Blog

မိမိကိုယ်ကို စီမံခန့်ခွဲနိုင်မှုဟာအရောင်းသမားတွေအတွက် ဘယ်လောက်ထိ အရေးပါသလဲ

38
Business / Sales

မိမိကိုယ်ကို စီမံခန့်ခွဲနိုင်မှုဟာအရောင်းသမားတွေအတွက် ဘယ်လောက်ထိ အရေးပါသလဲ

အရောင်းသမားတစ်ယောက်အနေနဲ့ sale call တွေသွားနေရတယ်၊ အလားအလာရှိတဲ့ customers တွေနဲ့ သွားတွေ့နေရတယ်၊ ဆိုတော့ အပြင်တွေထွက်နေရတယ်။ ဖုန်းတွေတောက်လျှောက်ခေါ်ရတဲ့ နေ့မျိုးတွေရှိမယ်။ ဒီအခါမှာ ကိုယ့်ရဲ့ အလုပ်တွေ၊ တာဝန်တွေ၊ ချထားတဲ့ target တွေရဖို့ ကိုယ့်ဟာကိုယ် စီမံခန့်ခွဲရတဲ့ အခြေအနေမျိုးတွေ ရှိလာတာပေါ့။

ဒီနေရာမှာတော့ ထိပ်တန်းအရောင်းသမားတစ်ယောက်ဖြစ်ဖို့ လိုတဲ့ အရည်အချင်းထဲမှာပါတဲ့ ကိုယ့်ရဲ့ အချိန်ကို စီမံခန့်ခွဲနိုင်မှု (Time-Management) နဲ့ စိတ်ဖိစီးမှုတွေကို  ကောင်းကောင်း ကျော်လွှားနိုင်မှု (Stress-Management) အကြောင်းကို ဆွေးနွေးပေးချင်ပါတယ်။

Time-Management

 အရောင်းသမားတွေအနေနဲ့ အရောင်းထွက်ရတော့မယ်ဆိုရင် မသွားခင်ထဲက ဒီနေ့တော့ ငါ customer ဘယ်နှယောက်ဆီကို သွားမယ်။ အရင်ဆုံးသွားတွေ့မယ့်သူ နောက်ဆုံး သွားတွေ့မယ့်သူ စသည်ဖြင့် ကြိုတင် plan လုပ်ထားဖို့လိုပါတယ်။ ဘယ်နှယောက်ကိုတော့ ဒီနေ့ပြီးအောင် ဖုန်းခေါ်မယ်။ ဘယ်နှယောက် ကိုတော့ product presentation email ပို့မယ်စသည်ဖြင့် ကိုယ်လုပ်ရမယ့် တာဝန်ကို ကြိုတင် ပြီးတော့ အစီအစဉ် လုပ်ထားသင့်ပါတယ်။ ပြီးရင်တော့ ဒီနေ့တော့ ဒါပြီးအောင် လုပ်မယ်လို့ စဉ်းစား ထားရင်လည်း ပြီးဆုံးအောင် လုပ်ဖို့လိုပါတယ်။ ဒီနေ့တော့ လုပ်ရမယ့် အလုပ်တွေမပြီးခဲ့ဘူး နောက်နေ့ ပြီးအောင်လုပ်မယ်။ နောက်နေ့လည်း နောက်လုပ်ရမယ့် တာဝန်တွေနဲ့ မပြီးပြန်ဘူး။ ဒါဆို အဆင်မပြေပါဘူး။ ကိုယ့်အချိန်နဲ့ အလုပ်ကိုတောင် ကောင်းကောင်းမစီမံခန့်ခွဲနိုင်ရင် သူများကို လည်းစီမံ ခန့်ခွဲပြီး Management level, မန်နေဂျာ level ရောက်ဖို့ ကြာပါလိမ့်မယ်။ ဒါ့ကြောင့်ကိုယ့်အချိန်နဲ့ ကိုယ့်အလုပ်တာဝန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ဖို့ time-management skill ရှိခြင်းက အရောင်းသမားတစ်ယောက် အောင်မြင်ဖို့ အရမ်းအရေးကြီးပါတယ်။

