Blog

အရောင်း၊ မားကတ်တင်းသမားတိုင်းသိထားသင့်တဲ့ Call To Action

Website Blog (14)
Customer Service / Sales

အရောင်း၊ မားကတ်တင်းသမားတိုင်းသိထားသင့်တဲ့ Call To Action

အရောင်းသမားတွေ အနေနဲ့ ဝယ်သူနဲ့ sales call သွားတွေ့တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ဖုန်းပြောတဲ့အခါ၊ အီးမေလ်းပို့တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ sales presentation လုပ်တဲ့အခါမှာပဲ ဖြစ်ဖြစ် အောင်မြင်တဲ့အရောင်း တွေ ဖြစ်ချင်ရင် call to action လုပ်တတ်ဖို့ လိုပါတယ်။ Call to action ဆိုတာက သင်ပို့လိုက်တဲ့ အချက်အလက်၊ သင်ပြောလိုက်တဲ့ အကြောင်းအရာကို နားထောင်ပြီး တစ်ဖက်လူကို ဘာလုပ်စေချင်တာလည်း ဆိုတာကို တစ်ခါထဲ ထည့်သွင်း ပြောလိုက်ခြင်းဖြစ်ပါတယ်။ 

ဥပမာ- sale presentation လုပ်တယ်ဆိုပါစို့။ သင့်ကုန်ပစ္စည်းက ဘယ်လိုအရာတွေ နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်၊ feature (ပါဝင်တဲ့အင်္ဂါရပ်) နဲ့ benefit (ဒီ အင်္ဂါရပ်ကြောင့်ရလာမယ့် အကျိုးရလဒ်) တွေက ဘာတွေပါ ဆိုတာကို ပြောပြီးရုံနဲ့ presentation ကို အဆုံးသတ်လိုက်လို့မရပါဘူး။ ဒီလိုသာ အဆုံးသတ်လိုက်မယ်ဆိုရင် ဝယ်သူက သင်ပြောပြတဲ့ အချက်အလက်တွေ အရကုန်ပစ္စည်းကို သဘောကျသွားတဲ့ အနေအထားဆိုရင်တောင် ဝယ်မယ် ဆိုရင် ဘယ်လို လုပ်ရမလဲ။ နောက်တစ်ဆင့်က ဘာလဲဆိုတာကို သေချာ မရှင်းလင်းတဲ့အတွက် အရောင်းရဖို့ ခက်ပါလိမ့်မယ်။ ဒီတော့ သင်က “ဒီအပတ်အတွင်း ငွေအကျေချေမယ်ဆိုရင် ၅% discount  ရမှာမို့ အခုပဲ နာမည် အပြည့်အစုံနဲ့ ဖုန်းနံပါတ်ပေးပြီး စာရင်းသွင်းလိုက်ပါ” ဆိုတာမျိုး ဝယ်မယ်ဆိုရင် ဘာဆက်လုပ်ပါဆိုပြီး call to action ပါ ထည့်ပြောဖို့လိုပါတယ်။ ဒါသည် ဝယ်ဖို့ ဆုံးဖြတ်ချက် အမြန်ချဖို့ကို လှုံ့ဆော်ရာလည်း ရောက်ပါတယ်။ 

ဒီလိုပဲ မက်ဆေ့ပို့တယ်၊ အီးမေလ်းပို့တယ်၊ social media မှာ ကြော်ငြာတယ်၊ content marketing လုပ်တယ် ဆိုလည်း ဝယ်ဖို့ စိတ်ဝင်စားနေပြီဆိုရင်တော့  ဘာဆက်လုပ်ပါ ဆိုတဲ့ call to action မဖြစ်မနေပါဖို့ လိုအပ်ပါတယ်။ 

Call to action အနေနဲ့ ဘယ်လို စကားလုံးတွေကိုရွေးချယ် သုံးလို့ရမလဲ လေ့လာကြည့်ရအောင်။

၁) Register (စာရင်းသွင်းလိုက်ပါ)၊ သင့်ကုန်ပစ္စည်းကို တစ်ခါထဲ အရောင်းရချင်တဲ့အခါ ဒီစကားလုံး သုံးလို့ရပါတယ်။ 

၂) Call (အသေးစိတ် ထပ်မံသိလိုပါက ဒီဖုန်းနံပါတ်ကို ခေါ်ဆိုပါ)၊ သင်ရောင်းတဲ့ ကုန်ပစ္စည်းက နည်းပညာပိုင်းရှုပ်ထွေးလို့ ဝယ်သူတွေ အနေနဲ့ သိချင်တာ များနိုင်တယ်ဆိုရင် ဒီစကားလုံးမျိုး သုံးလို့ရပါတယ်။ 

၃) Click to order now (အော်ဒါမှာမည် ဆိုပါက ဒီလင့်ကို နှိပ်ပါ ဆိုတာမျိုးဖြစ်ပါတယ်)။

၄) Follow (သင်က social media marketing လုပ်တဲ့အခါမျိုးဆိုရင် engagement များဖို့အတွက် ဒီစကားလုံး သုံးလို့ရပါတယ်)

၅) Subscribe (ဒီစကားလုံးကတော့ တစ်ခါထဲ အရောင်းရဖို့ မဟုတ်သေးပါဘူး။ သင့်ရဲ့ website မှာ ရှိတဲ့ contents တွေ blog အသစ်တွေ တင်တဲ့အခါ အလားအလာရှိတဲ့ ဝယ်သူတွေကို သိစေချင်လို့ subscribe လုပ်သွားပါလို့ ပြောသွားတာ ဖြစ်ပါတယ်)

ဒါတွေကတော့ အများဆုံးတွေ့ရလေ့ရှိတဲ့ call to action အနေနဲ့ သုံးထားတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဒီလိုပဲ ဝယ်သူနဲ့ ဖုန်းပြောပြီဆိုလည်း ကုန်ပစ္စည်းအကြောင်း ရှင်းပြပြီးသွားပြီး၊ ဝယ်သူကလည်း ကြိုက်နေပြီဆိုတဲ့အနေအထားမှာ  “အကို/အမ အဆင်ပြေတယ်ဆိုရင် invoice ဘယ်တော့လောက်များပို့ပေးရတော့မလဲ ခင်ဗျာ” ဆိုတာမျိုး ပြောပြီး တစ်ခါထဲ အရောင်းပိတ်နိုင်ဖို့ ကြိုးစားလို့ရပါတယ်။ 

Call to action ဆိုတာသည် အလားအလာရှိတဲ့ ဝယ်သူကို သင့်ရဲ့ ဖောက်သည် ဖြစ်အောင်၊ တစ်ခါထဲ ဝယ်သွားအောင် ပြောင်းလဲနိုင်တဲ့ အချက်ဖြစ်တဲ့အတွက် ကြောင့် အရောင်းသမားတွေ အတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ 

ဒါကြောင့် ထိရောက်တဲ့ call to action စာလုံးတွေကို သင်ရဲ့ ဝယ်သူအနေအထား၊ ကုန်ပစ္စည်းအခြေ အနေပေါ်မူတည်ပြီး ရွေးချယ် အသုံးပြုကြည့်ပါ။ ထိရောက်တဲ့ ရလဒ်တစ်ခု ရလာပါလိမ့်မယ်။ 

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