၀ယ်သူ၊ဖောက်သည်များနဲ့ အဆက်အသွယ်မပြတ်ရှိစေနိုင်မယ့် နည်းလမ်းများ။
February 8, 2022 2022-02-10 15:00၀ယ်သူ၊ဖောက်သည်များနဲ့ အဆက်အသွယ်မပြတ်ရှိစေနိုင်မယ့် နည်းလမ်းများ။

၀ယ်သူ၊ဖောက်သည်များနဲ့ အဆက်အသွယ်မပြတ်ရှိစေနိုင်မယ့် နည်းလမ်းများ။
အာမခံအရောင်းကိုယ်စားလှယ်တွေ၊ အိမ် ခြံမြေအရောင်းသမားတွေ၊ ၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေ၊ ၀ယ်သူနဲ့ မပြတ်ဆက်ဆံနေရတဲ့ အရောင်းသမားတွေလိုမျိုး ဆက်ဆံရေးတွေကို အရင်းခံပြီးလုပ်ကိုင်ဆောင်ရွက်နေရတဲ့သူ တွေအတွက် ပိုလို့ အကျိုးရှိမယ့် ပိုစ့်ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ လုပ်ငန်းတွေအတွက် ချမှတ်ထားတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက် ပန်းတိုင်တွေရောက်နိုင်ဖို့အတွက် တော်တော်ကိုရုန်းကန်ရတဲ့အချိန်ပါ။
ဒီလိုအချိန်မျိုးမှာ ၀ယ်သူအသစ်၊ ဖောက်သည်အသစ်လည်းရှာဖို့ လိုအပ်သလို လုပ်ငန်းနဲ့လည်းအဆက်အဆံရှိပြီး ရေရှည်၀ယ်နေကြ ၀ယ်သူတွေ၊ဖောက်သည်အဟောင်း တွေနဲ့လည်း အဆက်သွယ်ပြတ်မနေဖို့ အရေးကြီးပါတယ်။ အဲ့ဒါမှ အရောင်းသမားတွေအနေနဲ့ ၀ယ်သူအသစ်ကို လိုက်ရတဲ့ စရိတ်စကတွေ ကာမိပြီး ရောင်းအားလည်းတက်၊ ၀ယ်သူတွေနဲ့ ခိုင်မာတဲ့ရေရှည်ဆက်ဆံရေးတွေလည်းတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
၀ယ်သူတွေနဲ့ အမြဲအဆက်အသွယ်မပြတ်ရှိနေစေဖို့ အတွက်နည်းလမ်းကောင်းများစွာရှိပါတယ်။ အဲ့ဒီ့အချက်များစွာထဲက မိတ်ဆွေတို့ရဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုကိုအမြဲအမှတ်ရနေစေဖို့ သင့်တော်တဲ့ နည်းလမ်းအချို့ကို လေ့လာကြည့်ပြီး သင့်တော်သလိုသုံးနိုင်ပါတယ်။
၁) ကျေးဇူးတင်လွှာ စာတိုတစ်စောင်ပေးပို့ခြင်း။
၀ယ်သူကို ကျေးဇူးတင်ကြောင်းပြသခြင်းက ကောင်းတဲ့ အပြုအမှု၊ အလေးထားတယ်ဆိုတာ ပြတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ၀ယ်သူနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ စီးပွားရေးလောကမှာဆိုရင် ကိုယ့်ရဲ့၀ယ်သူကို အလေးထားမှုနဲ့ ကျေးဇူးတင်ကြောင်းပြသဖို့အတွက်ကို နည်းလမ်းကျကျ အသုံးချဖို့ကို မေ့နေတတ်ကျပါတယ်။ ဒါ့ကြောင့် အခွင့်အလမ်းတွေဆုံးရှုံးသွားတာကို မကြာခဏကြုံတွေ့ရတတ်ပါတယ်။
