၂၀၂၁ မှာ အာရုံစိုက်သင့်တဲ့ ပြောင်းလဲလာမယ့် ၀ယ်ယူမှုပုံစံများ
December 23, 2020 2021-08-19 16:05၂၀၂၁ မှာ အာရုံစိုက်သင့်တဲ့ ပြောင်းလဲလာမယ့် ၀ယ်ယူမှုပုံစံများ

၂၀၂၁ မှာ အာရုံစိုက်သင့်တဲ့ ပြောင်းလဲလာမယ့် ၀ယ်ယူမှုပုံစံများ
၂၀၂၁ မှာ အာရုံစိုက်သင့်တဲ့ ပြောင်းလဲလာမယ့် ၀ယ်ယူမှုပုံစံများ _ အပိုင်း (၁)
အားလုံးသိတဲ့အတိုင်း ၂၀၂၀ က အရောင်းသမားတွေအတွက် တော်တော်အကျပ်ရိုက်စေတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ လက်ရှိနှစ်က ၀ယ်သူတွေရဲ့ ၀ယ်ယူမှုပုံစံတွေကို တော်တော်ကြီး ပြောင်းလဲစေခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၁ မှာရော မိတ်ဆွေတို့ရဲ့ ၀ယ်သူတွေ၊ ဖောက်သည်တွေ ရဲ့ ၀ယ်ယူမှုပုံစံတွေ ဘယ်လိုပြောင်းလဲသွားနိုင်မလဲ ဆိုတာကြိုပြီးတွေးထားနိုင်ဖို့ လိုအပ်ပါတယ်။
အခု ဒီပိုစ်က ပြည်တွင်းက၀ယ်သူဖောက်သည်နဲ့ ဆက်ဆံရတဲ့ အရောင်းသမားတွေအတွက်ရော၊ International က ၀ယ်သူဖောက်သည်နဲ့ ဆက်ဆံရတဲ့ အရောင်းသမားတွေ အတွက်လည်း အများကြီး အကျိုးရှိစေမှာဖြစ်ပါတယ်။
၁) Safety Concerns
အခုလက်ရှိမှာတောင် ၀ယ်သူတွေက ကျန်းမာရေးအတွက် safety concerns ကိုအများကြီးစဥ်းစားလာကြပါတယ်။ သူတို့ ၀ယ်ယူမှုပြုမယ့် ကုန်ပစ္စည်း၊ ၀န်ဆောင်မှုတိုင်းမှာ သူတို့အတွက် safety ဘယ်လောက်ထည့်စဥ်းစားပေးထားလဲ ဆိုတာ သေချာစဥ်းစားလာကြပါပြီ။ ဒါကြောင့် စျေးနှုန်းတစ်ခုတည်းနဲ့ ပြိုင်လို့ရတဲ့ အနေထားမဟုတ်တော့ပါဘူး။
ဥပမာပြောရရင် Grab ကလုပ်ပေးတဲ့ GrabProtect လိုမျိုး Safety ကိုထည့်စဥ်းစားပေးထားတဲ့ Taxi တွေဟာ စျေးပိုကြီးတတ်ပေမယ့် customer တွေက အပြင် Taxi ထက်ကို ပိုပြီး ရွေးချယ်လာတာ မြင်တွေ့ရပါလိမ့်မယ်။ လေကြောင်းလိုင်းတွေလည်း ထိုနည်းတူပဲ Safety နဲ့ ပတ်သတ်ပြီး Exclusive program တွေစလာကြပါပြီ။
ဒါကြောင့် မိတ်ဆွေတို့ရဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုတွေမှာ ကိုယ့်၀ယ်သူတွေအတွက် ဘယ်လို safe ဖြစ်အောင် လုပ်ပေးနိုင်မလဲ။ ဘယ်လို အပိုဆောင်း၀န်ဆောင်မှုမျိုး ပေးမလဲဆိုတာ ကြိုပြီးစဥ်းစားထားရမှာပါ။
၂) Digital Trend
ဒါက နောက်လာမယ့်အနာဂတ်ရဲ့ buying trend လို့တောင်ပြောလို့ရပါတယ်။ အခု ဒီနှစ်အတွင်းမှာဆိုရင် traditional business တွေတောင် online ပေါ်ရောက်လာကြပါပြီ။ Tour services တွေတောင် virtual experiences တွေ ဖြစ်လာကြတဲ့အတွက် မိတ်ဆွေတို့ရဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုတွေကို ခေတ်နဲ့အညီ လိုက်နိုင်ဖို့ ဆိုရင် “Digital trend” ကို ကောင်းကောင်းနားလည်ထားဖို့လိုပါတယ်။
