Blog

ရောင်းအားတိုးဖို့ သင်သိထားသင့်တဲ့ Buying Center အကြောင်း နဲ့ ချဥ်းကပ်မှု ပုံစံများ

buying center
Uncategorized

ရောင်းအားတိုးဖို့ သင်သိထားသင့်တဲ့ Buying Center အကြောင်း နဲ့ ချဥ်းကပ်မှု ပုံစံများ

လူတစ်ဦးချင်းစီမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုမှာပဲ ဖြစ်ဖြစ် ပစ္စည်းတစ်ခုကို ဝယ်ဖို့ စဉ်းစားဆုံးဖြတ် တဲ့အခါမှာ ပါဝင်လေ့ရှိတဲ့ လူတွေ ရှိပါတယ်။ ဒါကို buying center လို့ခေါ်ပါတယ်။ ဒီတော့ Buying center ဆိုတာ ဝယ်ယူသုံးစွဲတဲ့ ဖြစ်စဉ် တစ်ခုမှာ ပါဝင်တဲ့ သူတွေလို့ ခေါ်  နိုင်ပါတယ်။ ဒါဆို Buying center မှာ ဘယ်သူတွေ ပါသလဲ။ ဘယ်လို လူ အမျိုးအစားတွေ ပါလဲ ဆိုတာကို နားလည် ထားမယ်ဆိုရင် သင့်ကုန်ပစ္စည်းကို စိတ်ဝင်စားတဲ့အဆင့်ကနေ ဝယ်ယူသုံးစွဲတဲ့အဆင့်ထိ ရောက်အောင် ဘယ်သူကို ဘယ်လို ချဉ်းကပ်ရမလဲ ဆိုတာကို နားလည် သွားမယ်။ သူတို့ စိတ်ဝင်စားမှုကို ရဖို့ ဘာတွေ ပြင်ဆင်ဖို့ လိုမလဲဆိုတာကို သိသွားမှာ ဖြစ်ပါတယ်။ 

ဒီတော့ buying center မှာ ဘယ်သူတွေပါလဲ လေ့လာကြည့်ရအောင်။ 

) Users/ initiators (တကယ်သုံးမယ့်လူတွ)

) Influencer (လွှမ်းမိုးမှု လုပ်နိုင်တဲ့လူတွေ)

) Deciders (ဆုံးဖြတ်ချက်ချပေးတဲ့ လူတွေ)

) Purchasers (လက်တွေ့ ဝယ်ယူတဲ့ လူတွေ)

) Gatekeeper (သတင်းအချက်အလက် စီးဆင်းမှုကို ဖြစ်တောက်သူများ)

အဖွဲ့အစည်းတစ်ခုခု ကိုရောင်းတဲ့ အခါ (B2B ဈေးကွက်) မှာ ရော စားသုံးသူ ဈေးကွက် (B2C) မှာပါ 

ဝယ်ဖို့ဆုံးဖြတ်ချက်ချတဲ့အခါ ဒီ ဆင့်ပါလေ့ရှိကြပါတယ်။

B2B ဈေးကွက် အတွက် ဥပမာ တစ်ခု ပြောရရင် ရုံးမှာ အရောင်း အဖွဲ့အတွက် ကွန်ပျူတာ လိုတယ်ဆိုတဲ့အခြေအနေမျိုး ဆိုပါစို့။ ကွန်ပျူတာက စက်က သုံးရတာလေးနေပြီမို့လို့၊ သုံးလို့မရတော့လို့ လိုအပ်ပါတယ်လို့ ပြောလာတဲ့ သုံးစွဲမယ့်သူ users/ initiators က အရောင်းသမားတွေ ဖြစ်ပါမယ်။  ဒါဆိုရင် ဆွေးနွေးကြ၊ တိုင်ပင်ကြတဲ့အခါမှာ မန်နေဂျာ၊ ဒါမှမဟုတ်လည်း နည်းပညာပိုင်း နားလည်တဲ့ ရုံးက လူတွေက ဒါဆိုရင် ဒီ brand ကတော့ အဆင်ပြေမယ်၊ ဒါကိုတော့ သုံးသင့်တယ်လို့ ဝင်ပြောတယ်။ သူတို့က influencer ဖြစ်ပါတယ်။ အားလုံးဆွေးနွေး တိုင်ပင်ပြီးတဲ့အခါမှာတော့ ဒီ brand ကို ဝယ်လိုက်ပါဆိုပြီးတော့ ဆုံးဖြတ်ချက်ချပေးတဲ့လူတွေ ပါလာပါပြီ။ ဒီနေရာမှာ ဆိုရင် များသောအားဖြင့်တော့ ပိုင်ရှင်တွေပါမယ်။ ဒါမှမဟုတ်လည်း ရာထူး အမြင့်ပိုင်းက စီမံ ခန့်ခွဲရတဲ့ အဆင့်ရှိတဲ့ လူ တွေပါတတ်ပါတယ်။ သူတို့က တော့ Deciders ပေါ့။ ပြီးရင်တော့ ရုံးရဲ့ ဝင်ငွေ၊ ထွက်ငွေ၊ အမြတ်ကို စီမံခန့်ခွဲနေရတဲ့ finance department ကလူတွေ၊ Purchasing Department လူတွေက လက်တွေ့ ဆိုင်ကိုသွားဝယ်ရပါပြီ။ သူတို့ကတော့ purchasers တွေ ဖြစ်ပါတယ်။ 

