Blog

အာမခံ အရောင်း ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေက ဘာတွေ ဖြစ်မလဲ။

insurance 4 1200 x 600
Customer Service / Sales

အာမခံ အရောင်း ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေက ဘာတွေ ဖြစ်မလဲ။

အာမခံ ရောင်းချတဲ့ ဈေးကွက်ထဲမှာဆိုရင် တိုးတက်ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ အခါကြတော့ အရောင်းပိုင်း တာဝန်ယူရတဲ့ သူတွေ အတွက် ရင်ဆိုင်နေရတဲ့ အခက်အခဲတွ​၊ စိန်ခေါ်မှုတွေ အများကြီး ရှိလာပါတယ်။ ဒါဆိုရင် ဒီဈေးကွက်ထဲမှာ အောင်မြင်မှု ရဖို့ ကြိုးစားနေတဲ့ အရောင်းသမားတွေ၊ အရောင်း ကိုယ်စားလှယ်တွေ အနေနဲ့ ဒီ စိန်ခေါ်မှုတွေကို နားလည်ထားတဲ့ အခါ ကြတော့ လုပ်ငန်းရဲ့ အနေအထား၊ ရောင်းချနေတဲ့ဈေးကွက်ပေါ်မှာ မူတည်ပြီး သင့်တော်တဲ့နည်းလမ်းနဲ့ ရောင်းအားတွေ တက်အောင် ကြိုးစားလို့ ရတာပေါ့။

ဒါဆိုရင် အာမခံ ကိုယ်စားလှယ်တစ်ယောက် ကြုံတွေ့ နေရတဲ့ စိန်ခေါ်မှု တွေက ဘာတွေ ဖြစ်မလဲ လေ့လာ ကြည့်ရအောင်။ 

၁) Lead Generation (ဝယ်သူရှာရတာ ခက်လာခြင်း)

သင်က အာမခံ အရောင်းကိုယ်စားလှယ် အနေနဲ့ စလုပ်မယ့် သူဆိုလည်း ဝယ်သူကို ဘယ်လို ရှာရမလဲ၊ များများရောင်းရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာနဲ့ ပတ်သက်လို့ စိန်ခေါ်မူ တစ်ခုဖြစ်လာနိုင် ပါတယ်။ ဒီလိုပဲ ဒီနယ်ပယ်မှာ လုပ်တာ ကြာလာနေပြီ ဖြစ်တဲ့ သူတစ်ယောက် အနေနဲ့ ဆိုရင်လည်း ဝယ်သူ အသစ်တွေ ရဖို့ ကြိုးစားရတာ နဲ့ ပတ်သက်လို့ ပင်ပန်းလာတာ၊ ငြီးငွေ့လာတာ မျိုးတွေ ဖြစ်တတ် ပါတယ်။ ဒီတော့ ဒီ အခြေ အနေကို အကောင်းဆုံး ကျော် လွှားနိုင်ဖို့ ဒီ ၃ ချက်ကို လိုက် လုပ်ကြည့်ဖို့ အကြံ ပြုလိုပါတယ်။

  1. Referral Program တွေ ဖန်တီးဖို့ ကြိုးစားလို့ရပါတယ်။ လူတွေက ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချ တဲ့အခါမှ သူတို့ ပတ်ဝန်းကျင်က မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ အကြံပေးမှုနောက်ကို အများဆုံးလိုက်ပြီး ဝယ်ဖို့ ဆုံးဖြတ်တတ် တာကို တွေ့ရပါတယ်။ ဒီအချက်ကို အသုံးချပြီး သင့်အနေနဲ့ သင့်ဖောက်သည်တွေက နေ တစ်ဆင့​ သူတို့ပတ်ဝန်းကျင်ကလူတွေ လိုအပ်လာတဲ့အခါ သင့်ဆီက‌နေ ဝယ်အောင် ညွှန်းပေးဖို့ referral program တွေ ဖန်တီးလို့ရပါတယ်။  
  2. နယ်ပယ်စုံ၊ လူစုံကို လိုက်ရောင်းဖို့ ကြိုးစားတာထက် ဈေးကွက်ကို သေချာ လေ့လာပြီး ဘယ်နယ်ပယ်၊ ဘယ်လို အနေအထားမျိုးက လူတွေက သင်ရောင်းတဲ့ insurance ကိုဝယ်ယူ သုံးစွဲ ဖို့ ပိိုစိတ်ဝင်စားနိုင်မလဲ။ ပြီးရင် သင့်အနေနဲ့ သင်ရောင်းချင်တဲ့ ဒီအပိုင်းက လူတွေဆီရောက်ဖို့၊ သင်ရောင်းတဲ့ insurance အကြောင်း သူတို့သိဖို့ ဘယ်လို လုပ်ရမယ်ဆိုတာကို နောက်တစ်ဆင့် စဉ်းစားရမှာဖြစ်ပါတယ်။
  3. သင်ကိုယ်တိုင် community တွေ group တွေမှာ တက်တက်ကြွကြွပါဝင်ဖို့ လိုအပ်ပါတယ်။ volunteers လုပ်ငန်းတွေမှာ ပါဝင်တာ။ insurance နဲ့ပတ်သက်လို့ လူတွေ ပိုပြီး ဗဟုသုတ ရစေဖို့ small seminar တွေ လုပ်ပေးတာ၊ networking events တွေ တက်တာမျိုး‌တွေ ကတစ်ဆင့်လည်း စိတ်ဝင်စားတဲ့ ဝယ်သူတွေ ရလာအောင် ကြိုးစားလို့ရပါတယ်။ 