အခုဆိုရင်လည်း လူကြီး၊ လူငယ်အရွယ်မရွေးက စားသောက်ကုန်အပြင် အခြား လူသုံးကုန်ပစ္စည်းတွေကိုပါ online က မှာယူတတ်တဲ့ အလေ့အကျင်နဲ့ ဗဟုသုတတွေ ရှိလာကြပါပြီ။
ဒါကြောင့် လာမယ့်နှစ်တွေမှာ Digital trend တွေကို မျက်ခြေမပျက်လေ့လာနိုင်အောင်လုပ်ပါ။ သင့်ကုန်ပစ္စည်းကိုလည်း ပြောင်းလဲလာတဲ့ trend ပေါ်မှာ ဘယ်လိုရေရှည် ရပ်တည်မလဲဆိုတော သေသေချာချာ စဥ်းစားပြီး မဟာဗျူဟာချမှတ်ပါ။
၃) Demand & Spending Gap
ဒီကာလအတွင်းမှာ တစ်ချို့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုတွေဟာ demand အများကြီးကျသွားတာကို တွေ့ရပါလိမ့်မယ်။ များသောအားဖြင့်ဆိုလည်း အပိုမကုန်သင့်တာ မကုန်အောင် ချွေတာစုဆောင်းလာတဲ့ သူတွေလည်းများလာကြပါတယ်။ Spending power လည်းကျလာတယ်ဆိုတာမျိုးတွေ လည်းတွေ့ရပါတယ်။ ဒါပေမယ့် ဒီလို demand နဲ့ spending gap ကြားမှာ ဟန်ချက်ညီညီနဲ့ ထိန်းထားနိုင်တဲ့ လုပ်ငန်းတွေရှိပါတယ်။
ဥပမာဆိုရင် Luxury ပစ္စည်းတွေ၊ ကားထုတ်တဲ့လုပ်ငန်းတွေဆို အများကြီး demand ကျသွားတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အံသြစရာကောင်းတာက Europe တို့၊ အမေရိကန်တို့မှာ public transportation ကို အသုံးပြုဖို့ထက် ကိုယ်ပိုင်ကားတွေအသုံးပြုမှု ပိုများလာတာကို surveys တွေ တော်တော်များများမှာတွေ့ရပါတယ်။ ကိုယ့်ကားနဲ့ ဆိုရင် ရောဂါကူးနိုင်စွမ်း risk ကို လျော့ချပေးတယ်လို့ တွေးလာကြလို့ဖြစ်ပါတယ်။
ဒါကြောင့် demand နဲ့ spending gap ကို ထိန်းနိုင်ဖို့ ဆိုရင် မိတ်ဆွေတို့ရဲ့ ကုန်ပစ္စည်းမှာ ၀ယ်သူတွေအတွက် ဘယ်လို values မျိုးတွေ ပေးနိုင်လဲ ဆိုတာသေချာစဥ်းစားပြီး မှန်ကန်တဲ့ “Target market” ရောက်အောင် အာရုံစိုက်ရမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ၀ယ်သူတွေကို နားလည်အောင် ကြိုးစားပါ။ အချိန်နဲ့အမျှ သင့်ရဲ့လုပ်ငန်းကို သင့်၀ယ်သူရဲ့ ပြောင်းလဲလာတဲ့ ၀ယ်ယူမှုပုံစံတွေနဲ့ အညီ ဘာပိုကောင်းအောင်လုပ်နိုင်မလဲ စဥ်းစားပါ။ ဒါဆိုရင် လာမယ့် ၂၀၂၁ မှာ ထူးခြားတဲ့ ရလာဒ်ကောင်းတွေ ရလာနိုင်ပါတယ်။
နောက်ထပ် အပိုင်း (၂) မှာလည်း ၀ယ်ယူမှုပုံစံတွေ ဘယ်လိုတွေ ပြောင်းလဲနိုင်ဦးမလဲ ဆိုတာ ဆွေးနွေးပေးဖို့ ရှိလို့ ဖတ်ချင်တယ်ဆိုရင် “Change 2021” လို့ရေးပေးခဲ့နိုင်ပါတယ်။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။