Blog

မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။

_စိန်ခေါ်မှုအခက်အခဲ (၇)ခု
Marketing

မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။

လုပ်ငန်းရှင်တွေ၊ စျေးကွက်ရှာဖွေရေး ခေါင်းဆောင်တစ်ဦးအနေဖြင့်  မားကတ်တင်းမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု (Challenges) တွေကို သိဖို့လိုအပ်ပါသည်။ ပြီးရင် ဒီစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ နည်းလမ်းတွေကိုလည်း ရှာဖွေကြရပါတယ်။ 

ဘယ်ကစရှာရမယ်မှန်းမသိရင် ဒီဘလော့လေးက အထောက်အကူဖြစ်ပါလိမ့်မယ်နော်။ လက်ရှိအပြောင်းအလဲတွေပေါ် အခြေခံပြီး ၂၀၂၂မှာတွေ့နေရတဲ့ မားကတ်တင်း Challenges တွေကို ဖော်ပြပေးထားပါတယ်။

၁။ ခိုင်မာတဲ့ စျေးကွက်ရှာဖွေရေး၊ ဈေးကွက်ဖော်ဆောင်ခြင်း အစီအစဥ် (Marketing Plan) မရှိခြင်း။

စျေးကွက်ထဲ ၀င်ရောက်ဖို့အတွက် ချမှတ်ထားတဲ့ မားကတ်တင်းဗျူဟာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့နဲ့ မှန်ကန်တဲ့ လမ်းကြောင်းတွေ ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် Marketing plan တစ်ခု လိုအပ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းတော်တော်များများက Marketing Plan ကို သေချာရေးဆွဲထားခြင်းမရှိပါဘူး။ Marketing plan ကိုသေသေချာချာ မရေးဆွဲထားတဲ့ အခါမှာ လုပ်ငန်း ဘတ်ဂျက် ပြဿနာတွေ၊ သုံးစွဲသူပမာဏနည်းပါးပြီး အဆိုးဆုံးအခြေအနေမှာ လုပ်ငန်းပိတ်သိမ်းခြင်းအထိကို ဖြစ်ပေါ်စေနိုင်သည်။

ဒါကြောင့် မားကတ်တင်းစီမံချက်ကို တစ်ဆင့်ချင်းစီရေးဆွဲရပါမယ်။ ပြီးတော့ ချမှတ်ထားတဲ့ နည်းဗျူဟာတွေကို လက်တွေ့အကောင်အထည်ဖော်ပြီး ရလာဒ်တွေကို စဉ်ဆက်မပြတ် အကဲဖြတ်ကာ သင့်လျော်သည့်အတိုင်း ပြောင်းလဲမှုများ ပြုလုပ်ရမှာဖြစ်ပါတယ်။ 

၂။ ထိရောက်တဲ့ မားကတ်တင်းမက်ဆေ့များကို မဖန်တီးနိုင်ခြင်း။

သင့်လုပ်ငန်းအတွက် မားကတ်တင်းဗျူဟာရဲ့ အဓိကအချက်တစ်ခုကတော့ ၀ယ်သူတွေ ဘာကြောင့် ၀ယ်သင့်လဲဆိုတာကို ဖော်ပြနိုင်တဲ့ မက်ဆေ့ပဲဖြစ်ပါတယ်။ ကိုယ်ပစ်မှတ်ထားတဲ့ ၀ယ်သူတွေရဲ့ အတွေးအမြင်ထဲကို ၀င်ရောက်နိုင်ဖို့၊ ၀ယ်သူကို လွှမ်းမိုးနိုင်စေဖို့အတွက် မှန်ကန်ထိရောက်တဲ့ မက်ဆေ့တွေ၊ content တွေတည်ဆောက်တဲ့နေရာက မားကတ်တင်းသမားများအတွက် စိန်ခေါ်မှုတစ်ရပ်ပဲဖြစ်ပါတယ်။