Gatekeeper ဆိုတာကတော့ ဒီအဖွဲ့အစည်းမှာ computer လိုနေကြောင်း ကြားတဲ့အခါ ရောင်းချင်တဲ့သူတွေက sales proposal တွေ ပို့ပေးတာမျိုး ရှိတတ်ပါတယ်။ သူတို့ ကုမ္ပဏီ မှာတော့ ဈေးနှုန်း သင့်တင့်ပြီး၊ အရည်အသွေး ဘယ်လိုကောင်းတဲ့ ပစ္စည်းတွေရှိကြောင်း စသည်ဖြင့် အချက်အလက်တွေကို အီးမေးလ် နဲ့ပို့လိုက်တယ် ဆိုပါစို့။ ရုံးတစ်ရုံးမှာ ဝင်လာသမျှ အီးမေးလ် ကို စီစစ်ရတဲ့ သူတစ်ယောက် ရှိမယ်။ သူက ဒီ အီးမေးလ်ကို မြင်တဲ့အခါမှာ ဒါကြီးက တော့မလိုအပ်ပါဘူး ဆိုပြီး ဖျက်လိုက်တာမျိုး၊ အခြား ဒီ ဆုံးဖြတ်ချက် ရတဲ့ ထဲမှာ မပါတဲ့ သူကို email forward လုပ်လိုက်တာမျိုး လည်း လုပ်နိုင်ပါတယ်။ ဒီလို လူမျိုးတွေကို ကျွန်တော်တို့က gatekeeper လို့ ခေါ်တာဖြစ်ပါတယ်။  Gatekeeper ဆိုတာ ကိုယ့်ရောင်းကုန်နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို ရောက်သင့်တဲ့လူတွေဆီမရောက်အောင် တားဆီးတဲ့ လူတိုင်းလို့ မှတ်ထားနိုင်ပါတယ်။

ဒီ‌တော့ ကျွန်တော်တို့က အဖွဲ့အစည်းတစ်ခုကို ရောင်းဖို့ ကြိုးစားတဲ့အခါမှာ ဒီလူတွေ အားလုံးရဲ့ အခန်းကဏ္ဍ ကအရေးကြီးပါတယ်။ အဖွဲ့အစည်း နဲ့ လုပ်နေတာ ဖြစ်တဲ့အတွက် buying center မှာပါတဲ့သူ အားလုံး သဘောတူညီမှု ရမှ ဝယ်ဖို့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒီတော့ အရောင်း သမား တစ်ယောက်အနေနဲ့  သင်သွားရောင်းမယ့် ကုမ္ပဏီ ရဲ့ buying center မှာ ဘယ်လို လူတွေပါနိုင်မလဲ ဆိုတာကို ကြိုစဉ်းစားဖို့ လိုပါတယ်။ ဒီလူအမျိုးအစားတွေကို နားလည်ထားခြင်းအားဖြင့် သင့် ရဲ့ချဥ်းကပ်ပုံကို ပြင်ဆင်နိုင်လာပါမယ်။ ကျွန်တော်တို့ ဒီအဖွဲ့အစည်းကို computer ရောင်းဖို့ ကြိုးစားပြီဆိုရင် gatekeepers တွေက ဘယ်သူတွေ ဖြစ်မလဲ။ သေချာစုံစမ်းပြီး သင်ပို့လိုက်တဲ့ အချက်အလက် ကို သက်ဆိုင်သူတွေဆီရောက်ဖို့ ကြိုးစားလို့ရသွားတာပေါ့။ နောက်ပြီး sales proposal တင်ပြတဲ့အခါမှာ ဘယ်သူတွေက influencers တွေလည်း၊ ဘယ်သူက decider လည်း၊ ဘယ်သူက purchasers လည်းဆိုတာကို လေ့လာပြီးတော့ အဲ့ဒီလူတွေ ရဲ့ စိတ်ဝင်စားမှုကိုရအောင် ပြောဆိုတင်ပြနိုင်ဖို့ လိုပါတယ်။ 

