Blog

အရေးကြီးတဲ့ ညှိနှိုင်းမှု မလုပ်ခင် ဘာတွေပြင်ဆင်ထားသင့်သလဲ။

49
Business / Negotiation

အရေးကြီးတဲ့ ညှိနှိုင်းမှု မလုပ်ခင် ဘာတွေပြင်ဆင်ထားသင့်သလဲ။

အရေးကြီးတဲ့ ညှိနှိုင်းမှု မလုပ်ခင် ဘာတွေပြင်ဆင်ထားသင့်သလဲ။
ညှိနှိုင်းမှုတွေမှာ အကျိုးမြတ်ကောင်းတွေ၊ ရလာဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်ဖို့ ဆိုရင် မညှိနှိုင်းခင်မှာ သင့်ဖက်ကနေ ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီလို ပြင်ဆင်ထားတဲ့အခါမှာသာ ကိုယ်နဲ့ ညှိနှိုင်းမှုလုပ်တဲ့ တစ်ဖက်သူနဲ့ လည်း မိတ်ပျက်စရာမလိုပဲ နှစ်ဦးနှစ်ဖက်လုံး အကျိုးမြတ်ကောင်းတွေရနိုင်မှာဖြစ်ပါတယ်။
ဒါဆိုရင် အရေးကြီးတဲ့ ညှိနှိုင်းမှုတွေမပြုခင်မှာ ဘာတွေပြင်ဆင်ထားရမလဲဆိုတာ သိထားဖို့ အရေးကြီးပါတယ်။

၁။ အချက်အလက်ပြင်ဆင်ပါ။ (Data Collection)
သင့်ညှိနှိုင်းမယ့် ကိစ္စမှာ ဘယ်လိုသတင်းအချက်အလက်၊ Data တွေလိုနိုင်မလဲ စဥ်းစားပြီး ကြိုစုဆောင်းပါ။ Data အပေါ်မှာ ညှိနှိုင်းမှ ပိုပြီး မှန်ကန်တိကျတဲ့ ရလာဒ်ထွက်ပါလိမ့်မယ်။ Data မရှိပဲ သွားပြီး ညှိနှိုင်းတယ်ဆိုရင် စိတ်ခံစားချက်၊ emotion တွေပါလာနိုင်ပြီး ညှိနှိုင်းရေးကို ထိခိုက်စေနိုင်ပါတယ်။

၂။ ညှိနှိုင်းမှုက ဘာအတွက်လဲဆိုတာသိအောင်လုပ်ပါ (Issue, Position and Motivation)
ဒီနေရာမှာ Issue ဆိုတာကတော့ ဘာကိစ္စကိုဆွေးနွေးချင်တာလဲ ရှင်းလင်းဖို့လိုပါတယ်။ နောက်တစ်ခုက Position ပါ။ positions ဆိုတာက သင်နဲ့ ညှိရမယ့် တစ်ဖက်လူက ဘာလိုချင်တာလဲ သိနေဖို့လိုပါတယ်။ နောက်ဆုံးကတော့ motivation ပါ။ ဒီ တကယ်လိုချင်တဲ့ positions မှာ ဘယ်လို motivation တွေရှိနေလဲ သိဖို့ လို့ပါတယ်။

၃။ ညှိနှိုင်းနိုင်တဲ့ ဖြစ်နိုင်ချေတွေ ကြိုစဥ်းစားပါ။ (Tradables Items)
ညှိနှိုင်းမှုမှာ တစ်ခုတည်းကို ဦးတည်ပြီးစဥ်းစားလို့မရပါဘူး။ အခြားအလဲအလှယ်လုပ်နိုင်မယ့် အမျိုးအစား Tradable items တွေစဥ်းစားဖို့လိုပါတယ်။ ပြီးရင် ဘယ်အရာက သင့်အတွက် အရေးကြီးဆုံးဖြစ်မလဲ ဆိုတာ ပြင်ထားလို့ရပါတယ်။ ဥပမာ ငွေကြေးမှာအရမ်းတင်းမာနေပြီ ဆိုရင် အချိန်နဲ့ ပြောင်းပြီး ညှိတာမျိုး ဒီလိုအရာတွေကြိုစဥ်းစားပါ။

၄။ စိတ်ခံစားချက် အတွက်ပြင်ဆင်ပါ။ (Emotions)
ဒီ ညှိနှိုင်းမှုလုပ်နေတဲ့ အချိန်အတွင်းမှာ၊ သင်ဘယ်လိုစိတ်ခံစားချက်တွေ ခံစားလာနိုင်မလဲ။ တစ်ဖက်လူကရော သင့်ရဲ့ စိတ်ခံစားချက်ကို အသုံးချပြီး ပရိယာယ်တွေသုံးနိုင်လဲ ကြိုစဥ်းစားပါ။ ဒီ ခံစားချက်တွေကို စဥ်းစားပြီးတဲ့အခါ ညှိနှိုင်းနေတဲ့ အချိန်အတွင်း ဒီခံစားချက်တွေမဖြစ်လာအောင်၊ ဖြစ်ခဲ့ရင်တော့ တတ်နိုင်သမျှ ထိန်းနိုင်မယ့် နည်းလမ်းတွေကြိုပြီး ပြင်ဆင်ထားနိုင်ပါတယ်။

၅။ တစ်ဖက်လူကို ခန့်မှန်းနိုင်ဖို့ ပြင်ဆင်ပါ။ (Anticipation)
တစ်ဖက်လူကို ခန့်မှန်းတယ်ဆိုတာ အလုံးစုံမမှန်နိုင်ပါဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံး ငါသာသူနေရာမှာဆိုရင် ဘယ်လိုတုံ့ပြန်မှုမျိုး လုပ်နိုင်လဲ။ ဘယ်လို အဖြေမျိုး ဖြစ်နိုင်လဲ ကြိုပြီးစဥ်းစားထားလို့ရပါတယ်။ ခန့်မှန်းနိုင်ဖို့ ဆိုရင် သင့်နဲ့ ညှိနှိုင်းမယ့် တစ်ဖက်လူရဲ့ ရာထူး၊ တန်ဖိုးထားမှု အစရှိတာတွေ အသေးစိတ်လေ့လာပြီး ပြင်ဆင်ထားလို့ရပါတယ်။

မညှိနှိုင်းခင်မှာ ဒါတွေ သေချာလုပ်ကြည့်မယ်ဆိုရင် နှစ်ဦး၊ နှစ်ဖက်လုံးအတွက် အကျိုးမြတ်ကောင်းတွေ ရလာနိုင်ပြီး ရေရှည် ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ညှိနှိုင်းရေးဆိုတာ စီးပွားရေးတစ်ခုတည်းအတွက်မဟုတ်ပါဘူး။ နေ့စဥ်ဘ၀၊ မိသားစုဘ၀၊ ချစ်သူ ခင်သူများနဲ့ကြားမှာလည်း ကောင်းကောင်းညှိတတ်မယ်ဆိုရင် ပြဿနာတွေနည်းသွားပြီး အကျိုးများလာမှာပါ။

ညှိနှိုင်းရေးနဲ့ ပတ်သတ်ပြီးအသေးစိတ်လေ့လာချင်တယ်ဆိုရင် Better Version ကဖွင့်တဲ့ Better Negotiator အတန်းကို တက်ရောက်နိုင်ပါတယ်။ သင်တန်းတက်ဖို့ စိတ်၀င်စားရင် BNO လို့သာမက်ဆေ့ပို့လိုက်ပါ။
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