လုပ်ငန်းအချို့က မားကတ်တင်း မက်ဆေ့ဖန်တီးတဲ့အခါမှာကိုယ့်ကုန်ပစ္စည်းက ၀ယ်သူတွေရဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းနိုင်တယ်၊ ကိုယ့်ရဲ့၀န်ဆောင်မှုက သုံးစွဲသူတွေကို အောင်မြင်အောင် ဘာတွေကူညီပေးတယ်ဆိုတာ ပြောမယ့်အစား ကိုယ့်ကုန်ပစ္စည်းရဲ့ အင်္ဂါရပ် (features) တွေကိုပဲ အာရုံစိုက်လေ့ရှိကြပါတယ်။ 

မှန်ကန်ထိရောက်တဲ့ မက်ဆေ့တွေဖန်တီးနိုင်ဖို့အတွက်ဆို အရင်ဆုံး ၀ယ်သူနေရာကနေစဥ်းစားကြည့်ပါ။ ငါသာဆိုရင် ဒီပစ္စည်းကို ဘာဖြစ်လို့၀ယ်မှာလဲ၊ ၀ယ်ရင် ဘယ်လိုအကျိုးရှိမှာလဲ၊ ဘာတွေပိုကောင်းသွားမှာလဲ ဆိုတာတွေကို စဥ်းစားပြီး ၀ယ်ယူသူက ကိုယ့်ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုလိုက်လို့ ရရှိမည့်အရာကို အလေးပေးဖော်ပြသင့်ပါတယ်။

၃။ မှန်ကန်တဲ့ စျေးနှုန်းသတ်မှတ်ချက်များ မရှိခြင်း။

ထုတ်ကုန်ကောင်းနေပေမယ့်လဲဈေးနှုန်း သတ်မှတ်ချက်မှားရင် ထင်သလောက်မပေါက်ပြန်ဘူး။ ဝယ်သူပေးချင်တာထက် ပိုသတ်မှတ်မိရင် မရောင်းရသလို လျှော့သတ်မှတ်မိရင်လဲ မြတ်သင့်သလောက် မမြတ်တော့ဘူး။ ယှဥ်ပြိုင်နိုင်စွမ်းမရှိတဲ့ ဈေးနှုန်းဖြစ်နေရင်လဲ အဆင်မပြေဘူး။ ဈေးနှုန်းသတ်မှတ်ခြင်းဟာ မားကက်တင်း ပရိုဂရမ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ ဘယ်လိုနည်းလမ်းတွေ သုံးပြီး ကိုယ့်လုပ်ငန်းအတွက် စဥ်းစားနိုင်မလဲ ဆိုတာ လေ့လာသင့်ပါတယ်။ 

၄။ ပစ်မှတ်ထားသော ၀ယ်သူတွေဆီ ရောက်ရှိဖို့ မှန်ကန်တဲ့နည်းလမ်း မရွေးချယ်နိုင်ခြင်း။ 

ကိုယ် ပစ်မှတ်ထားတဲ့ ၀ယ်သူတွေဆီရောက်ရှိဖို့ နည်းလမ်းများစွာရှိပေမယ့် သင့်လုပ်ငန်းနဲ့ကိုက်ညီတဲ့ ဘယ်နည်းလမ်းကိုရွေးချယ်ရမလဲဆိုတာ မသိတာမျိုး ဖြစ်တတ်ပါတယ်။ 

ဒီနေရာမှာ အကြံပေးချင်တာကတော့ သုတေသနတွေများများလုပ်ဖို့ ပါပဲ။ ထို့နောက် ၀ယ်သူဇာတ်ကောင် (Buyer Persona)ဖန်တီးပြီး မားကတ်တင်းဗျူဟာတွေကို ပိုင်းခြားသတ်မှတ်ပါ။ ထို့နောက် ဘယ်ဟာက အလုပ်ဖြစ်လဲ၊ ဘယ်ဟာကတော့ အလုပ်မဖြစ်ဘူးလဲဆိုတာကို အကဲဖြတ်ပြီး ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှု ပြောင်းလဲလာတာနဲ့အမျှ Buyer Persona ကို လိုက်ပြီး ချိန်ညှိနေဖို့ လိုအပ်ပါတယ်။ 

