Blog

ဈေးကွက်ထဲမှာ ရေရှည်အောင်မြင်တဲ့ ကုန်ပစ္စည်းဖြစ်ချင်ရင် ဘယ်လိုလုပ်ရမလဲ

Website Blog - ဈေးကွက်ထဲမှာရေရည်အောင်မြင်တဲ့
Business / Marketing / Sales

ဈေးကွက်ထဲမှာ ရေရှည်အောင်မြင်တဲ့ ကုန်ပစ္စည်းဖြစ်ချင်ရင် ဘယ်လိုလုပ်ရမလဲ

ဈေးကွက်ထဲမှာ ရေရှည်အောင်မြင်တဲ့ ကုန်ပစ္စည်းဖြစ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။

မကြာခင်က Product အသစ်တစ်ခု ဘာကြောင့် fail ဖြစ်ရတာလဲ ၊ ဈေးကွက်ထဲကနေ ဘာ့ကြောင့် အချိန်တိုအတွင်း ပျောက်ကွယ်သွားရလဲ ဆိုတာနဲ့ပတ်သက်လို့ သိသင့်တဲ့အချက်တချို့ကို သင့်လုပ်ငန်းအတွက် ပြင်ဆင်နိုင်ဖို့ Better Version ကနေမျှဝေပေးခဲ့ပါတယ်။ 

ဒီပိုစ့်မှာတော့ရေရှည် အောင်မြင်အောင်နဲ့၊ အောင်မြင်ဖို့ ရာခိုင်နှုန်းများအောင် ဘယ်လို လုပ်လို့ရမလဲ၊ ဘယ်အချက်တွေကို ကြိုတင်ပြင်ဆင်သင့်လဲ ဆိုတာကို လေ့လာကြည့်ရအောင်။ 

 

၁) ဝယ်သူဘက်ကနေ အမြဲစဉ်းစားပါ

ကုန်ပစ္စည်းတစ်ခုကို ထုတ်တော့မယ်ဆိုတာနဲ့ သင့်ရဲ့ ဝယ်သူတွေက ဘယ်သူလဲ၊ သူတို့က ဘာလိုချင်တာလဲ၊ သူတို့ရဲ့ အကြိုက်ကရော ဘယ်လိုရှိလဲ၊ သူတို့ ဖြစ်လဲတဲ့ ဆန္ဒကရောဘယ်လို ရှိလဲ စသည်ဖြင့် ဝယ်သူဘက်ကနေ အမြဲတွေးကြည်ပြီး စဉ်းစားဖို့လိုပါတယ်။ 

ဝယ်သူဘက်က စဉ်းစားမှသာ မားကတ်တင်းပိုင်းမှာ ဝယ်သူ ရင်ထဲရောက်ဖို့ ဘယ်လို နည်းလမ်းမျိုးတွေသုံးသင့်လဲ၊ အရောင်းသမားတွေကရော ဝယ်သူကို လိုလိုချင်ချင် နဲ့ကိုယ့်ဆီကနေ ဝယ်ဖို့ ဘယ်လို စကားလုံးမျိုးတွေ ရွေးချယ်သုံးစွဲသင့်သလဲ ဆိုတာတွေကို နားလည်မှာ ဖြစ်ပါတယ်။ ဒါမှပဲ ရောင်းအားအတွက် အထောက်အကူဖြစ်ပြီး သင်ဈေးကွက်ထဲမှာ ရေရှည်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ 

 

၂) ပိုကောင်းတဲ့ အရည်အသွေးတစ်ခုခု ပြနိုင်အောင် ကြိုးစားပါ

ကုန်ပစ္စည်းသစ်တစ်ခု ထုတ်ပြီဆိုတာနဲ့ ဈေးကွက်ထဲမှာ ရှိနေပြီးသားပစ္စည်းတွေထက် ပိုကောင်းတဲ့ အရည်အသွေး တစ်ခုခု ပြနိုင်အောင် စဉ်းစားပါ။ ဒီနေရာမှာ ဈေးပိုသက်သာတာမျိုး တစ်ခုထဲလည်းမဟုတ်ပဲ အခြားယှဉ်ပြိုင်မှု အားသာချက်လုပ်နိုင်ဖို့ (differentiation strategy) အကြောင်းလည်း page မှာရှဲထားပေးခဲ့ဖူးပါတယ်။ ဒီထဲကမှ သင့်ရဲ့လုပ်ငန်းအနေအထားနဲ့ သင့်ဝန်ထမ်းတွေရဲ့ အနေအထား နဲ့ သင့်လုပ်ငန်းမှာရှိနေတဲ့ အရင်းအမြစ်တွေပေါ်မှာ မူတည်ပြီးတော့ ဘာပိုကောင်းအောင် လုပ်နိုင်မလဲဆိုတာကို သုံးသပ်ပြီး ပိုကောင်းတဲ့ အရည်အသွေး တစ်ခုခု ကို ဝယ်သူကိုကိုပြနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ဈေးကွက်ထဲမှာ အသစ်ဖြစ်နေတဲ့ သင့်ကုန်ပစ္စည်းကို ဝယ်ယူသုံးစွဲဖို့ စဉ်းစားမှာဖြစ်ပြီးတော့ ရေရှည်မှာ သင်ဈေးကွက်နေရာ ယူနိုင်မှာ ဖြစ်ပါတယ်။ 