Stress-Management

 ရောင်းသမားတွေ နဲ့အမြဲတွဲရှိနေတာကတော့ အငြင်းခံရခြင်းပါပဲ။ ထင်သလောက်မရောင်းရတဲ့နေ့တွေ ရှိလာတဲ့အခါ သွားရောင်းတဲ့ customer တိုင်း၊ ဖုန်းခေါ်တဲ့ customer တိုင်းက မဝယ်ဘူး ငြင်းခံရတဲ့အခါ စိတ်ဓာတ်တွေကျလာတယ်။ တစ်ခါတစ်လေကျတော့လည်း အရမ်းရစ်တဲ့ customer တွေနဲ့ တွေ့ရတဲ့ အခါ စိတ်ညစ်တာပေါ့။ အဲ့တော့ စိတ်ဖိစီးမှုတွေများလာတယ်။ အရောင်းသမားအနေနဲ့ ဆက်လုပ်လို့မှ ရပါ့မလားလို့ ကိုယ့်ဟာကို သံသယဝင်လာတာမျိုးထိဖြစ်တတ်တယ်။ ဒါတွေက တော်တော်များများကြုံတွေ့ရမှာပါ။ အဲ့ဒီအခါ မျိုးဆို ကိုယ့်ကိုယ်ကို ပြန်လည်နိုးထနိုင်အောင် ဘယ်လို လုပ်ကြမလဲ။  တစ်ခါတစ်လေကြတော့ ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် တွေ၊ အပေါ်က မန်နေဂျာတွေ စသည်ဖြင့် တခြားလူတွေဆီကနေ ဖေးမမှု၊ အားပေးမှုရယူနိုင်ပါတယ်။ 

နောက်တစ်နည်းအနေနဲ့ကတော့ ကိုယ့်ဟာကို ခဏလေး အနားပေးလုပ်လက်စတွေထားပြီး တော့ ကိုယ်ပိုင်အချိန်လေးပေး တွေးကြည့်လိုက်ပါ။ ကိုယ်အရင်ကတောင် ခက်ခဲတဲ့အလုပ်တွေကို လုပ်နိုင်ခဲ့သေးတာပဲပေါ့။ အခုရက်ပိုင်းသာ ငါအငြင်းခံရတာတွေများနေတာပါ ပြီးခဲ့တဲ့နှစ်တုံးကဆို ငါ အကောင်းဆုံး အရောင်းသမားဆုတောင်ရခဲ့ဘူးတာပဲ (ရဘူးခဲ့ရင်ပေါ့ ?​ )ဒါမှ မဟုတ်လဲ ရုံးမှာ အရစ်ဆုံးမို့လို့ ဘယ်အရောင်းသမားနဲ့ မှအဆင်မပြေတဲ့ customer ကငါနဲ့ဆို အဆင်ပြေလို့ အခုဆို ငါ့ ဆီကပဲ အမြဲဝယ်အောင်တောင် ငါကြိုးစားနိုင်ခဲ့သေးတာပဲ စတဲ့ ကိုယ့်ရဲ့ အောင်မြင်ခဲ့ဖူး တဲ့ စာမျက်နှာတွေကို ပြန်စဉ်းစားပြီး ကိုယ့်ကိုယ်ကို ပြန်လည်းနိုးထ ဖို့ Motivation ရဖို့ ကြိုစားကြည့်ဖို့ အကြံပေးချင်ပါတယ်။

အမြဲတမ်း စိတ်ဖိစီး၊ စိတ်ဓာတ်ကျနေရင်တော့ အဆင်မပြေပါဘူး။ စိတ်က မကြည်လင်ရင် လုပ်သမျှအလုပ်အောင်မြင်ဖို့လည်း အခွင့်အရေးနည်းပါတယ်။ 

ဒါ့ကြောင့် ဒီနည်းတွေကိုသုံးပြီး ကြုံလာရတဲ့ စိတ်ဖိစီးမှုတွေကို ကောင်းကောင်း ကျော်လွှားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါမှသာ အရောင်းသမားတစ်ယောက် အနေနဲ့ ရှေ့ဆက်ဖို့ ခွန်အားရမှာပါ။

ကိုယ့်ကိုယ်ကို စီမံခန့်ခွဲနိုင်ပြီး ပိုကောင်းတဲ့ version ဖြစ်ဖို့ လိုတဲ့ အရောင်းပိုင်းဆိုင်ရာ အရည်အချင်းတွေ ဖြည့်ဆည်းချင်တယ်ဆိုရင်တော့ Better Version ရဲ့ Better Sales Mastery Series သင်တန်းတက်လို့ ရပါတယ်။

သင်တန်းအသေးစိတ်ကို သိရှိဖို့ မက်ဆေ့ သို့မဟုတ် ဖုန်း 09 424 638 38 , 09 420 065 267 သို့ဆက်သွယ်နိုင်ပါတယ်။

#Self_Management  

#BetterVersion 

#TimeManagement #StressMangement

#MakeYourProgress

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
Sales Techniques - E book

သင့်ရောင်းအားကို မြှင့်တင်ဖို့ နည်းလမ်းကောင်းတွေပါတဲ့ E-book ကို FREE (အခမဲ့) ရယူပါ။

ကမ္ဘာကျော် ရုပ်ရှင်ကား တစ်ခုဖြစ်တဲ့ “Wolf Of Wall Street” ရဲ့ ပဲ့ကိုင်ရှင် Jorden Belford ရဲ့ အရောင်းပညာရပ်တွေကို ဖတ်ရှုလေ့လာ သင့်လုပ်ငန်းမှာကျင့်သုံးနိုင်ပါတယ်။