Social Mediaခေတ်မှာ ဖွင့်ဖတ်ချင်လာအောင် ဆွဲဆောင်မှုရှိတဲ့အရေးအသားတွေ အီးမေးလ်ခေါင်းစဉ်တွေ၊ မက်ဆေ့တွေအမျိုးမျိုးသုံးပြီး ကျေးဇူးတင်ကြောင်းပြသလို့ရပါတယ်။
ဒါပေမယ့် အမြဲတမ်းအီးမေးလ်၊ မက်ဆေ့တွေပို့မယ့်အစား ဘောပင်တစ်ချောင်းထုတ်ပြီး ကိုယ့်၀ယ်သူကိုရင်ထဲထိစေမယ့်ကျေးဇူးတင်ကတ်ပြားတစ်ချက်ကို ရေးကြည့်ပါ။ အချိန်တစ်ခုတော့ ရင်းနှီးမြုပ်နှံ့မှုလုပ်ရမှာပါ။
လက်ရေးဖြင့်ရေးသားပေးပို့တဲ့ စာတိုပေးပို့ခြင်းနဲ့ အီးမေးပေးပို့ခြင်း ကိုနှိုင်းယှဥ်ကြည့်မယ်ဆိုရင် ဖွင့်ဖတ်ကြည့်နှုန်းကဘယ်နည်းကပိုများမယ်ထင်ပါသလဲ။
သေချာပါတယ် ၉၉%နှုန်းသော ၀ယ်သူတွေ၊ ဖောက်သည် တွေက လက်ရေးနဲ့ရေးသားထားတဲ့ စာကို ဖွင့် ဖတ်ကြပြီးတော့ ၂၀%လောက်ပဲ အီးမေးလ်ဖွင့်ဖတ်ကြည့်ကြတယ်လို့လည်း စစ်တမ်းတွေ ရှိပါတယ်။
ဒါကြောင့် ဒီနည်းလမ်းဟာ ကိုယ့်customerတွေနဲ့ဆက်သွယ်ဖို့နည်းလမ်းတစ်ခုဖြစ်ပြီးတော့ သင့်ရဲ့ ကုန်ပစ္စည်း၀န်ဆောင်မှုကို အခြားသူတွေထက် ပိုမှတ်မိပြီး တစ်မူထူးခြားစေမယ့် နည်းလမ်းလည်းဖြစ်ပါတယ်။
၂) ဗဟုသုတရစေမယ့်အကြောင်းအရာများကို မျှ၀ေခြင်း။
၀ယ်သူတွေနဲ့ အမြဲဆက်သွယ်နေဖို့ နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ သင်ကျွမ်းကျင်တဲ့အရာတစ်ခုကို မျှ၀ေပေးခြင်းဖြစ်ပါတယ်။
ဥပမာ−Better Version မှာဆိုရင် အရောင်း၊ မားကတ်တင်းပိုင်းကိုလေ့လာနေတဲ့သူတွေ၊ အရောင်းပိုင်းပရောဖက်ရှယ်နယ်တွေ၊၊ မားကတ်တင်းသမားတွေ၊၊ လုပ်ငန်းရှင်တွေ ၀င်ရောက်လေ့လာနိုင်အောင် ဗဟုသုတရစေမယ့် အချက်အလက်တွေ၊ Blogs တွေကို နေ့စဥ်နဲ့ အမျှ Facebook Page မှာရော၊ Website မှာရော အချိန်နဲ့ အမျှ တင်ပေးပြီး လေ့လာနိုင်အောင် ၀ေမျှပေးနေပါတယ်။ ဒါကြောင့်လည်း အရောင်းမားကတ်တင်းနဲ့ ပတ်သတ်ပြီး တစ်ခုခုသင်တန်းတက်ဖို့ လိုအပ်တာမျိုး၊ အခက်အခဲရှိလို့ မေးချင်တာမျိုးဆိုရင် Better Version ကို အရင်ဆုံးသတိရကြတာဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ပိုင်အတွေ့အကြုံတွေ၊ မှန်ကန်တဲ့သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေကို ၀ေမျှပေးခြင်း ကလည်း ၀ယ်သူတွေက ကိုယ့်ရဲ့ကုန်ပစ္စည်းကိုအမြဲအမှတ်ရနိုင်ဖို့ အထိရောက်ဆုံးနဲ့ အကျိုးအရှိဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။