 

၃) ပူးပေါင်းဆောင်ရွက်မှုက အခရာပါပဲ

ဝယ်သူတွေနဲ့ရော၊ supplier တွေနဲ့ရော ပူးပေါင်းပြီး ထုတ်ကုန်အသစ်ကို ဖန်တီးနိုင်ဖို့ စဉ်းစားပါ။ ဒါမှသာလျှင် ဝယ်သူလိုအပ်ချက်နဲ့ကိုက်ညီတဲ့ သူတို့လိုအင်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ထုတ်ကုန် ဖြစ်ပြီး ရှေရည်မှာ ဝယ်ယူသုံးစွဲဖို့ ရာခိုင်နှုန်းများမှာ ဖြစ်ပါတယ်။ 

နောက်တစ်ချက်က ကျွန်တော်တို့က ကုန်ပစ္စည်းသစ်ကိုထုတ်လိုက်ပေမယ့် ဝယ်ယူသုံးစွဲမယ့်သူ မရှိလို့ ကျရှုံးသွားတယ်ဆိုတာမျိုး မဖြစ်ချင်ရင် ထုတ်ကုန်ထုတ်တဲ့နေရာမှာ ဝယ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး၊ လူအများဆီကနေ စိတ်ကူးအိုင်ဒီယာတွေ စုပြီးမှ ရွေးချယ် ထုတ်တာမျိုး တွေ လုပ်နိုင်ပါတယ်။ 

ဝယ်သူနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ အရောင်းသမားတွေ၊ ဌာနတွေကနေနဲ့ ဝယ်သူရဲ့ တုန့်ပြန်မှုပေါ်မှာ အခြေခံပြီးလဲ​ထုတ်ကုန်အသစ်ထုတ်တာမျိုးဟာ ကျဆုံးဖို့ နည်းပါးတာပေါ့။

တချို့ လုပ်ငန်းအချင်းချင်းဝယ်သူသုံးစွဲတဲ့ ဈေးကွက် (B2B) မှာဆိုရင် သင့်အနေနဲ့ မထုတ်ခင်ထဲက စာချုပ်နဲ့ဘယ်နှ နှစ်တော့ မဖြစ်မနေသုံးပေးရပါမယ်ဆိုတာမျိုး ဝယ်သူနဲ့ သဘော တူညီချက်ကို ပွင့်ပွင့်လင်းလင်း အရင်ရယူပြီးမှ ထုတ်တဲ့ပုံစံမျိုးလည်း လုပ်လို့ရပါသေးတယ်။ 

ဥပမာ_ နည်းပညာပိုင်း software ရောင်းတယ်ဆိုပါစို့။ သင်ရောင်းမယ့် အဖွဲ့အစည်း၊ လုပ်ငန်းကို သေချာ လေ့လာပြီးတော့ သူတို့ လိုအပ်မယ့်၊ သူတို့ရဲ့လုပ်ငန်းနဲ့ကိုက်ညီမယ့် system ကိုဆွဲပေးမယ်။ ပြီးရင်တော့ ကျွန်တော်တို့ system ကို ၃ နှစ် သုံးပေးပါ ဆိုပြီး commitment တောင်းလိုက်တာမျိုး ဖြစ်ပါတယ်။ ဒါဆိုရင် သုံးစွဲမယ့် ဝယ်သူ ရှိပြီးသားဖြစ်လို့ သင့် product ကကျရှုံးစရာ ကြောင်းမရှိတော့ဘူးပေါ့။ ဒီလို နည်းလမ်းက အဓိက အားဖြင့်တော့ နည်းပညာပိုင်း technology ပိုင်းလုပ်တဲ့ သူတွေဆို အဆင်ပြေပါတယ်။

 

ဒီနည်းလမ်းတွေကိုသင့်ရဲ့ လုပ်ငန်းခွင်မှာ လက်တွေ့ အသုံးချကြည့်မယ်ဆိုရင် သင့် product က အောင်မြင်ဖို့ ရာခိုင်နှုန်းများမှာ အသေအချာပါပဲ။

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