ညှိနှိုင်းမှုတွေမှာအကျိုးအမြတ်ကောင်းတွေရနိုင်ဖို့ လုပ်ဆောင်ရမယ့် အဆင့် (၄)ဆင့်။
July 20, 2021 2022-02-01 15:18ညှိနှိုင်းမှုတွေမှာအကျိုးအမြတ်ကောင်းတွေရနိုင်ဖို့ လုပ်ဆောင်ရမယ့် အဆင့် (၄)ဆင့်။
ညှိနှိုင်းမှုတွေမှာအကျိုးအမြတ်ကောင်းတွေရနိုင်ဖို့ လုပ်ဆောင်ရမယ့် အဆင့် (၄)ဆင့်။
ညှိနှိုင်းမှုတွေမှာအကျိုးအမြတ်ကောင်းတွေရနိုင်ဖို့ လုပ်ဆောင်ရမယ့် အဆင့် (၄)ဆင့်။
လုပ်ငန်းခွင်မှာ ညှိနှိုင်းမှုတွေလုပ်ရတဲ့အခါပဲဖြစ်ဖြစ် တစ်ဦးနဲ့ တစ်ဦး မိတ်ပျက်စရာမလိုဘဲနဲ့ အကျိုးအမြတ်ကောင်းတွေ၊ ရလာဒ်ကောင်းတွေရဖို့ ဆိုရင် မဖြစ်မနေလုပ်ဆောင်ရမယ့် ညှိနှိုင်းမှု အဆင့် (၄)ဆင့်ရှိပါတယ်။
ဒီအဆင့်တိုင်းကိုသာ သေချာသိပြီး နားလည်ထားမယ်၊ လုပ်မယ်ဆိုရင် သင့်အနေနဲ့ ညှိနှိုင်းမှုတိုင်းမှာ မိတ်ပျက်စရာမလိုပဲ လိုချင်တဲ့ရလာဒ်ရအောင် ညှိနှိုင်းနိုင်မှာဖြစ်ပါတယ်။
၁) ကြိုတင်ပြင်ဆင်ခြင်း (Prepare)
ကံကောင်းခြင်းဆိုတာက ကြိုတင်ပြင်ဆင်ခြင်းနဲ့ အခွင့်အလမ်းဆုံသွားတဲ့အခါ ရတဲ့ ရလာဒ်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ညှိနှိုင်းရေးစကားဝိုင်းကို မသွားခင် ဘယ်လိုသတင်းအချက်အလက်၊ Data တွေလိုနိုင်မလဲ၊ ဘယ်အရာက သင့်အတွက် အရေးကြီးဆုံးဖြစ်မလဲ၊ တစ်ဖက်လူနေရာကနေ ဝင်စဉ်းစားကြည့်ပြီး ငါသာသူသာဆိုရင် ဘယ်လိုတုံ့ပြန်မလဲ စသည်ဖြင့် ကြိုတင်စဉ်းစား ပြင်ဆင် ထားဖို့လိုပါတယ်။ ဒါမှသာ အခွင့်အရေးရတဲ့အခါ သင်လိုချင်တဲ့ရလဒ် ကိုရတယ်ဆိုတဲ့ ကံကောင်းခြင်း ဖြစ်ပေါ်လာမှာပါ။
၂) ဆွေးနွေးတဲ့ အဆင့် (Debate / Discuss)
နောက်တစ်ဆင့်အနေနဲ့ ညှိနှိုင်းရေးစကားဝိုင်းမှာ ထိပ်တိုက်ဆွေးနွေးတဲ့ အဆင့် ဖြစ်ပါတယ်။ ဒီအဆင့် မှာဆိုရင် တစ်ဖက်လူဆီက အချက်အလက်များများသိရဖို့ ကြိုးစားဖို့လိုပါတယ်။ တစ်ဖက်လူ ဘယ်ရလဒ်မျိုးလိုချင်နေတာလဲဆိုတာကို သုံးသပ်နိုင်ဖို့ သူပြောတာကို ဂရုတစိုက် နားထောင်ဖို့ လိုသလို မိမိဘက်ကလည်း ထိရောက်တဲ့ မေးခွန်းများများမေးလို့ပါတယ်။ ဒီနေရာမှာ တစ်ဖက်လူကို လှောင်သလိုဖြစ်စေတဲ့၊ အပြစ်တင်သလို ဖြစ်စေတဲ့ အပြောအဆို၊ အပြုအမူ မလုပ်မိဖို့ လည်း သတိထားဖို့ လိုပါတယ်။