၃) အမှတ်တရ အချိန်များမှာ အတူရှိကြောင်းပြသခြင်း။
အမြဲတမ်း ၀ယ်နေတဲ့ ဖောက်သည်တွေ၊ ၀ယ်သူတွေနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေး တည်ဆောက်ပြီး ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ဆိုရင် ဂရုစိုက်ကြောင်း ပြသဖို့ လိုအပ်ပါတယ်။
ဒီလို ဂရုစိုက်ကြောင်းပြဖို့ ဆိုရင် ၀ယ်သူတွေ၊ ဖောက်သည်တွေရဲ့ မွေးနေ့လေးတွေ၊ လုပ်ငန်းအထိန်းအမှတ် နှစ်ပတ်လည်နေ့လေးတွေ ကို မှတ်မိနေဖို့အတွက် စာရင်းပြုစုမှုရတော့မှာပါ။ ၁၀ ယောက်လောက်အထိ မှတ်နိုင်ပေမယ့် အယောက်ရေ များလာတဲ့ အခါ မှတ်မိနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် စာရင်းလုပ်တာမျိုး၊ Customer Relationship Managment (CRM Software) သုံးတာမျိုးတွေလုပ်ပြီး လိုအပ်တဲ့အချိန်မှာ ဆက်သွယ်ပေးပါ။
ဥပမာ−ကိုယ်ဆီအမြဲ၀ယ်ယူနေတဲ့ဖောက်သည်ကိုဖြစ်ဖြစ်၊ ဖောက်သည်ဟောင်းတွေကိုပဲဖြစ်ဖြစ် ကိုယ့်ဆီက ကုန်ပစ္စည်းအသစ်ထွက်လို့မိတ်ဆက်ချင်တဲ့အချိန်မှဆက်သွယ်တာမျိုးမ လုပ်သင့်ပါဘူး။ အဲ့ဒီ့အစား ကိုယ့်၀ယ်သူများရဲ့မွေးနေ့တွေ၊ နှစ်ပတ်လည်နေ့တွေ မှာသတိတရ ဖုန်းခေါ်ဆိုတာမျိုး ပဲဖြစ်ဖြစ် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ လက်ဆောင်လေးတွေ ပေးပို့တာမျိုးပဲဖြစ်ဖြစ် ကိုယ့်ရဲ့၀ယ်သူကို ဘယ်လောက်တန်ဖိုးထား လေးစားကြောင်း ကိုပြသနိုင်ပါတယ်။
ဒီလိုနည်းလမ်းတွေကိုသုံးမယ်ဆိုရင် ၀ယ်သူက တစ်ခြားပြိုင်ဖက်ဆီရောက်သွားတာမျိုး တွေ နည်းပါးသွားနိုင်ပြီး ရေရှည်စိတ်ချယုံကြည်ရတဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ပြီး ရောင်းအားတက်စေမှာဖြစ်ပါတယ်။
ကုန်ပစ္စည်းရောင်းထွက်ဖို့ကိုပဲ အသည်းသန်ကြိုးစားနေမယ့်အစား မိတ်ဆွေတို့ရဲ့ ဖောက်သည်၊ ၀ယ်ယူသူတွေနဲ့ အမြဲအဆက်အသွယ်မပြတ်စေမယ့်နည်းလမ်းများကို အချိန်တစ်ခုပေးပြီး အလေးအနက်စဥ်းစားလုပ်ဆောင်ပြီး ပိုကောင်းတဲ့ရလာဒ်တွေဖန်တီးနိုင်ပါစေလို့။
—
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
—
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။