၅။ ဈေးကွက် သုံးသပ်ချက် ကောင်းကောင်း မလုပ်နိုင်ခြင်း 

စျေးကွက်အရွယ်အစား နဲ့ အပြောင်းအလဲတွေကို လက်တွေ့ကျကျ၊ မှန်မှန်ကန်ကန် မဆန်းစစ်တတ်လို့ သုံးသပ်ချက် ကောင်းကောင်းမလုပ်နိုင်တဲ့အခါ ဆုံးရှုံးမှုတွေ နဲ့ အများကြီးကြုံတွေ့ရတတ်ပါတယ်။

ကိုယ်က ဘယ်ဈေးကွက်ကို ရွေးချယ်မလဲ။ ဈေးကွက်ရွေးချယ်တဲ့အခါမှာ ဘာတွေစဥ်းစားရမလဲ။ ဈေးကွက်ထဲမှာ ထင်သာမြင်သာ ဖြစ်နေအောင် တမူးထူးခြားနေအောင် ဘယ်လိုလုပ်နိုင်မလဲ။ ကိုယ့်ရဲ့ ပြိုင်ဘက်တွေနဲ့ ယှဥ်တဲ့အခါ အများနဲ့ကွဲထွက်နေအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ စဥ်းစားနိုင်ရပါမယ်။

၆။ ဘတ်ဂျတ်ကို ဘယ်လို ထိရောက်အောင် သုံးစွဲမလဲ မဆုံးဖြတ်နိုင်ခြင်း 

စျေးကွက်ရှာဖွေရေး ခေါင်းဆောင်အများစုက ငွေကြေးဆိုင်ရာ အတွေ့အကြုံတွေမရှိတဲ့အတွက် မားကတ်တင်းအတွက် ဘတ်ဂျက်ကိုချမှတ်တဲ့နေရာမှာ ထိရောက်အောင် ဘယ်လိုသုံးစွဲမလဲဆိုတာ မဆုံးဖြတ်နိုင်ကြပါဘူး။ မားကတ်တင်းသမားတစ်ယောက်အနေနဲ့ မားကတ်တင်းအတွက် အသုံးစရိတ်ကို ထိရောက်အောင် အသုံးပြုခြင်းက မားကတ်တင်းအလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

ဘယ်နေရာမှာ သုံးစွဲရင်ပိုထိရောက်မလဲဆိုတာ သိဖို့အတွက်၊ မားကက်တင်းသမားတွေဟာ ကိုယ့်လုပ်လိုက်တဲ့ မားကက်တင်းနဲ့ သက်ဆိုင်တဲ့ လုပ်ဆောင်ချက်တွေကို တိုင်းတာတတ်ဖို့လိုသလို၊ တိုင်းတာဖို့အတွက် စနစ်တခုရှိဖို့လဲ လိုပါတယ်။ ဥပမာ။ ။ Facebook မှာ ကြော်ငြာမယ်ဆိုရင် ဘယ် Audience တွေက ထိရောက်၊ ဘယ်လိုပုံသုံးတာ ပိုထိရောက်တယ်။ ဘယ် Objectives နဲ့ သွားတာ ပိုထိရောက်တယ်။စသည်ဖြင့် တိုင်းတာတတ်ဖို့လဲ လိုပါတယ်။ ပြီးရင် ကိုယ့်မားကက်တင်း အသုံးစရိတ်ကို ဘယ်လို ခွဲခြမ်းစိတ်ဖြာ အသုံးပြုမလဲဆိုတာကို ဆုံးဖြတ်နိုင်ရမှာ ဖြစ်ပါတယ်။  