၃) အဆိုတင်သွင်းတဲ့အဆင့် (Propose)
တတိယအဆင့်ကတော့ ဖြစ်နိုင်ချေရှိတဲ့ အဆိုတင်သွင်းတဲ့ အဆင့် ဖြစ်ပါတယ်။ ပထမ အဆင့်ဖြစ်တဲ့ prepare အဆင့် မှာလည်း မိမိဘက်ကနေ ဖြစ်လာနိုင်တာကို သေချာပြင်ဆင်ထားမယ်။ ဒုတိယအဆင့် debate မှာလည်း တစ်ဖက်လူရဲ့ လိုချင်တဲ့ရလဒ်က ဘာလဲဆိုတာကို သေချာ သုံးသပ်ပြင်ဆင်ထားမယ်ဆိုရင် ဒီအချက်တွေပေါ်မှာ အခြေခံပြီး win win ဖြစ်တဲ့ အဆို ကို တင်သွင်းနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ မိမိက proposal တင်သွင်းရတဲ့ သူသာဖြစ်မယ်ဆိုရင် မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့ စကားလုံးအသုံးအနှုန်းမျိုး ရွေးချယ်တတ်ဖို့လည်း လိုပါတယ်။
၄) သဘောတူညီမှုရဖို့ အတွက် နောက်ဆုံးကမ်းလှမ်းတဲ့ အဆင့် (Bargain)
အဆိုတင်သွင်းတဲ့ အဆင့်ပြီးရင်တော့ တိကျတဲ့ ဆုံးဖြစ်ချက်နဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုယူတဲ့ bargain အဆင့်ကို ရောက်မှာဖြစ်ပါတယ်။ မိမိဘက်က သေချာစဉ်းစားပြီးတော့ မှန်ကန်တဲ့အချိန် right time မှာ ထိထိရောက်ရောက် အပေးအယူ (Bargain) လုပ်နိုင်မယ်ဆိုရင် နောက်ဆုံး ရလဒ်ကောင်းရနိုင်ပါတယ်။
ဥပမာ – သင့်အခြေအနေပေါ်မူတည်ပြီး သုံးသပ်ချက်က Delivery timing ကအရေးကြီးဆုံးအချက် ဖြစ်နေတယ်ဆိုပါစို့။ ဒုတိယအဆင့် Debate မှာတစ်ဖက်လူ ရဲ့ ပြောပုံဆိုပုံနဲ့ ထိရောက်တဲ့ မေးခွန်းတွေမေးပြီး သိလာတာက သူ့အတွက် ဈေးနှုန်းက အရေးကြီးဆုံး အချက်ဖြစ်နေတယ်။ သူတောင်းနိုင်ချေရှိတဲ့ ဈေးနှုန်းက သင့်အနေနဲ့ သတ်မှတ်ထားတဲ့ ဘောင်ထဲကဖြစ်လို့ ပေးနိုင်တဲ့ အနေအထားလည်းဖြစ်နေတယ်။
ဒါတွေကို သုံးသပ်ပြီးတဲ့နောက် proposal အဆင့်မှာ တကယ်လို့ delivery ကိုသာလိုချင်တဲ့အချိန် ပို့ပေးနိုင်မယ်ဆိုရင် ဒီဈေးပေးဖို့ စဉ်းစားပေးလို့ရပါတယ်ဆိုပြီး အဆိုတင်သွင်းကြည့်လို့ရပါတယ်။