Finance department ကလူကို sales proposal တင်ပြတဲ့အခါမှာ သူ့အတွက် ဒီ computer မှာ ဘယ်လောက် run ပါပါတယ်။ memory ကတော့ ဘယ်လောက်ပါပြောနေလို့ သူ့စိတ်ဝင်စားမှုကို အပြည့်အဝမရနိုင်ပါဘူး။ payment term နဲ့ပတ်သက်ပြီး ငွေက အရစ်ကျနဲ့ချေလို့ရတယ်၊ တစ်ခါထဲ အပြည့်ချေရင်တော့ ဘယ်လောက် discount ထပ်ရမယ် ဆိုတာမျိုး စသည်ဖြင့် သူ့ရဲ့ စိတ်ဝင်စားမှု၊ သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြောသင့်ပါတယ်။ ဒီလိုပဲ influencer role မှာပါတဲ့ ရုံးက နည်းပညာပိုင်း ကျွမ်းကျင်တဲ့သူနဲ့ပြောရတဲ့အခါ ဒီ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ရှင်းပြတာမျိုးထက် ကွန်ပျူတာရဲ့ နည်းပညာပိုင်း အချက်အလက်တွေ ကို အသားပေးရှင်းပြတာမျိုး ပဲ ဖြစ်သင့်ပါတယ်။ ဒါမှပဲ buying center မှာပါတဲ့လူအားလုံး သင့်ကုန်ပစ္စည်း အပေါ် စိတ်ဝင်စားတယ်ဆိုတဲ့ အဆင့်ကနေ ဝယ်ချင်တဲ့အဆင့်၊ ဝယ်ဖို့ ဆုံးဖြတ်တဲ့ အဆင့်ထိ ရောက်မှာ ဖြစ်ပါတယ်။

ဒါဆိုရင် စားသုံးသူ ဈေးကွက်မှာပါတဲ့ buying center ဥပမာ တစ်ခုကို ကြည့်လိုက်ရအောင်။ 

ကစား စရာအရုပ်ဝယ်တဲ့ ဥပမာ ဆိုပါစို့။ လိုချင်လို့ ပူဆာတဲ့ ကလေးက သုံးစွဲမယ့်သူ users/ initiators ဖြစ်ပါတယ်။ ပြီးရင် ဆွေးမျိုး တွေထဲက နည်းနည်းကြီးတဲ့ကလေးတွေက ဒီ တံဆိပ်ဝယ်ပါလား၊ ဟို တံဆိပ် ဝယ်ပါလား ဆိုပြီး အကြံပေးကြတဲ့ influencer တွေဖြစ်ပါတယ်။ ပြီးရင်တော့ ဝယ်ဖို့ ပိုက်ဆံ ထုတ်ပေးပြီးတော့ သွားဝယ်ပေးတဲ့ သူတွေက မိဘတွေ deciders လည်းဖြစ်တယ်၊ purchasers လည်းဖြစ်ပါတယ်။

ဒီနေရာမှာ ဆိုလည်း buying center မှာပါတဲ့ တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားမှုတွေက မတူတဲ့အတွက် တကယ်ဆုံးဖြတ်ချက်ချတဲ့ မိဘတွေကို ပြောဆို တင်ပြတဲ့အခါ ကလေးအတွက် ဘယ်လောက်ထိ safe ဖြစ်ပြီး၊ အန္တရာယ်မရှိကြောင်း၊ဦးစားပေး ရှင်းပြလို့ရပါတယ်။ တကယ်သုံးစွဲမယ့် ကလေးကို ရှင်းပြတဲ့အခါကြတော့ ဒီ product ကလူကြိုက်များကြောင်း ဘယ်လို function တွေစုံကြောင်း အသားပေးပြီး ရှင်းပြရတာမျိုးက သူ့ရဲ့ စိတ်ဝင်စားမှုကို ပိုရစေပါတယ်။ 

ဒီတော့ သင့်အဖွဲ့အစည်း တစ်ခုခုကို ရောင်းဖို့ ကြိုးစားတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ စားသုံးသူ ဈေးကွက်မှာ အောင်မြင်တဲ့အရောင်းတစ်ခု ဖြစ်ဖို့ ကြိုးစားတဲ့အခါမှာပဲ ဖြစ်ဖြစ် buying center မှာ ဘယ်သူတွေပါနိုင်သလဲ။ တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားမှုကိုရဖို့ ဘယ်လို ပြောဆိုတင်ပြမလဲ ဆိုတာကို ကြိုတင်စဉ်းစားဖို့လိုပါတယ်။ ဒါဆိုရင်တော့ အောင်မြင်တဲ့အရောင်း တွေ ရလာမှာ အသေအချာပါပဲ။ 

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။ 

#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress 

[ သင်ခန်းစာနဲ့ပတ်သက်ပြီး မေးချင်တာများရှိရင် comment ရေးခဲ့ပါ။ ]

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
I got Better offer

အောက်တိုဘာ ၁၅ ရက်နေ့ မတိုင်ခင်ထိ "BVM30" ကုဒ် အသုံးပြုပြီး Special Offer ၃၀% ရယူပါ။