မားကတ်တင်းအတွက် ဘက်ဂျတ်ချမှတ်တဲ့အခါမှာ ကြော်ငြာစရိတ်တစ်ခုတည်းကို တွက်ချက်ရတာမဟုတ်ပဲ မားကတ်တင်းနဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ရတဲ့ လှုပ်ရှားမှု မှန်သမျှရဲ့ ကုန်ကျစရိတ်ကို ထည့်သွင်းစဥ်းစားဖို့လိုအပ်ပါတယ်။ ဥပမာ − မားကတ်တင်းသမားတွေအတွက် လစာတွေ၊ website အတွက်ကုန်ကျစရိတ်တွေ၊ ကြော်ငြာစရိတ်တွေ၊ မားကတ်တင်းအတွက် လိုအပ်တဲ့ software ကုန်ကျစရိတ်တွေ အစသဖြင့် ဒါတွေအကုန်လုံးကို ထည့်တွက်ထားရမှာဖြစ်ပါတယ်။ 

၇။ တခြား ဌာနများရဲ့ ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်း 

အောင်မြင်တဲ့ မားကတ်တင်းပရိုဂရမ်တစ်ခုဖြစ်ဖို့ဆိုရင် လုပ်ငန်းအတွင်းရှိ အဖွဲ့အသီးအသီး၏ ပူးပေါင်းဆောင်ရွက်မှု သည် အလွန်အရေးကြီးပါသည်။ လုပ်ငန်းထဲမှာရှိတဲ့ အရောင်းအဖွဲ့နဲ့ မားကက်တင်း အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ finance team နဲ့ operation team နဲ့ ပူးပေါင်း ဆောင်ရွက်မှု စတဲ့လုပ်ငန်းရဲ့ ဌာနတွေကြား၊ ပြင်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိ မှသာလျှင် လုပ်ငန်းရဲ့ ရည်ရွယ်ချက် နဲ့ လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။ 

ဒီလိုပဲ ကိုယ့်ရဲ့ ဝယ်သူတွေရဲ့စကားသံတွေကို နားထောင်ပြီး ဝယ်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လို့ လိုပါသေးတယ်။ ဝယ်သူပြောတာကို နားထောင်မှ ဘာပိုကောင်းအောင် လုပ်လို့ရမလဲ ဆိုတဲ့ idea ရမှာ ဖြစ်တဲ့အတွက် သူတို့ရဲ့ အကြံဉာဏ်ကိုလည်း ဂရုတစိုက်နားထောင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ သင့်ရဲ့လုပ်ငန်းထဲက team တွေကြားမှာရော၊ ပြင်ပက ဝယ်သူတွေ၊ suppliers တွေနဲ့ရော ပူးပေါင်းဆောင်ရွက်မှု cooperation ရှိနေရဲ့လား ဆိုတာကိုလည်း မပြတ် အကဲခတ်နေဖို့ လိုပါတယ်။ 

လုပ်ငန်းအတွက် မားကတ်တင်းပလန်ကောင်းကောင်းရေးဆွဲတတ်ချင်တယ်၊ စျေးနှုန်းသတ်မှတ်ခြင်းဗျူဟာတွေ ချမှတ်ဖို့လိုအပ်နေတယ်။ ကိုယ် ပစ်မှတ်ထားတဲ့ ၀ယ်သူတွေဆီ ရောက်အောင် မှန်ကန်ထိရောက်တဲ့  မားကတ်တင်းဗျူဟာတွေ ချမှတ်ဖို့ အတွက် ဆိုရင် ကျွန်မတို့ Better Version မှ “Practical Marketing Strategies” အတန်းလေးတက်ရောက်ဖို့ အကြံလေးပေးချင်ပါတယ်။ 

သင်တန်း အပ်ဖို့အတွက် “PMS” လို့ Page Messenger ကနေတဆင့်မက်ဆေ့ပို့လိုက်ပါ။ ကျန်တာကို Better Version က Learner Coordinator များက ဆက်လက်ကူညီပေးပါလိမ့်မယ်နော်။

#betterversion #morethanyouthink #thesalesshark #9DaysProgram

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