တစ်ဖက်လူ အနေနဲ့ လက်ခံနိုင်တဲ့၊ လုပ်ပေးနိုင်တဲ့အခြေအနေဆိုရင်နောက်တစ်ဆင့် အနေနဲ့
Delivery ကို အော်ဒါတင်ပြီး တစ်ပတ်အတွင်းပို့ပေးမယ်ဆိုရင် ဒီဈေးနှုန်းနဲ့ ရနိုင်မလားဆိုပြီးတော့ တိကျတဲ့ ဆုံးဖြတ်ချက်နဲ့ နှစ်ဦးနှစ်ဖက်သဘောတူညီမှုကို ရနိုင်မှာဖြစ်ပါတယ်။
ဒီလောက်ဆိုရင် ညှိနှိုင်းမှုလုပ်တဲ့အခါ ဖြစ်သန်းရမယ့် အဆင့်တွေအတွက် ဘာတွေ ပြင်ဆင်ထားဖို့လိုမယ်၊ ရလဒ်ကောင်းရဖို့ ဆိုရင် ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကို သိသွား လောက်ပါပြီ။
သင့်အနေနဲ့ ညှိနှိုင်းရေးနဲ့ ပတ်သတ်ပြီး အသေးစိတ်၊ စနစ်တကျလေ့လာချင်တယ်ဆိုရင်တော့ Better Negotiator အတန်းကို တက်ရောက်နိုင်ပါတယ်။
ဒီသင်တန်းက ဘယ်သူတွေတက်သင့်လဲဆိုရင် အသေးစား၊ အလတ်စား ကိုယ်ပိုင်လုပ်ငန်းရှင်တွေ၊ နေစဥ်လုပ်ငန်းခွင်မှာ ညှိနှိုင်းရေးကို မဖြစ်မနေလုပ်နေရတဲ့ မန်နေဂျာတွေနဲ့ ၊ ၀ယ်သူ၊ ဖောက်သည်တွေနဲ့ အဆက်မပြတ် ညှိနှိုင်းနေရတဲ့ လူတွေ အတွက် ဖြစ်ပါတယ်။
ဒီသင်တန်းမှာဆိုရင် ညှိနှိုင်းရေးမှာသိသင့်တဲ့ ဆောင်ရန်ရှောင်ရန်တွေ၊ ရလာဒ်ကောင်းအောင် ဘာတွေပြင်ဆင်ရမလဲ၊ ဈေးနှုန်းနဲ့ ပတ်သက်ပြီးညှိနှိုင်းတဲ့ အခါမှာတဖက်လူကို အသားစီးရနေတယ်လို့ ခံစားရအောင်လုပ်ပြီး ကိုယ်လိုချင်တဲ့ ရလာဒ်ရအောင် ဘယ်လိုဆွဲဆောင်နိုင်မလဲ။ ကိုယ်ဘက်က ပေးတဲ့ ကမ်းလှမ်းချက်ကို တဖက်လူ စိတ်လိုလက်ရ
သဘောတူလာတာမျိုး ဖြစ်အောင် ဘယ်လိုနည်းလမ်းတွေသုံးပြီး ညှိနှိုင်းမလဲဆိုတာမျိုးတွေအပြင် power & personality ပေါ်မူတည်ပြီး အကောင်းဆုံးညှိနှိုင်းနည်းတွေကိုလည်း အသေးစိတ်၊ စနစ်တကျ သင်ကြားရမှာဖြစ်လို့ လုပ်ငန်းခွင်မှာအကောင်းဆုံး လက်တွေအသုံးချပြီး အကျိုးအမြတ်ကောင်းတွေရဖို့ အများကြီးအထောက်အကူပြုပါလိမ့်မယ်။
အကျိုးအမြတ်ကောင်းတွေရတဲ့ ညှိနှိုင်းရေးသမားတစ်ယောက်ဖြစ်ဖို့ စိတ်၀င်စားတယ်ဆိုရင် BNO လို့သာ အခုပဲ မက်ဆေ့ပို့လိုက်ပါ။
#betterverison #morethanyouthink #BetterNegotiator
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။