၂) Stress and pressure to sell (များများရောင်းမှ ဖြစ်မယ့် ဖိအားတွေ များလာခြင်း)

အာမခံ အရောင်းအေးဂျင့် တစ်ယောက်အနေနဲ့ ရပ်တည် တဲ့အခါမှာ ဝယ်သူရှာရတာ ကနေစလို့ နောက်ဆုံးချောချော မွေ့မွေ့ ဝယ်သွားဖို့အထိ အဆင့်ဆင့်လုပ်ရတာတွေ၊ တစ်လ တစ်လ ချထားတဲ့ အရောင်း တားကဒ် မှီအောင် ရောင်းနိုင်ဖို့၊ ကော်မရှင်နဲ့ ရောင်းနေတဲ့ အေးဂျင့်ဆိုလည်း များများရောင်းနိုင်မှ ဖြစ်မယ့် အနေအထားတွေ ကြောင့် ဖိအားတွေ များလိုက်တာ ဆိုတဲ့ အခြေအနေတွေ ရှိနေတတ်ပါတယ်။ ဒါကို ကျော်လွှားဖို့ အကောင်းဆုံး နည်းလမ်းကတော့ အခက်အခဲတွေ၊ ဖိအားတွေကို အခွင့်အလမ်း တစ်ခု အနေနဲ့ ပြောင်းလဲ မြင်တတ် ဖို့ ကြိုးစားရမှာပါ။

ဒီလိုမျိုးသင့်ရဲ့အမြင်ကိုပြောင်းလဲ ပြီးတော့ ကြုံလာတဲ့ ပြဿာနာ၊ အခက််အခဲ တိုင်းကို နည်းလမ်းမျိုးစုံနဲ့ စမ်းသပ်ကြိုးစားကြည့်ရင်း သင်လိုချင်တဲ့ ရလဒ်ရဖို့ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ 

၃) Online competition (အွန်လိုင်းပေါ်က ပြိုင်ဆိုင်မှုတွေ များလာခြင်း)

ဒီဂျစ်တယ် ခေတ်မှာ တချို့သောဝယ်သူတွေက အွန်လိုင်းပေါ်က အာမခံ ပေါ်လစီတွေ၊ ငွေပေးချေမှုနဲ့ ပတ်သက်တာတွေ တစ်ခါထဲဖတ်လို့ရနေတဲ့အခါ ဒါတွေကိုလေ့လာတယ် ပြီးရင် အရောင်းအေးဂျင့် နေကနေ တစ်ဆင့် မဝယ်တော့ပဲနဲ့သူတို့ ဘာသာတိုက်ရိုက် အွန်လိုင်းကနေ ဝယ်ယူမှုတွေ များလာတာကိုလည်း တွေ့လာရပါတယ်။ ဒီနည်းလမ်းက ပိုပြီး မြန်ဆန်တယ် လွယ်ကူတယ်လို့ ဝယ်သူတွေက ထင်လာတာကြလို့လည်းပါတာပေါ့။ ဒီအချက်ဟာ အာမခံ အရောင်းအေးဂျင့်တွေ အနေနဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်လို့လာပါတယ်။ ဒီလိုအခြေအနေမှာ သင့်ဆီကနေပဲ ဝယ်အောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုကြိုးစားမလဲ။ ဒါကိုရင်ဆိုင်နိုင်ဖို့အဓိက လုပ်သင့်တာကတော့ သင့်ဆီကနေဝယ်တာနဲ့ အခြားကနေ ဝယ်တာ ဘာကွာသလဲ ဆိုတာကို သင်ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဝန်ဆောင်မှုပိုင်း အားသာတာလား၊ ဘယ်အချက်က အားသာတာလည်းဆိုတာကို သင်ကိုတိုင်သိအောင်လုပ်ပြီး သင့်ဆီကနေ ဝယ်လို့ရမယ့် အားသာချက်ကို မြင်အောင် ပြောပြီး ရောင်းတာမျိုးလုပ်သင့်ပါတယ်။ 

ဒီတော့ အာမခံ အရောင်းကိုယ်စားလှယ်တွေ အနေနဲ့ ဒီလို မျိုး challenge တွေကို သိထားပြီး လိုအပ်တာကို ပြင်ဆင်ထားတဲ့အခါ မှပဲ ရေရှည်မှာ အောင်မြင်တဲ့  ထိပ်တန်း Insurance အရောင်းကိုယ်စားလှယ် တစ်ယောက် အနေနဲ့ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ 

ထိပ်တန်း အာမခံ အရောင်းကိုယ်စားလှယ် ဖြစ်လာဖို့အတွက် Top Insurance Agent ကိုယ်တိုင် သင်ကြားမယ့် သင်တန်းရှိပါတယ်။ စိတ်ဝင်စားရင် “BTA” လို့ မက်ဆေ့ ပို့ပြီး စုံစမ်းနိုင်ပါတယ်။

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