့မလားဆိုပြီး အများကြီး မစဉ်းစားကြတော့ပါဘူး။ ဒီဘက်ခေတ်မှာ ဝယ်သူတွေက ပစ္စည်းတစ်ခုကို ဝယ်သူသုံးစွဲဖို့ သိပ်ပြီး အများကြီး စဉ်းစားဖို့ အချိန်မပေးကြတော့ပါဘူး။ ဒီတော့ ဘယ်သူသုံးနေလဲ ဆိုတာကို လေ့လာတယ်။ ဘယ်သူပြောတာလဲ ဆိုတာကိုကြည့်တယ်။ သူတို့ ယုံကြည်ရတယ်လို့ ယူဆထားတဲ့ သူပြောတာဆိုရင် ဝယ်လိုက်တယ်။ ဒါပါပဲ။ ဥပမာ_ ကျွန်တော်တို့ကတော့ FDI အသိအမှတ်ပြု လက်မှတ်ရထားတယ် ဆိုတဲ့ မက်ဆေ့မျိုး။ ဘယ်အဖွဲ့အစည်းက တရားဝင်ပေးတဲ့ လက်မှတ်ရထားတယ် ဆိုတဲ့ မက်ဆေ့မျိုးပေးခြင်းဖြင့်လည်း လူတွေမြန်မြန်ဆန်ဆန် ဝယ်ဖို့ ဆုံးဖြတ်ချက်ချ ကြတာကိုတွေ့ ရပါတယ်။
- Power of free (ဘာဝယ်ရင် ဘာရမယ်ဆိုတာကို စိတ်ဝင်စားကြပါတယ်)
Free ဆိုတာကလည်း ကျွန်တော်တို့ Better Version က အပတ်စဉ် တင်ဆက်ပေးနေကြ ဖြစ်တဲ့ magic words (မှော်စာလုံးများ) အကြောင်းတရားထဲ ကတစ်ခုပါပဲ။ လူတွေက ဒီ free ဆိုတဲ့ စာလုံးကို နှစ်သက်ကြတယ်။ စမ်းကြည့်ချင်ကြပါတယ်။ ဒါ့ကြောင့် buy one, get one free ဆိုတဲ့ မက်ဆေ့မျိုးမှာဆိုရင် free ဆိုတဲ့ စာလုံးကိုကြော်ငြာဒီဇိုင်းတွေမှာ ကြီးထားလေ့ ရှိတာကို တွေ့ရပါလိမ့်မယ်။ လူတွေ စိတ်ဝင်စားတတ်တဲ့ စာလုံးကို မြင်အောင် ပြတဲ့ သဘောပါပဲ။ ဒါ့ကြောင့် သင့်အနေနဲ့ သင့် product က ဒီလိုမျိုး customer promotion ဖန်တီးလို့ ရတဲ့ အနေအထားမျိုးဆိုရင် ဒါမျိုး strategy ကိုထည့်သွင်း စဉ်းစားသင့်ပါတယ်။
ဒီလောက်ဆိုရင်တော့ သင့်အနေနဲ့ ဒီဂျစ်တယ်ခေတ်မှာရှေ့ကပြေးနေဖို့ ဘာတွေကို အဓိကထားရမယ်ဆိုတဲ့ idea ရသွားမှာပေါ့။ နောက်တစ်ခုက brand အသေးပဲဖြစ်ဖြစ်၊ အလတ်စားလုပ်ငန်း ပဲဖြစ်ဖြစ် ဒီဂျစ်တယ်ခေတ် မှာ ဝယ်သူ၏ ဝယ်ယူမှု ဆုံးဖြတ်ချက်ကို လွှမ်းမိုးနေတဲ့ အရာတွေကို နားလည်ထားမယ်ဆိုရင် သင့်အနေနဲ့ digital strategy မှာများများရောင်းရနိုင်ပါလိမ့်မယ်။

ဦးမင်းသန်းထွဋ်
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။